ကလေးတွေရဲ့ အရပ်ကို ရှည်လာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်းများ……….

ကလေးတွေရဲ့ အရပ်ကို ရှည်လာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်းများ  မိဘတွေအနေနဲ့ မိမိကလေးရဲ့ ဖွံ့ဖြိုးမူတွေမှာ ဘက်စုံထူးချွန်စေချင်ကြပါတယ် ။ ဖွံ့ဖြိုးမူတွေအတွက် ကလေးတွေ ငယ်စဉ်မှာ သေချာစနစ်တကျ ပြုစုရင်တော့ပိုပြီး ရလဒ်ကောင်းတွေထွက်ပါတယ် ။ ဉာဏ်ရည် ဖွံ့ြဖိုးမူနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဆေးဝါးတွေအပြင် လေ့ကျင့်ခန်းတွေလည်းပြုလုပ်ရင်တော့ ပိုပြီးထိရောက်မူရှိပါတယ် ။ ဒီနေ့မှာတော့ သားသားမီးမီးလေးတွေ အရပ်ရှည်စေမယ့် လေ့ကျင့်ခန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင် ။ (

Read More
Leave a comment

အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ……..

အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ မုန်လာဥဖြူ မုန်လာဥဖြူကလည်း လေထိုးလေအောင့်၊ အစာအိမ်နာတာတွေ ဖြစ်စေနိုင်တာမို့လို့ အစာအိမ်ရှိတဲ့သူတွေ အနေနဲ့ ရှောင်ရှားသင့်ပါတယ် ။ ပိန်းဥ ပိန်းဥကို တော်တော်များများက ချက်စား ၊ ကြော်စားရတာနှစ်သက်ပါတယ် ။ တကယ်လည်းစားကောင်းပြီးလူကြိုက်များလှပါတယ် ။ ဒါပေမယ့် ပိန်းဥကလည်း အစာအိမ်ရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားစာထဲမှာပါဝင်ပါတယ် ။ ပိန္နဲသီး ပိန္နဲသီးက လူတွေကို

Read More
Leave a comment

ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ???🫗🥛

ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ??? နေ့တိုင်းသောက်နေရတဲ့ ရေကသင့်ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ် ။  သောက်သုံးတဲ့ရေပမာဏက အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေတွေလို အချက်တွေအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က အချက်ပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်

Read More
Leave a comment

World Hepatitis Day

ဇူလိုင်လ ၂၈ရက်နေ့ဟာ ကမ္ဘာအသည်းရောင်အသားဝါရောဂါနေ့ဘဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါဟာ အဖြစ်များတတ်တဲ့ရောဂါဖြစ်ပေမယ့် လူအတော်များက သတိမထားမိကြတဲ့ ရောဂါမျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များဆုံးသော အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးကတော့ Hepatitis A, B, C & E တို့ပဲဖြစ်ပါတယ် Hepatitis A နှင့် E ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ Hepatitis A

Read More
Leave a comment

နွေရာသီအတွက် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများ…….

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့ဆိုတာ အလွန် အရေးကြီးလှပါတယ်နော်…. ရေဓာတ်ပမာဏ လုံလောက်မှု မရှိခဲ့ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်မယ်၊အသားအရေတွေ ခြောက်သွေ့မယ်၊ကြွက်တက်ခြင်း သွေးပေါင်ကျခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။ အထူးသဖြင့်နွေရာသီမှာ ပူပြင်းတာကြောင့် ချွေးထွက်များပြီး တခြားအချိန်တွေထက် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ကို သတိလေးပေးချင်ပါတယ်… ရေသောက်တာအပြင် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်…. နွေရာသီမှာ

Read More
Leave a comment

ညစာ မစားရင် ဘာတွေဖြစ်လာနိုင်လဲ………

ယနေ့ခေတ်မှာ လူတော်တော်များများက ပိန်အောင်၊ဗိုက်ချပ်အောင်စသည်ဖြင့် ညစာတွေဖြတ်ကျတယ်၊ အစားတွေရှောင်ကြတယ်ပေါ့နော်။ ခဏတဖြုတ်လေး ညစာရှောင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျနိုင်ပေမယ့် ရေရှည်ဆိုရင်တော့ကောင်းကျိုးတွေလည်းရှိနိုင်သလိုနောက်ကွယ််မှာ ကျန်းမာရေးအတွက်သင်မသိသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိပါသေးတယ်။ ဒါဆိုညစာဖြတ်ရင် ဘာတွေဖြစ်လာနိုင်လဲ? သွေးတွင်း သကြားဓါတ်တွေ ကမောက်ကမဖြစ်တာ… အစားအသောက်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းပြီး အချို့ဆီးချိုဝေဒနာရှင်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေဖြစ်စေတတ်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကိုနှေးသွားစေတာ.. ညစာဖြတ်တာ အစောပိုင်းမှာ ဝိတ်ကျတယ်ဆိုပေမယ့် ရေရှည်သွားရင်တော့ ဝိတ်ကဆက်မကျတဲ့အပြင်နည်းနည်းလေးစားရုံနဲ့

Read More
Leave a comment

အစာစားပြီး မအီမသာ ဖြစ်လာပြီဆိုရင်…….

အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း အစားအစာကို စနစ်တကျ စားသုံးရင် အစာထဲက အာဟာရဓာတ်တွေ အပြည့်အဝရပြီး ကျန်းမာရေးနဲ့ညီညွတ်မှာ အမှန်ပါပဲ။ ဒါပေမယ့် အစားအစာတွေကို သေချာမကိုင်တွယ်တဲ့အခါ ခန္တာကိုယ်အတွက် အန္တရာယ်ဖြစ်နိုင်တာကိုလည်း သတိထားရပါမယ်နော် အစားအစာ မသန့်ရှင်းတဲ့အခါ – ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် ၊ ကပ်ပါးကောင် ၊မှိုပိုး စတာတွေက အစားအစာမှာ ကပ်တွယ်နိုင်ပါတယ်။

Read More
Leave a comment

ခေါင်းမူးမူးနေတာ ဘာကြောင့်လဲ……..

“ဆရာရေ ကျွန်တော် ခေါင်းတွေ ခဏခဏ မူးမူးနေတာ အားမရှိလို့လား မသိဘူး ” “ဆရာမရေ ကျွန်မ ဘာဖြစ်တာလဲ မသိဘူး လူကချာချာလည်နေသလိုကြီး ခံစားနေရတယ် ” ဆိုပြီး အမေးများတဲ့ လူတိုင်းလိုလို ဆေးခန်းပြဖူးကြတဲ့ ဝေဒနာတစ်ခုကတော့ ခေါင်းမူးတာပါပဲ တကယ်တော့ ခေါင်းမူးတယ် ဆိုတာ လက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ ရောဂါ၊အကြောင်းရင်း တစ်ခုခုရှိနေနိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေကလည်း

Read More
Leave a comment

ပိုးသတ်ဆေးယဉ်ပါးမှုတွေ မဖြစ်စေဖို့……

အရင်တုန်းက ဘက်တီးရီးယားပိုးဝင်တာကြောင့် ရောဂါဖြစ်ရင် ကုသဖို ဆေးဝါးမရှိတဲ့အတွက် သေဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။ ပိုးသတ်ဆေးပေါ်လာတဲ့အခါမှာတော့ ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်ခဲ့ပြီး သေဆုံးနှုန်းတွေကိုလည်း လျော့ချနိုင်ခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ လူတွေရဲ့ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲမှု၊ မလိုအပ်ဘဲ အများအပြားသုံးစွဲမှုတွေကြောင့် ပိုးသတ်ဆေးယဉ်ပါးမှုဆိုတာ ဖြစ်လာရပါပြီ။ ပိုးသတ်ဆေးယဉ်ပါးမှူဆိုတာ… ပိုးသတ်ဆေးတွေကို သောက်ဖိုမလိုအပ်ဘဲ အလွယ်တကူသုံးစွဲမှု၊ မှားယွင်းသုံးစွဲမှု တွေကြောင့် ပိုးသတ်ဆေးအာနိသင်လျော့နည်းပြီး ပိုးတွေကို မထိန်းချုပ်နိုင်၊

Read More
Leave a comment

အူလမ်းကြောင်းဆိုင်ရာရောင်ရမ်းခြင်းဆိုတာဘာလဲ?

Crohn’s disease ဆိုတာ အူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းခြင်းရောဂါ တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိ အတိအကျ မသိကြရသေးပါဘူး။ ခုခံအားဖောက်လွဲဖောက်ပြန်ဖြစ်တာ ၊ မျိုးရိုးဗီဇ စတာတွေကြောင့် ဖြစ်တယ်လို့တော့ ယူဆထားကြပါတယ်။ အသက်ငယ်တဲ့အရွယ်၊ မိသားစုမျိုးရိုးမှာ Crohn’s disease ရှိသူ ၊ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတတ်ပါတယ်။ Crohn’s disease ဆိုတာ ဘယ်လို

Read More
Leave a comment

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၃ ရက်) သည် ကုလသမဂ္ဂမှ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည်။ ၎င်းကို ကမ္ဘာတစ်ဝှမ်းတွင် အမျိုးမျိုးသော အောင်မြင်မှုအတိုင်းအတာများဖြင့် ကျင်းပခဲ့သည်။ အဆိုပါနေ့အား ဂုဏ်ပြုသည့်အနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် သုခချမ်းသာများအတွက် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့်

Read More
Leave a comment

World AIDS Day- “Rock the Ribbon.”

HIVဆိုတာ ဘာလဲ? AIDSဆိုတာ ဘာလဲ? HIV(Human Immundeficiency Virus)သည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ AIDS( Acquired Immune Deficiency Syndrome)သည် HIVရောဂါပိုးကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာ ရောဂါကူးစက်နိုင်ပါသလဲ? ➢ ရောဂါပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ် ဆေးထိုးပြွန်များအတူတူသုံးမိခြင်း ➢ ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း ➢

Read More
Leave a comment

World Prematurity Day

အားလုံးပဲ မင်္ဂလာပါ နို၀င်ဘာ 17 ရက်နေ့က World Prematurity Day နေ့ ဖြစ်သည့်တဲ့ အတွက်ကြောင့် World Prematurity Day နှင့် ကလေးငယ်လေးများစောမွေးဖွားခြင်းအကြောင်း ပတ်သက်၍ မျှ‌ဝေပေးချင်ပါတယ် ။ What is World Prematurity Day? World Prematurity Day ဆိုသည်မှာ မွေးဖွားရန် အရွယ်မတိုင်မီ

Read More
Leave a comment

ဆီးချို၊ သွေးချိုရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ ………..

November 14th , 2022 ရက်နေ့က “World Diabetes Day” ဖြစ်တဲ့အတွက်ကြောင့် ဆီးချို၊သွေးချိုရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်တွင်းသွေးထဲမှာသကြားဓါတ်(ခေါ်)အချိုဓါတ်များပြားလာခြင်း၊အင်ဆူလင်ဟော်မုန်းမထုတ်နိုင်ခြင်း၊ ထုတ်နိုင်သော်လည်းကောင်းမွန်စွာအလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ? သာမာန်အားဖြင့်ဆီးချိုရောဂါအမျိုးအစား(၃)မျိုးရှိပါတယ်။ ၁။ အမျိုးအစား(၁) ဆီးချိုရောဂါ – ပန်ကရိယာဂလင်းမှ အင်ဆူလင်ဟော်မုန်း လုံး၀မထုတ်သောကြောင့် ဖြစ်တဲ့ Typeအမျိုးအစားဖြစ်ပါတယ်။ – အမျိုးအစား(၁)

Read More
Leave a comment

အဆုတ်ရောင်ရောဂါ (Pneumonia)

အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်တစ်ခြမ်း (သို့) နှစ်ဖက်လုံးမှာရှိတဲ့ တစ်ရှူးများ ယောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့်အဆုတ်ရောင်ရောဂါက ဘတ်တီးရီးယားပိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဗိုင်းရပ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ကိုဗစ်ဗိုင်းရပ်ပိုးဖြစ်ပါတယ်) အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ၂၄ နာရီ (သို့) ၄၈ အတွင်းမှာ ပြသနိုင်ပေမယ့် ၎င်းလက္ခဏာများဟာ ရက်အနည်းငယ်ကြာလာတာနဲ့အမျှတဖြည်းဖြည်း ဆိုးရွားလာနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါရဲ့ ယေဘုယျလက္ခဏာများက – ချောင်းဆိုးခြင်း –

Read More
Leave a comment

❝အမျိုးသမီး ကျန်းမာရေးနှင့် အဖြူဆင်းခြင်း❞

အမျိုးသမီးမိန်းမကိုယ်ကနေ အဖြူဆင်းတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါပဲ။ အဖြူဆင်းခြင်းက အသက်အရွယ်နဲ့ ရာသီစက်ဝန်းပေါ် မူတည်ပြီး အရောင်၊ အသွေးအသား၊ ပမာဏ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေ အဖြူရောင်မဟုတ်တဲ့ အရည်တွေဆင်းတဲ့အခါမှာ ရောဂါတစ်ခုခု ခံစားနေရပြီလားဆိုပြီး ဒွိဟဖြစ်တတ်ပါတယ်။ ဒီတော့ မိန်းမကိုယ်မှာ အရည်တွေဆင်းနေပြီဆိုရင် သာမန်ကိစ္စရပ်လား ရောဂါပိုးမွှားကြောင့်လား ဆိုတာ အရောင်၊ အနံ့နံခြင်းနဲ့ အပြစ်အကျဲပမာဏကို ကြည့်ပြီး ကျန်းမာရေးဆန်းစစ်ကြည့်နိုင်ပါတယ်။ ရိုးရိုး

Read More
Leave a comment

အရိုးပွရောဂါဆိုတာ ဘာလဲ?

အရိုးတွေ အားနည်းလာပြီး ကျိုးလွယ် ကြေလွယ်ဖြစ်လာခြင်းကိုအရိုးပွရောဂါလို့ခေါ်ပါတယ်…. အရိုးပွရောဂါကို တစုံတခုကြောင့် အရိုးကျိုးသွားတဲ့အခါမှသာ ရောဂါရှာဖွေတွေ့ရှိတတ်သော်လည်း သက်ကြီးပိုင်းတွေမှာ ကျောရိုးက အရိုးလေးတွေ ကျိုးသွားတာကြောင့် ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ ခါးကုန်းလာခြင်းမျိုးမှာလဲ တွေ့ရှိရတတ်ပါတယ် အရိုးပွ ရောဂါကို အရိုးအားဆေးတွေသောက်သုံးခြင်းဖြင့် ကုသနိုင်ပါတယ် အမျိုးသမီးများမှာ သွေးဆုံးပြီးနောက်ပိုင်း အရိုးလေးတွေ အားနည်းလာတတ်သောကြောင့် အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ် တခြား ဘယ်လိုအချက်တွေကြောင့်

Read More
Leave a comment

တကျော့ပြန်ခေါင်းထောင်လာတဲ့ BA 5 🦠

ခုကာလတွေအတွင်းမှာ တော်တော်များများပြန်ဖျားလာကြတာကို သထိထားမိကြလား?  နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတဲ့ လက္ခဏာတွေနဲ့အတူ တောက်လျှောက် လူတွေကို စိတ်ဒုက္ခပေးလာတဲ့ ကိုဗစ်ရဲ့ နောက်မျိုးကွဲတစ်ခုဖြစ်တဲ့ BA4, BA5 ဆိုတာကလည်း တကျော့ပြန်လာခဲ့ပါပြီ…. ဒါကြောင့် တကျော့ပြန်လာတဲ့ ရန်သူအကြောင်းကို ဘယ်လိုကာကွယ်ကြမလဲ? ဖြစ်လာရင်ရောဘာတွေလုပ်ရမလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးပါ့မယ့်နော် BA 5 ဆိုတာဘာလဲ  BA5 ဆိုတာ ကိုဗစ်ရောဂါပိုး မျိုးစိတ်တစ်ခုပါပဲ

Read More
Leave a comment

အခြေခံရှေ့ဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှုများသိကောင်းစရာ

ယခုလိုအချိန်မျိုးတွင် အသေးစား မတော်တဆများနှင့် ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ကိရိယာထားရှိရန် လိုအပ်ပါသည်။ First aid kit ကို ကလေးများ နှင့်လက်လှမ်းမမှီသော၊ အေး၍ခြောက်သွေ့သော နေရာတွင်ထားရှိ သင့်ပါသည်။ တစ်ချို့သောသူများ သည်အရေးပေါ် အခြေအနေများအတွက် ကားပေါ်တွင်ထားရှိတက်ကြပါသည်။ အခြေခံရှေ့ဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာတွင်ထားရှိရမည့်ပစ္စည်းများမှာ – – အရွယ်အစားစုံ ပုံစံစုံရှိသော ပလပ်စတာ

Read More
Leave a comment

မိုးရာသီမှာ အအေးမိ ၊ ‌နှာစေး၊ ချောင်းဆိုးတဲ့အခါ……

ခုလို မိုးရာသီမှာ ရာသီဥတုက စိုထိုင်းနေတော့ virus တွေ bacteriaတွေ ပေါက်ပွားမှုနှုန်းပိုများပါတယ်။ Seasonal flu လို့ခေါ်တဲ့virusကြောင့်ဖြစ်တဲ့ရာသီတုပ်ကွေးကတော့အဖြစ်အများဆုံးပါ။ တုပ်ကွေးရောဂါသည်လူကြီးလူငယ်မရွေးဖြစ်တတ်ပါတယ်။ ရောဂါရှိသူ၏ချောင်းဆိုးခြင်း,နှာချေခြင်းတို့မှတဆင့်ထွက်လာတဲ့အမှုန်လေးများမှတဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -ခေါင်းကိုက်ခြင်း -ဖျားခြင်း -ကိုယ်လက်ကိုက်ခဲခြင်း -နှာစေးနှာမွှန်ဖြစ်ခြင်း -ချောင်းဆိုးခြင်း -လည်ချောင်းနာခြင်း -ကြွက်သားများနာကျင်ခြင်း -နုန်းခြင်း တို့ဖြစ်ပါတယ်။ ကုသဖို့ကတော့virusကြောင့်ဖြစ်တာဆိုတော့ကိုယ်ခံအားစနစ်ကိုပဲအားကိုးရပါမယ်။ -အာဟာရရှိတဲ့အစားအစာတွေစားသုံးခြင်း -အိပ်ရေးဝဝအိပ်ခြင်း, -ရေများများသောက်ခြင်း -vitamin C ပါတဲ့အသီးအနှံများစားသုံးပေးခြင်း

Read More
Leave a comment

ချွေးနံ့ဆိုးထွက်ခြင်းကိုလျှော့ချစေနိုင်မည့် နည်းလမ်းများ

-တကိုယ်ရေသန့်ရှင်းအောင်နေပါ -ဘက်တီးရီးယားပိုးမွှားများကိုဖယ်ရှားပေးမည့် ဆပ်ပြာမျိုးကိုရွေးသုံးပါ -ရေချိုးပြီးတိုင်း ခြောက်သွေ့အောင် ပြန်သုတ်ပါ -အဝတ်အစားကိုသန့်ရှင်းအောင်ထားပါ -ချွေးနံ့ဆိုးထွက်ခြင်းကို သက်သာစေမည့် Roll On သို့ Spray သုံးပါ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆီးချို၊ သွေးချိုရောဂါ သိကောင်းစရာ အဖြာဖြာ…

နှစ်စဉ် November 14th ရက်နေ့သည် “World Diabetes Day” (ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့) ဖြစ်ပါတယ်။ ယခုလို နည်းပညာများ အလွန်တိုးတက်လာသော ခေတ်ကြီးတွင် ယခင်ကလို ကျန်းမာရေးနှင့် မသင့်တော်တဲ့အစားအစာများ၊ ဇိမ်ခံပစ္စည်းများအလွန်များပြားလာပြီး အဝလွန်လာသော လူဦးရေများမှာလည်း အဆများစွာတိုးတက်လာပါတယ်။ ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာသော စိုးရိမ်စရာရောဂါများမှ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် ဆီးချို၊ သွေးချိုရောဂါနဲ့ ပတ်သက်ပြီး

Read More
Leave a comment

အဆုတ်ရောင်ရောဂါကို ကာကွယ်ရန်လုပ်ဆောင်သင့်သည်များ

အဆုတ်ရောင်ရောဂါ (Pneumonia) ဆိုတာဘာလဲ? အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်တစ်ခြမ်း (သို့) နှစ်ဖက်လုံးမှာရှိတဲ့ တစ်ရှူးများ ယောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့်အဆုတ်ရောင်ရောဂါက ဘတ်တီးရီးယားပိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဗိုင်းရပ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ကိုဗစ်ဗိုင်းရပ်ပိုးဖြစ်ပါတယ်) အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ၂၄ နာရီ (သို့) ၄၈ နာရီအတွင်းမှာ ပြသနိုင်ပေမယ့် ၎င်းလက္ခဏာများဟာ ရက်အနည်းငယ်ကြာလာတာနဲ့အမျှတဖြည်းဖြည်း ဆိုးရွားလာနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါရဲ့ ယေဘုယျလက္ခဏာများက…

Read More
Leave a comment

Covid မျိုးကွဲအသစ် Omicron အကြောင်း…

နိုဝင်ဘာ ၂၄ရက် ၂၀၂၁ မှာ WHO က Covid 19 မျိုးကွဲအသစ် Omicron virus ကို တောင်အာဖရိကမှာ စတင်တွေ့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အိုမီခရွန် B.1.1.529 ဗီဇကွဲဟာ Spike protein mutation သန္ဓေကွဲ (၃၂) နေရာတောင်ရှိတဲ့အတွက် ကာကွယ်ဆေးကြောင့်ရထားတဲ့ ကိုယ်ခံအားကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားသွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ကာကွယ်ဆေးဆိုတာကလည်း

Read More
Leave a comment

ခုခံအားကျဆင်း ရောဂါ (HIV ပိုး) ဟာ ဘယ်လိုကူးစက်နိုင်ပါသလဲ?

End Inequalities. End AIDS. End Pandemics! နှစ်စဉ် December 1st ရက်နေ့သည် ကမ္ဘာ့ AIDS ရောဂါကာကွယ်ရေးနေ့ “World AIDS Day” ဖြစ်ပါသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS နဲ့ပတ်သက်ပြီးသိမှတ်စရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ HIV ဆိုတာ ဘာလဲ?AIDS ဆိုတာ ဘာလဲ? HIV (Human Immundeficiency Virus)

Read More
Leave a comment

ကိုဗစ်ရောဂါ ခံစားပြီးသူများ သိကောင်းစရာ…

Protein Rich Diet is Very Important for Post Covid Recovery Covid -19 ရောဂါခံစားပြီးသူတိုင်း၏ ကိုယ်ခန္ဓာသည် ပြင်းထန်ဆိုးရွားသော ကိုဗစ် ဗိုင်းရပ်စ် (Covid Virus) တိုက်ခိုက်မှုဒဏ်ကို ခံစားရသဖြင့် ကိုယ်ခန္ဓာအတွင်း ဆဲလ်များ ပျက်စီးယိုယွင်းသွားပါသည်။ ဆဲလ်များ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ရှူးများ စတင်ရောင်ရမ်းမှု ဖြစ်ပေါ်လာပါသည်။

Read More
Leave a comment

သက်ရှည်ကျန်းမာ အဆုတ်ကျန်းမာရေး (၇)ဖြာ…

အားလုံးပဲ မင်္ဂလာပါရှင့်… နှာခေါင်းမှရှူသွင်း၍ ဝင်လာသော အောက်ဆီဂျင်ကို အဆုတ်က လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ဖြန့်ဝေပေးသောတာဝန်ကို ၂၄ နာရီပတ်လုံး အဆုတ်ကလုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် အဆုတ်သည် အသက်ရှူလမ်းကြောင်းစနစ်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သလို  ခန္ဓာကိုယ်ကြီးတစ်ခုလုံးအတွက်  မရှိမဖြစ်အင်္ဂါလဲဖြစ်ပါတယ်။ သက်ရှိလူသားတစ်ယောက်သည် ရက်သတ္တပတ်အတန်ကြာ အစာမစားဘဲ ရက်အနည်းငယ်ကြာ ရေမသောက်ဘဲအသက်ရှင်နေနိုင်သော်လည်း အောက်ဆီဂျင် ပြတ်လပ်သွားပါက အသက်ဆုံးရှုံးနိုင်ပါသည်။ အဆုတ်ကျန်းမာရေးကောင်းမွန်စေဖို့ အဓိကစားသုံးပေးသင့်တဲ့အစားအစာကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့

Read More
Leave a comment

အရိုးပွရောဂါအကြောင်း သိကောင်းစရာ…

နှစ်စဉ် October 20 ရက်နေ့ဟာ အရိုးပွရောဂါကာကွယ်ရေး (“World Osteoporosis Day”) နေ့ဖြစ်ပါတယ်။  World Osteoporosis Day ကိုဂုဏ်ပြုတဲ့အနေနဲ့ လူတိုင်းသိထားသင့်သော အရိုးပွရောဂါနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို မျှဝေပေးချင်ပါတယ်။ အရိုးပွရောဂါဆိုတာ ဘာလဲ? အရိုးတွေ အားနည်းလာပြီး ကျိုးလွယ်ကြေလွယ်ဖြစ်လာခြင်းကို အရိုးပွရောဂါ ဟုခေါ်ပါတယ်။ အရိုးပွရောဂါကို တစ်စုံတစ်ခုကြောင့် အရိုးကျိုးသွားတဲ့အခါမှသာ ရောဂါရှာဖွေတွေ့ရှိတတ်သော်လည်း သက်ကြီးပိုင်းတွေမှာ ကျောရိုးက

Read More
Leave a comment

စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် လုပ်ဆောင်သင့်သော အချက် (၁၂) ချက်

အားလုံးပဲ မင်္ဂလာပါရှင့်… နှစ်စဉ် October 10 ရက်နေ့ဟာ (“World Mental Health Day”) ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။  “World Mental Health Day” နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အထဲမှာမှ လူသားအားလုံးရဲ့ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက် (၁၂) ချက်ကိုမျှဝေပေးချင်ပါတယ်…. (၁)  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (သို့) ကခုန်ခြင်းတို့ကို ပြုလုပ်ပါ။(၂)  ကောင်းမွန်သော

Read More
Leave a comment

ကလေးစောမွေးခြင်း ပြသာနာကိုကာကွယ်ရန်အလို့ငှာ မိခင်လောင်းတို့ သိကောင်းစရာ

အားလုံးပဲ မင်္ဂလာပါရှင့်…နှစ်စဉ် နို၀င်ဘာ 17 ရက်နေ့သည် ကလေးငယ်လေးများ အရွယ်မတိုင်မီစောမွေးဖွားခြင်းကို ကာကွယ်စောင့်ရှောက်ရန်အထိမ်းအမှတ်နှင့်ကျင်းပသော (“World Prematurity Day”) နေ့ဖြစ်ပါတယ်။  World Prematurity Day နေ့နဲ့ပတ်သက်ပြီး ကလေးငယ်လေးများစောမွေးဖွားခြင်း အကြောင်းသိရှိနိုင်စေရန် သိမှတ်စရာများမျှ‌ဝေပေးချင်ပါတယ် ။ What is World Prematurity Day? World Prematurity Day  ဆိုသည်မှာမွေးဖွားရန် အရွယ်မတိုင်မီမွေးဖွားလာသော

Read More
Leave a comment

အပူချိန်မြင့်မားလွန်းလို့ ပင်ပန်းနွမ်းလာတဲ့အခါ…

ခုရက်ပိုင်းရာသီကလည်း အရမ်းပူတယ်၊ ချွေးတအားထွက်တော့ အားမရှိသလိုနုံးတယ်၊ မူးတယ် ဆိုတာတွေအဖြစ်များလာကြတာမို့ အထူးဂရုပြုပီးနေထိုင်ကြရပါမယ်။ Heat related illness ဖြစ်နိုင်တာတွေကတော့ Heat Cramps နေပူထဲမှာ Exercise လုပ်သူတွေ မှာခြေသလုံးကြွက်တတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Heat exhaustion ရေဓာတ်နှင့်ဆားဓာတ် ဆုံးရှူံးခြင်းတွေဖြစ်တတ်ပါတယ်။ သေချာမကုသရင် Heat stroke ရသွားတတ်ပါတယ်။ Heat stroke ဆိုတာခန္ဓာကိုယ်ရဲ့အပူထိန်းညှိတဲ့စနစ် ပျက်စီးသွားတာပဲဖြစ်ပါတယ်။

Read More
Leave a comment

International Nurses Day

အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုရိုးစကား ရှိပါတယ်။ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနေသော ပညာရှင်များကလည်း အရေးပါလှပါတယ်။ မေလ ၁၂ရက်နေ့ကတော့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးမှာ အရေးပါပြီး ကူညီဆောင်ရွက်ပေးနေတဲ့ သူနာပြု ပညာရှင်များကို ဂုဏ်ပြုသောနေ့ ဖြစ်ပါတယ်။ မေလ ၁၂ရက်နေ့ကတော့ International Nurses Day ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ

Read More
Leave a comment

ဘာဖြစ်လို့ Hand Hygiene ကအရေးကြီးတာလဲ?

နှစ်စဉ် May လ 5ရက်နေ့ကတော့ “World Hand Hygiene Day”နေ့ဖြစ်ပါတယ်။ လက်ဆေးခြင်းနဲ့ သက်ဆိုင်သော သိသင့်သည်များကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ *****ဘာဖြစ်လို့ Hand hygiene က အရေးကြီးတာလဲ***** –  လက်ပေါ်မှာရှိတဲ့ Bacteria ပမာဏကို လျော့ကျစေတယ်၊ –  မျက်လုံး ပိုး၀င်မှု (Infection )ကိုတားဆီးပေးနိုင်တယ်၊ –  ကျန်းမာရေး၀န်ထမ်းတွေ

Read More
Leave a comment

ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေ ရှောင်ရမယ့် အချက်များ…

နှစ်စဉ် မေလ(၃)ရက်နေ့ဟာ “World Asthma Day” နေ့ဖြစ်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတလေး‌‌တွေ မျှဝေပေးသွားပါမယ်နော်….. ပန်းနာရင်ကျပ်ဆိုတာ လေပြွန်ကျဥ်းမြောင်းရောင်ရမ်းပြီး ချွဲသလိပ်တွေ အများအပြားဖြစ်နေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်.. ဒီအခြေအနေမှာ အသက်ရှုရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုလျှင် တရွှီးရွှီးမြည်တာမျိုးတွေ ဖြစ်တတ်ပါတယ်.. နေထိုင်ရာပတ်ဝန်းကျင်ကြောင့် ပန်းနာရင်ကျပ်၊ ရောဂါလက္ခဏာ ရလာတာမျိုးလည်းရှိနိုင်ပါတယ်.. ပန်းနာရင်ကျပ် ရောဂါလက္ခဏာတွေကတော့.. – အသက်ရှုမြန်ခြင်း၊ – ရင်ဘတ်အောင့်ခြင်း၊

Read More
Leave a comment

၀မ်းနည်းပူဆွေးရတဲ့အခါ…

တိုတောင်းလှသောလူ့ဘ၀ကြီးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့အတွက် လူတိုင်းလုပ်ဆောင်နိုင်သည့်အရာဖြစ်တဲ့ ကောင်းမွန်သော Lifestyle တစ်ခုကို‌ပြောင်းလဲနေထိုင်သင့်ပါတယ်။ ယခုလို Covid Pandemic ဖြစ်နေဆဲကာလကြီးထဲမှာ Mask တပ်တာ၊ လက်ဆေးတာ စတဲ့ New Normal Lifestyle တွေက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေဖို့ အရေးကြီးပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက်ကတော့… * လေ့ကျင့်ခန်း

Read More
Leave a comment

လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝရရှိဖို့…

ကျန်းမာခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ရောဂါဘယ ကင်းရှင်းယုံသာမက စိတ်၏ချမ်းသာခြင်း၊ လူမှုရေးသုခနှင့်ပြည့်စုံခြင်း တို့ကိုလဲဆိုလိုပါသည်။ ထို့ကြောင့်နှစ်စဉ် ဧပြီလ ၂၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်း ကျန်းမာရေးနေ့ကိုအထူးပြု၍ လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းကာ ကျန်းမာပျော်ရွှင်အောင်နေထိုင်ရန် နည်းလမ်းကောင်းများကိုဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းစေရန် – ၁. မိမိလုပ်ငန်းခွင်အသီးသီးမှ ချမှတ်ထားသော Safety rule များကိုသတိထား လိုက်နာရန်လိုအပ်ပါသည်။ ၂. အန္တရာယ်ဖြစ်စေမည့်အရာများကိုတွေ့ရှိပါက လုပ်ဖော်ကိုင်ဖက်အချင်းချင်းနှင့်

Read More
Leave a comment

World Health Day

ကမ္ဘာ့ကျန်းမာရေးနေ့ (“World Health Day”) ကို နှစ်စဉ်ဧပြီလ (၇)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျင်းပလေ့ရှိကြပါသည်။ ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ပထမဆုံးကမ္ဘာ့ကျန်းမာရေး ညီလာခံကိုကျင်းပခဲ့သည်။ ထိုညီလာခံတွင် ၁၉၅၀ ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးနေ့ကို နှစ်စဉ် ဧပြီလ (၇) ရက်နေ့တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင်ကျင်းပခြင်းအားဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်သည့်နေ့ကို အမှတ်ရစေရန်၊ ကမ္ဘာ့ကျန်းမာရေး၏အရေးကြီးပုံကို လူထုကအာရုံစိုက်မှုကို

Read More
Leave a comment

Autism တစ်ဦးတိုင်းစီမှာ မတူညီတဲ့ အမူအကျင့် လက္ခဏာတွေရှိကြလား?

ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ် ၅၉‌ယောက်တွင် တစ်‌ယောက်သည် Autism ‌ဖြစ်နေကြပြီး ထိုကလေးငယ်များအား ပိုမိုသတိပြုမိစေရန်နှင့် သူတို့‌လေးတွေအား‌ ဖေးမကူညီနားလည်‌ပေးနိုင်ရန် ရည်ရွယ်၍ 2008 ခုနှစ်မှ စတင်ကာ April လ 2 ရက်နေ့ကို World Autism Awareness Day ဟုသတ်မှတ်ခဲ့ကြသည်။ ထိုနေ့၏အရောင်မှာ အပြာရောင်ဖြစ်ပြီး အပြာရောင်မီးလုံးများထွန်းခြင်း ၊ အထိမ်းအမှတ်နေ့စာလုံးပါ အပြာရောင်အကျီများ ၊

Read More
Leave a comment

သင့်ရဲ့ Lifestyle ကိုဘယ်လိုဖန်တီးထားသလဲ?

ကျွန်မတို့ ရရှိလာတဲ့ လူ့ဘဝအချိန်တိုလေးရဲ့ နေ့ရက်တိုင်းမှာ ကိုယ့်ရဲ့ဘဝ တိုးတက်ကောင်းမွန်လာစေရန်၊ ကျန်းမာစွာနေထိုင်နိုင်စေရန်အတွက် လက်တွေ့ကျသောကျန်းမာရေး အကြံပြုချက်လေးတွေကနေ စတင်ဖို့အရမ်းအရေးကြီးပါတယ်။ ဒီနေ့မှာတော့ လူသားတိုင်းဘဝကိုပိုတိုးတက်စေနိုင်တဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့အသေးအဖွဲ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုစားပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ အခွံမာသီး၊ ငါး၊ ထောပတ်သီး၊ နေကြာ၊ ပဲပုပ်၊ သံလွင်ဆီ၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝသည့် စီရီရယ်များ၊ ဆန်၊

Read More
Leave a comment

ဒေါင်းဆင်ဒရုန်းအကြောင်း သိမှတ်စရာများ…

ကမ္ဘာပေါ်မှာ ကျန်းမာရေးဆိုင်ရာ အထိမ်းအမှတ်နေ့လေးတွေအများကြီးရှိတဲ့အနက်မှာမှ မတ်လ ၂၁ရက်နေ့ကတော့ World Down’s Syndrome(ဒေါင်းဆင်ဒရုန်း) နေ့လေးပဲဖြစ်ပါတယ်။ ‌ဒေါင်းဆင်ဒရုန်း ကို အင်္ဂလန်နိုင်ငံမှ Dr. John Langdon Down က ၁၈၆၆ ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီး သူ့ကိုဂုဏ်ပြုသောအားဖြင့် Down’s Syndrome ဟုနာမည်ပေးထားခြင်းဖြစ်ပါတယ်… ဘာကြောင့်ဖြစ်ရလဲ ? မျိုးဗီဇလို့ခေါ်တဲ့ Genes တွေ ပုံမှန်မဟုတ်တာကြောင့် အဓိကဖြစ်တယ်။

Read More
Leave a comment

ဗီတာမင် B12 အကြောင်း သိကောင်းစရာ…

တစ်ခုခုပြောတော့မယ်ဆို ပါးစပ်ဖျားလေးမှာတင် မေ့မေ့နေတတ်တယ်? အာရုံကြောတွေမကောင်းတာ ဘာဗီတာမင်ချို့တဲ့နေလို့လဲ ? ခဏခဏမေ့နေတတ်တာ ဘာကြောင့်လဲ ? ဒီလိုမေးခွန်းပေါင်းများစွာနဲ့ အဖြေစဉ်းစားရခက်နေတဲ့သူတွေ ရှိကြပါသလား ဒီလိုတွေဖြစ်ရတာဟာ ဗီတာမင် B12 ချို့တဲ့လို့ ဖြစ်ပါတယ်။ ထို့ကြောင့် ဗီတာမင် B12 နဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်… ဗီတာမင် B12 ဆိုတာ… နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ အမဲသား၊ ငါး၊

Read More
Leave a comment

World Kidney Day

မင်္ဂလာပါရှင်… နှစ်စဉ် March လ 10 ရက်နေ့သည် (“World Kidney Day”) ကျောက်ကပ်ရောဂါကာကွယ်ရန် ကျင်းပသောအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။  အဲ့ဒီနေ့ရက်လေးမှာ ကျောက်ကပ်ရဲ့အရေးပါပုံ၊ ဘယ်လိုအရာလေးတွေက ကျောက်ကပ်ကို ထိခိုက်စေသလဲ၊ သူနဲ့ဆက်စပ်တဲ့ ရောဂါဖြစ်ပွားပုံတွေကို ကမ္ဘာကနေ သိစေရန်အတွက် နှစ်စဉ်လက်ဆင့်ကမ်းဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ … ကျောက်ကပ်က ဘာအလုပ်လုပ်ပေးတာလဲ? ကျောက်ကပ်က ကိုယ်ခန္ဓာမှာရှိတဲ့ အဆိပ်အတောက်လေးတွေ၊

Read More
Leave a comment

What is Multiple Personality Day?

နှစ်စဉ် March လ 5 ရက်နေ့သည် “Multiple Personality Day” ဖြစ်ပါတယ်။ What is Multiple Personality Day? Multiple Personality Disorder ရဲ့ အဓိပ္ပာယ်လေးကို အရင်ရှင်းပြချင်ပါတယ်။ Multiple Personality Disorder ကို နောက်တစ်နည်း Dissociative Identify Disorder (DID) လို့လည်းခေါ်ကြပါတယ်။

Read More
Leave a comment

ရှားပါးရောဂါဆိုတာဘာလဲ?

လူပေါင်း ၁ သောင်းတွင် ၅ ယောက်အောက်သာ ဖြစ်ပွားတဲ့ရောဂါကို ရှားပါးရောဂါ (Rare disease) လို့ခေါ်ပါတယ်။ ရှားပါးရောဂါတွေကို လေ့လာမှုပုံစံတွေ လေ့လာတဲ့နိုင်ငံတွေမတူပေမဲ့ အကိုးအကားခန့်မှန်းချက်တွေအရ ရှားပါးရောဂါအမျိုးအစားပေါင်း ၇၀၀၀ ကျော်ခန့်ရှိမယ်လို့ ယူဆရပါတယ်။ ရှားပါးရောဂါတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ မျိုးရိုးလိုက်တာဖြစ်ပါတယ်။ မျိုးရိုးမလိုက်ဘဲဖြစ်တတ်တဲ့ရှားပါးရောဂါတွေမှာ ကင်ဆာရောဂါတွေ၊ ကူးစက်ရောဂါတွေ၊ Auto immune diseasesလို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ဖောက်ပြန်ပြောင်းလဲတဲ့ရောဂါတွေ

Read More
Leave a comment

စိတ်ဖိစီးမှုဒဏ်တွေ ခံစားနေရပြီလား?

ဒီနေ့မှာတော့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုလေးတွေကို ပြောပြပေးမယ်နော်။ စိတ်ဖိစီးမှုဆိုတာ လူတိုင်း ခံစားဖူးပြီး သူမပါရင်မပြီးလို့ ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုလို့တောင် ပြောလို့ရပါတယ်။ စိတ်ပျော်ရွှင်စရာ မကောင်းတဲ့ အဖြစ်အပျက်တွေ၊ မလိုလားတဲ့ အခြေအနေတွေ ရင်ဆိုင်ဖြေရှင်းဖို့ ကြုံလာတဲ့အခါ ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် တုန့်ပြန့်မှုတစ်ခု ဖြစ်လာပါတယ်။ အဲ့တာကို စိတ်ဖိစီးမှုလို့ခေါ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးကို ဆိုးဆိုး

Read More
Leave a comment

အမျိုးသမီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ…

အားလုံးပဲ မင်္ဂလာပါရှင့်… အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ (ဥပမာ ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ရောဂါ) သည်အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိတတ်ပါတယ်။ အချို့သောရောဂါတွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူသလိုအာဟာရလိုအပ်ချက်လည်း မတူတာကြောင့်

Read More
Leave a comment

ကင်ဆာရောဂါအကြောင်း သိကောင်းစရာ…

ကမ္ဘာ့ကင်ဆာရောဂါကာကွယ်ရေးနေ့  (“World Cancer Day”) သည်ကင်ဆာရောဂါအပေါ် ပိုမိုသတိပြုလာနိုင်စေရန်၊ ကင်ဆာကာကွယ်ရေး၊ ရှာဖွေရေးနှင့် ကုသရေးများကို ပိုမိုအာရုံစိုက်လာနိုင်စေရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသောနိုင်ငံတကာ နေ့ရက်တစ်ခုဖြစ်ပါသည်။  အဓိကရည်ရွယ်ချက်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရန်ဖြစ်ပါသည်။ ကင်ဆာရောဂါနှင့်ပက်သက်တဲ့ ဗဟုသုတလေးတွေကို အားလုံးသိအောင် မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံးအနေဖြင့် World Cancer Day ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို

Read More
Leave a comment

သွားကျန်းမာရေးအကြောင်း သိကောင်းစရာအဖြာဖြာ

အားလုံးပဲ မင်္ဂလာပါရှင့်…. ဒီနေ့မှာတော့  Dental Floss အသုံး၀င်ပုံ၊ ကောင်းကျိုးဆိုးကျိုးများနှင့် သွားကျန်းမာရေးအတွက် လုပ်ဆောင်ရမည့်အချက်လေးတွေကို ပြောပြပေးသွားပါမယ်ရှင့်။ Dental Floss ဆိုတာ ဘာလဲ? Dental Floss ဆိုတာ ပါးလွှာသောကြိုးလေးဖြစ်ပြီး သွားနှင့်ခံတွင်း အတွင်းပိုင်း သန့်ရှင်းရေးနှင့်သွားတစ်ချောင်းနှင့် တစ်ချောင်းကြားတွင် ကပ်ကျန်နေသော အစားအစာအပိုင်းအစလေးများကို ဖယ်ရှားရန်အတွက် ဖြစ်ပါတယ်။ Dental Floss ကို အမျိုးအစားအမျိုးမျိုး

Read More
Leave a comment

အသက်ရှည်ကျန်းမာနေထိုင်နည်းအသွယ်သွယ်…

ခေတ်မှီတိုးတက်လာတဲ့ခေတ်ကြီးမှာ လူသားများအတွက်လိုအပ်တဲ့ ခေတ်မီစက်ပစ္စည်းကိရိယာ အသုံးအဆောင်တွေဟာလဲ ဖွံ့ဖြိုးတိုးတက်လျက် ရှိပါတယ်။ ဒါ့အပြင် လူသားတိုင်းအတွက် အရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ ပက်သတ်တဲ့ဆေးပစ္စည်း များအတွက်လဲ တစ်နေ့ထက်တစ်နေ့ အသစ်သစ်သော ရှာဖွေမှုစမ်းသပ်မှုများကို စဥ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။ ဘယ်လိုပဲ ဆေးပစ္စည်းစက်ကိရိယာ ကျန်းမာရေးအထောက်ကူ ပစ္စည်းမျိုးစုံ တိုးတက်နေစေကာမူ ရောဂါဆိုတဲ့အရာဟာ မဖြစ်ခင်ကကြိုတင် ကာကွယ်နိုင်ခြင်းသည်သာ အကောင်းဆုံးကာကွယ်ရေး လက်နက်တစ်ခုဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကျန်းမာအောင် နေထိုင်စားသောက်ခြင်းသည် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတစ်ခုဖြစ်ပါတယ်နော်။

Read More
Leave a comment

ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဗီတာမင် (၇) မျိုးက ဘာတွေလဲ?

အားလုံးပဲ မင်္ဂလာပါရှင့်… ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဗီတာမင် (၇) မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ လူသားတိုင်းတစ်နေ့တာ ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကတော့… ဗီတာမင် A ၊ ဗီတာမင် B1, B2, B6 ၊ ဗီတာမင် C ၊ ဗီတာမင် D3 ၊ ဗီတာမင် B9 ၊ Folic

Read More
Leave a comment

အိပ်မပျော်ခြင်း နှင့် Melatonin

အိပ်မပျော်ဘူး ဆိုတာတွေကို အခုရက်ပိုင်းမှာ သင့်ပတ်ဝန်းကျင်မှာ ခပ်စိပ်စိပ်ကြားလာရတာတွေ ရှိမှာပါ။ အိပ်မပျော်ခြင်း နှင့် Melatonin အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့် အိပ်မပျော်လဲ??? အိပ်မပျော်ရခြင်းကို သိပ္ပံနည်းအရ ၂ မျိုးခွဲထားပါတယ်။ (1) Primary Insomnia – ပတ်ဝန်းကျင် အသံဆူညံမှု၊ မိမိအိပ်စက်သည့်အခန်းအတွင်း အပူချိန်ကြောင့်၊အလင်းရောင်ကြောင့်။ – မိမိပုံမှန်အိပ်ချိန်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကမောက်ကမ ဖြစ်လာတာကြောင့်၊ ခရီးသွားရတာတွေကြောင့်။

Read More
Leave a comment

Insulin ထိုးဆေးအကြောင်း သိကောင်းစရာ

Insulin ဆိုတာခန္ဓာကိုယ်အတွင်း များနေသော သွေးတွင်းအချိုဓာတ်ကို လျှော့ချပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါတွင် အသုံးပြုသော ထိုးဆေးလို့လည်း လူသိများကြပါတယ်။ *အသုံးပြုပုံ* – ဗိုက်၊ ပေါင်၊ လက်မောင်း တို့မှာထိုးလို့ရပါတယ်။ – အပ်နဲ့စုပ်ထိုးတာရှိသလို ဘောပင်နဲ့ထည့် ထိုးတာလည်းရှိပါတယ်။ – ဘောပင်နဲ့ထိုးမယ်ဆိုလျှင် အပ်ခေါင်းကို သေချာပိုးသန့်ပြီးမှ ထိုးသင့်ပါတယ်။ – အပ်ခေါင်းကို တစ်ဦးထဲအသုံးပြုလျှင်

Read More
Leave a comment

Collagen အကြောင်း သိကောင်းစရာ

Collagen ဆိုတာကလွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး နာမည်ကြီး Supplement တစ်မျိုးအဖြစ် လူသိများလာခဲ့တာမို့ … Collagen အကြောင်းလေး ပြောပြပေးပါမယ် … ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ပရိုတင်းဓါတ် ၃ပုံ ၁ပုံ ဟာ Collagen ဓါတ်တွေပါ … Collagen ဓါတ်ဟာ အသားအရေတည်ဆောက်ပုံနဲ့ အရိုးတွေကို ပိုမိုအားကောင်းစေပါတယ် … ၁-   Collagen ဓါတ်ဟာ

Read More
Leave a comment

ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့်…

ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့် လူသားတို့အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်း ပါ၀င်ဖွဲ့စည်းထားပါတယ်။ အခြေခံ ဆဲလ်များအတွက် ရေဟာမရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ရေသောက်ခြင်းသည် အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်ပါ လူသားတို့၏နေ့စဉ်ဘ၀ကို ကောင်းကျိုးများ သက်ရောက်မှုရှိပါသည်။ ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအလှအပဆိုင်ရာအကျိုးကျေးဇူးများမှာ အသားအရေကြည်လင်စေခြင်း၊ ချွေးပေါက်ကျဉ်းစေခြင်း၊ ၀က်ခြံထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရေးအကြောင်းများအား လျော့နည်းစေခြင်း၊ နေလောင်ခြင်းကို လျှင်မြန်စွာသက်သာစေခြင်း စတဲ့အချက်များကို

Read More
Leave a comment

World Red Cross Day

World Red Cross Day ဆိုတာ ဘာလဲ??? ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်း ဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုနည်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီကာကွယ် စောင့်ရှောက်ရန်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း၊ လူမှုရေး လှုပ်ရှားမှုအဖွဲ့အစည်းကြီးသည် နိုင်ငံတကာဆိုင်ရာလူသားခြင်း စာနာသောအားဖြင့် လှုပ်ရှားမှုပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင်ပေါင်း ၉၇ သန်းဖြင့် ဖွဲ့စည်းထားသည်။

Read More
Leave a comment

ဘယ်သူတွေမှာ ငှက်ဖျားဖြစ်နိုင်သလဲ?

နှစ်စဉ် April 25 ရက်နေ့ကတော့ ကမ္ဘာ့ငှက်ဖျားရောဂါကာကွယ်ရေး (“World Malaria Day”) နေ့ဖြစ်ပါတယ်။ လူသားတိုင်းသိထားသင့်တဲ့ ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေကိုမျှဝေပေးချင်ပါတယ်။ ငှက်ဖျားရောဂါသည် ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ ခြင်ကနေတဆင့် လူတွေဆီကို ကူးစက်တဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ လူတွေမှာငှက်ဖျား ရောဂါပိုးဖြစ်စေနိုင်တဲ့ ကပ်ပါးပိုး မျိုးစိတ် (၅) မျိုးရှိပါတယ်။ ခြင်ကကိုက်လိုက်တဲ့အခါ ငှက်ဖျားရောဂါပိုးဖြစ်စေတဲ့ ကပ်ပါးပိုး Plasmodium ကသွေးကြောတွေထဲကို

Read More
Leave a comment

Antivirals အကြောင်းသိကောင်းစရာ

Antiviral ဆိုသည်မှာ ခန္ဓာကိုယ်ထဲဝင်ရောက်လာသော Viruses များကိုတိုက်ထုတ်ဖို့ ကူညီသည့် ဆေးတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးကူးစက်ခြင်းကြောင့် ခံစားရသောဝေဒနာတွေကို သက်သာစေပြီး ကူးစက်ခံရချိန်ကို လျှော့ချပေးပါသည်။ တစ်ဦးနှင့်တစ်ဦး ကူးစက်မှုနှုန်းကိုလည်း လျော့နည်းစေပါသည်။ Antivirals ဆေးဝါးများဖြင့် ကုသရန်လိုအပ်သော ရောဂါအခြေအနေများ??? (၁) ရောဂါပိုးကြောင့် နာတာရှည်ရောဂါခံစားနေရသူများ၊ (၂)  ရောဂါပိုးကူးစက်လျှင် အသက်ဆုံးရှုံးနိုင်သူများ၊   အစရှိသဖြင့် လိုအပ်ပါတယ်။ Virus ကြောင့်ဖြစ်သော ရောဂါအမျိုးအစားများ???

Read More
Leave a comment

ဘာကြောင့် သွားကိုက်ရတာလဲ?

နှစ်စဉ် ဖေဖော်ဝါရီလ ၉ ရက်နေ့ဟာ  ကမ္ဘာ့သွားကျန်းမာရေးနေ့ (“World National Toothache Day”) ဖြစ်ပါတယ်။ အဲဒါကြောင့် သွားနှင့်ခံတွင်းဆိုင်ရာပြသာနာကို အသိပညာပေးထားပြီး မိမိနှင့်ပတ်ဝန်းကျင်မှ လူများအားလုံး သွားကိုက်ခြင်းဝေဒနာမှ ကင်းဝေးစေရန်နှင့် ခံတွင်းကျန်းမာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် သွားကိုက်ခြင်းနဲ့ သက်ဆိုင်သော အကြောင်းအရာကို မျှဝေပေးလိုက်ရပါတယ်။ ဘာကြောင့် သွားကိုက်ရတာလဲ? နေ့စဉ်စားသုံးနေတဲ့ အစားအစာ အကြွင်းအကျန်အချို့ဟာ မိမိတို့သွားတစ်ချောင်းနှင့်

Read More
Leave a comment

သဘာဝဖြည့်စွက်စာ တစ်မျိုးဖြစ်တဲ့ Flax Seed Gold အကြောင်း တစေ့တစောင်း

Flaxseed Gold  ဆိုတာဘာလဲ??? Flaxseed Oil က Linum usitatissimum အပင်ကထုတ်ယူထားတဲ့အဆီပါ။ ကမ္ဘာမှာတစ်နေ့တခြား နာမည်ကြီးလာတဲ့သဘာဝ ဖြည့်စွက်စာဖြစ်ပါတယ်။ Omega 3, 6, 9, Magnesium, Potassium, Phosphorous, Ligans, Thimanine, Protein နဲ့ အမျှင်ဓါတ်များ အပြည့်အဝပါဝင်ပါတယ်။ ဒီလိုသဘာဝက ပေးတဲ့အဖိုးတန်ဓါတ်စာများကို မပျောက်မပျက် အာနိသင်အပြည့်အဝရနိုင်ဖို့ အဆင့်မြင့်

Read More
Leave a comment

SARS-CoV-2 Variant Omicron (အိုမီခရွန်) ဆိုတာဘာလဲ?

SARS-CoV-2 Variant Omicron (အိုမီခရွန်) အကြောင်းသိကောင်းစရာလေးများကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ မြန်မာနိုင်ငံတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာများတွင် တွေ့ရှိရပါသည်။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု

Read More
Leave a comment

World Disability Day

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၃ ရက်) သည်ကုလသမဂ္ဂမှ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ မသန်စွမ်းသူများနေ့ကို ကမ္ဘာတစ်ဝှမ်းတွင် အမျိုးမျိုးသောအောင်မြင်မှု အတိုင်းအတာများဖြင့် ကျင်းပခဲ့သည်။ အဆိုပါနေ့အား ဂုဏ်ပြုသည့်အနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် သုခချမ်းသာများအတွက် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝ၏

Read More
Leave a comment

Global Handwashing Day

နှစ်စဉ် October 15th ရက်နေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာလက်ဆေးခြင်း (“Global Handwashing Day”) နေ့ဖြစ်ပါတယ်။ လူသားတိုင်းကျန်းမာရေးအတွက် လက်ဆေးခြင်းသည် အရေးကြီးတာကြောင့် လက်ဆေးခြင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။ လက်ဆေးခြင်းသည် အအေးမိတုပ်ကွေးနှင့် Coronavirus disease 19 (Covid-19) ကိုဖြစ်ပွားစေနိုင်သော ရောဂါပိုးများ အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းလျောခြင်းကိုဖြစ်စေသော ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ရောဂါပိုးမွှားများ

Read More
Leave a comment

သန်စွမ်းကျန်းမာ ပျော်ရွှင်ရာ နည်းလမ်းကောင်း အဖြာဖြာ……

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ဘယ်လိုနေထိုင်ပြုမူစားသောက်ရမလဲ အကြောင်းလေးပြောပြပေးပါမယ်။ 1. ပထမဆုံးအနေဖြင့်သင့်တင့်မျှတသော အစားအသောက်များကို ရွေးချယ်စားသောက်ရန်လိုအပ်ပါသည်။ လူတစ်‌ယောက်သည် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံတို့ကို့ ပန်းကန်းလုံးနှစ်လုံးခွဲစာ အနည်းဆုံးစားသောက်ရန် လိုအပ်ပါသည်။အစေ့အနှံ့ချွတ်ထားသော ဂျုံစေ့ ပြောင်းစေ့ တို့နှင့် ပြုလုပ်ထားသော ပေါင်မုန့် ၊ cereals ၊ ပါစတာတို့ကို ‌ရွေးချယ်စားသုံးမည့် အစား အစေ့အနှံ့မချွတ်ထားသော ဂျုံစေ့

Read More
Leave a comment

World Rabies Day

နှစ်စဉ် September 28 ရက်နေ့သည် (“World Rabies Day”) ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါနဲ့ စပ်လျဉ်းပြီး သိသင့်တဲ့အသိပညာလေးတွေကို အားလုံးသိအောင်မျှဝေပေးချင်ပါတယ်။ ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနေ့ကို ကမ္ဘာတစ်ဝှမ်းတွင် ခွေးရူးပြန်ရောဂါကို တိုက်ဖျက်ရန်အတွက် အသိပညာပေးရန်နှင့် ထောက်ခံအားပေးရန် ရည်ရွယ်ပြီး ခွေးရူးပြန်ရောဂါကို ကာကွယ်ရန် လူသားအားလုံး ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများကို သိရှိစေရန် ရည်ရွယ်တင်ပြပါသည်။ World

Read More
Leave a comment

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ…

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများကို ပြောပြပေးချင်ပါတယ်။ ရာသီတုပ်ကွေးရောဂါကို ဖြစ်ပေါ်စေသော ရောဂါပိုးများစွာရှိသည့်အနက်မှ Type A or B influenza viruses (၂)မျိုးကြောင့် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး…   –  ကိုယ်ဝန်ဆောင်မိခင်များ၊   –  အသက် ၅ နှစ်အောက် ကလေးငယ်များ၊   –  အသက် ၆၅ နှစ်နှင့်အထက်

Read More
Leave a comment

ပန်းနာရင်ကြပ်ရောဂါကို ဘာကြောင့်ဂရုစိုက်သင့်တာလဲ?

Asthma လို့ အများစုသိထားကြတဲ့ ပန်းနာရင်ကြပ်ရောဂါဟာ ကမ္ဘာပေါ်မှာ အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါတယ်။ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။ လေပြွန်တွေရောင်ရမ်းတဲ့ အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကြပ်လာပြီး တရွှီးရွှီးနဲ့ မောလာပြီး အသက်ရှူရာတွင် ဒုက္ခရောက်နိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့် ပန်းနာရင်ကြပ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ပန်းနာရင်ကြပ်ရောဂါဟာ ပေါ့ပေါ့ဆဆ

Read More
Leave a comment

ပူပြင်းတဲ့နေ့ရက်တွေကိုဘယ်လိုရင်ဆိုင်ကာကွယ်ကြမလဲ?

ရာသီဉတုဟာ ပူပြင်းတဲ့နွေရာသီကို ရောက်ရှိလာတဲ့အခါမှာဆိုရင် အဲ့အချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ရေဓာတ်ချို့တဲ့တာ၊ Electrolytes ဓာတ်ဆားများ ချို့တဲ့တာ၊ အစရှိတာတွေ မဖြစ်ရအောင် သတိထားနေထိုင်ရပါမယ်ရှင့်… မိမိတို့ကျန်းမာရေးအတွက် ခန္ဓာကိုယ်မှာ ကိုယ်အပူချိန်ကို အသင့်အတင့်အနေအထားမှာ ထိန်းသိမ်းထားနေနိုင်ဖို့ဟာ အရမ်းကိုအရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ကိုယ်အပူချိန်တက်ခြင်း၊ ကျခြင်း တွေဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကို လျော့ကျစေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း ဒီလိုအခြေအနေတွေကို အလိုအလျောက်တုံ့ပြန်နိုင်စွမ်းရှိအောင်လည်း ဖန်တီးပေးထားပြီးသားပါ။

Read More
Leave a comment

အခြေခံရှေးဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှုများ သိကောင်းစရာ…

အိမ်တိုင်းဆောင်ထားသင့်တဲ့ အခြေခံရှေးဦးသူနာပြု ကိရိယာများနှင့် နည်းလမ်းများအကြောင်းပြောပြပေးချင်ပါတယ်။ အခုလိုအချိန်မျိုးမှာ အသေးစားမတော်တဆမှုများနှင့် ဒဏ်ရာများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ကိရိယာထားရှိဖို့ လိုအပ်ပါသည်။ First aid kit ကို ကလေးများနှင့်လက်လှမ်းမမှီသော၊ အေး၍ခြောက်သွေ့သော နေရာတွင်ထားရှိသင့်ပါတယ်။ တချို့ကတော့ အရေးပေါ်အခြေအနေအတွက် ကားထဲမှာ ထည့်ထားတတ်ကြပါတယ်။ အခြေခံရှေးဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှုကိရိယာတွင် ထားရှိရမည့်ပစ္စည်းများမှာ – အရွယ်အစားစုံ ပုံစံအစုံရှိသော ပလပ်စတာ၊ သန့်ရှင်းသော

Read More
Leave a comment

Vitamin A ၏သိမှတ်စရာ ကောင်းကျိုးများ…

အားလုံးပဲ မင်္ဂလာပါရှင့်… လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A အကြောင်းပြောပြပေးချင်ပါတယ်။ Vitamin A ဆိုတာက အဆီမှာ ပျော်ဝင်လွယ်တဲ့ Vitamin တစ်မျိုးပါ။  Vitamin A အမျိုးအစား (2) မျိုးရှိပါတယ်။ Preformed vitamin A(Retinoids)ကို တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာတွေ့ရတတ်ပြီး Pro-vitamin A (Carotenoids) ကိုတော့ အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ Vitamin

Read More
Leave a comment

မိုးရာသီမှာ တုပ်ကွေးကာကွယ်ဆေး ဘာကြောင့်ထိုးသင့်လဲ?

မိုးရာသီမှာ ဘာကြောင့်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်လဲ? ယနေ့မှာတော့မိုးရာသီကာလကို ကူးပြောင်းလာပြီဖြစ်သည့်အတွက် မိုးရာသီတွင်ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့ Flu Vaccine (တုပ်ကွေးရောဂါ ကာကွယ်ဆေး) နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး Influenza vaccine ကို Influenza (flu) virus ကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါကိုကာကွယ်ရန် အသုံးပြုသည်။ တုပ်ကွေးသည် အထူးသဖြင့်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ကျန်းမာရေးပြဿနာရှိသူများတွင် ပြင်းထန်သောနာမကျန်းမှုကို ဖြစ်စေနိုင်သော်လည်း

Read More
Leave a comment

ဆေးလိပ်ကို ဘာကြောင့်စွဲလမ်းကြတာလဲ?

World No Tobacco Day (ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့) နဲ့သက်ဆိုင်သည့် ကျန်းမာရေးအတွက် သိထားသင့်သော ဆေးလိပ်၏ဆိုးကျိုးများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ၁၉၈၇ ခုနှစ်မှစ၍ နှစ်စဉ်မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဘာကြောင့်ဆေးလိပ် မသောက်သင့်တာလဲ? အောက်တွင်‌ဖော်ပြမည်ဖြစ်သော ဆိုးကျိုးများကြောင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဆေးလိပ်မှာပါ၀င်တဲ့ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်၊

Read More
Leave a comment

တုပ်ကွေးကာကွယ်ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများနှင့်ဆောင်ရန်ရှောင်ရန်များ

တုပ်ကွေးကာကွယ်ဆေးထိုးရခြင်း၏ အကျိုးကျေးဇူးများနှင့်ဆောင်ရန်ရှောင်ရန်များ တုပ်ကွေးသည် နှာခေါင်း၊ လည်ချောင်းနှင့် တခါတရံ အဆုတ်တို့ကို ကူးစက်စေသော တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားစေသည့် ကူးစက်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။ အပျော့စား ၊ အပြင်းစား မှစ၍ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်၊ အခုလိုမိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါကို ကာကွယ်ဖို့ဆိုရင် Inactivated quadrivalent influenza

Read More
Leave a comment

သန်စွမ်းကျန်းမာ ပျော်ရွှင်ရာ နည်းလမ်းကောင်း အဖြာဖြာ……

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ဘယ်လိုနေထိုင်ပြုမူစားသောက်ရမလဲ အကြောင်းလေးပြောပြပေးပါမယ်။ 1. ပထမဆုံးအနေဖြင့်သင့်တင့်မျှတသော အစားအသောက်များကို ရွေးချယ်စားသောက်ရန်လိုအပ်ပါသည်။ လူတစ်‌ယောက်သည် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံတို့ကို့ ပန်းကန်းလုံးနှစ်လုံးခွဲစာ အနည်းဆုံးစားသောက်ရန် လိုအပ်ပါသည်။အစေ့အနှံ့ချွတ်ထားသော ဂျုံစေ့ ပြောင်းစေ့ တို့နှင့် ပြုလုပ်ထားသော ပေါင်မုန့် ၊ cereals ၊ ပါစတာတို့ကို ‌ရွေးချယ်စားသုံးမည့် အစား အစေ့အနှံ့မချွတ်ထားသော ဂျုံစေ့

Read More
Leave a comment

မိမိကိုယ်ကိုချစ်ပါ အသည်းလေးကိုကာကွယ်ပါ…….

ကျွန်မတို့ရှင်သန်ကျင်လည်ရာလောကကြီးမှာ လူသားတွေရဲ့ပုံမှန်အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာပေါင်းများစွာရှိလို့နေပါတယ် ခန္ဓာကိုယ်အိပ်စက်ချိန်မှာလည်း အတွင်းထဲမှာမနားဘဲ အချိန်ပြည့် အလုပ်များနေတဲ့ အရေးကြီးအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အသည်းကိုစစ်ဆေးကာကွယ်ကုသဖို့အရေးတကြီးလိုအပ်ပါတယ် အသည်းဟာ ခန္ဓာကိုယ်ဝမ်းဗိုက်ရဲ့ညာဘက်အပေါ်နားမှာတည်ရှိပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင် နှင့်သတ္တုဓါတ်များကို သိုလှောင်ထားပေးခြင်း၊ အသားဓါတ်၊ အဆီဓါတ်နှင့် ကစီဓာတ် များကို ဖြိုခွဲပေးခြင်း၊ စားသုံးထားသည့်အာဟာရများကို စွမ်းအင်အဖြစ်ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း စသည်တို့အတွက်မရှိမဖြစ်လိုအပ်သောကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခုခေတ်မှာ လူကြီး

Read More
Leave a comment

Mask တပ်ခြင်းကြောင့်ဖြစ်ပေါ်လာသောအသားအရေပျက်စီးခြင်းကိုဘယ်လိုကာကွယ်မလဲ

-နေ့စဉ်ပုံမှန် မျက်နှာသစ်ပြီးသွားတိုင်း Moisturizer လိမ်းပါ -Mask တပ်ရမည့်နေ့တိုင်း makeupကိုခပ်ပါးပါးလိမ်းပါ -ကိုယ့်အသားအရေနဲ့မကိုက်ညီတဲ့ skin care မျိုးကိုရှောင်ကြည်ပါ -ကိုယ့်မျက်နှာနှင့်ကိုက်ညီမည့် Mask အမျိုးအစားကိုရွေးချယ်သုံးပါ -4နာရီခြားတစ်ခါ Mask ကိုဖြစ်နိုင်ရင် လဲပေးပါ -အဝတ် Mask တပ်မည့်သူတိုင်း ပြန်လည်လျှော်ဖွတ်ပေးပါ #LifePlus #EnrichingHealth #EnhancingBeauty

Read More
Leave a comment

“နို့ထွက်နည်းတဲ့ မိခင်များ သိကောင်းစရာ”

မိခင်နို့ရည်သည် ကလေးငယ်များအတွက် အလွန်အာဟာရဓါတ်ကြွယ်ဝစေပါသည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင်ရရှိသော အကျိုးကျေးဇူးများ…. -အစာကြေလွယ်သည်။ -ဓါတ်မတည့်မှုမရှိပါ။ -ကလေးငယ်ရဲ့ စိတ်ဓါတ်လှုံခြုံမှာရရှိစေပြီး မိခင်အား သံယောဇဥ် ပိုတွယ်စေပါသည်။ -မိခင်နို့ရည် တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင် ရောဂါပိုးများကို ခုခံကာကွယ်နိုင်သည့် antibodyများ ပိုထွက်နိုင်ပါသည်။ ကလေးငယ်အပြင် မိခင်တွင်လည်း အကျိုးကျေးဇူးများရှိပါသည်… -ကလေးမွေးဖွားပြီးစ သွေးသွန်ခြင်းကိုကာကွယ်ပေးပါသည်။ -သွေးဆုံးပြီး အရိုးပွရောဂါဖြစ်နှုန်းနည်းပါသည်။ -ရင်သား၊ သားအိမ် ကင်ဆာဖြစ်ပွားမှုကိုလည်း

Read More
Leave a comment

မိုးရာသီတိုင်းသတိပြုစရာ၀မ်းပျက်၀မ်းလျှောရောဂါပါ

မုတ်သုန်လေ စတင်ဝင်ရောက်သည့် မိုးရာသီသည် အလွန်ပူပြင်းသည့် အပူဒဏ်မှ သက်သာရာရ စေသော်လည်း ဝမ်းပျက်၊ ဝမ်းလျှော အပါအဝင်ရေကြောင့် ဖြစ်သော ရောဂါများ ဖြစ်ပွားမှုကို တိုးစေပါသည်။ ကလေးငယ်များသည် ရေကြောင့် ဖြစ်သောရောဂါများ ခံစားရနိုင်ခြေ ပိုများသောကြောင့် မှန်ကန်စွာစားသောက်ရန် အရေးကြီးပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကလေးငယ်များ သေဆုံးမှု ဒုတိယအများဆုံး အကြောင်းရင်းဖြစ်ပြီး နှစ်စဉ် ကလေးငယ် ၁.၇

Read More
Leave a comment

စိတ်ဖိစီးမှုကင်း‌‌ေ၀း ဖို့ ဘယ်လိုနေထိုင်ပြုမူသင့်သလဲ။

-အကောင်းမြင်စိတ်ထားပါ -တရားထိုင်ပါ -စာဖတ်ပါ -လေ့ကျင့်ခန်းလုပ်ပါ -သာယာညိမ့်ညောင်းသောသီချင်းများ နားထောင်ပါ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အအေးမိခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါ

ခုလို မိုးရာသီကာလမှာ ဖြစ်ပွားတတ်သော အအေးမိခြင်း ချောင်းဆိုးခြင်း နှင့် ဆက်စပ်သော ပန်းနာရင်ကြပ်ရောဂါနှင့် ပတ်သက်ပီးပြောပြချင်ပါတယ်။အအေးမိခြင်းတွင် ဖြစ်ပေါ်တတ်သော လက္ခဏာများမှာ -လည်ချောင်းနာခြင်း -နှာမွန်ခြင်း -ချောင်းဆိုးခြင်း -နှာချေခြင်း -ခေါင်းကိုက်ခြင်း -ခန္ဓာကိုယ်ယားယံခြင်း -ခန္ဓာကိုယ် အပူချိန် အနည်းငယ် တက်ခြင်းတို့ အဖြစ်များကြပါတယ်။ လူအများစုသည် 5ရက်မှ 7ရက် အတွင်းပြန်လည် သက်သာလာကြပါတယ်။ကိုယ်ခံအားနည်းသူများ၊ပန်းနာရင်ကြပ်ရှိသူများ၊အဆုတ်အားနည်းသူများ ပြန်လည်သက်သာရန် ရက်အနည်းငယ်ကြာတတ်ပါသည်။ပဋီဇီဝပိုးသတ်ဆေးများသောက်သုံးရန်မလိုအပ်ပါ။မလိုအပ်ပဲ ပိုးသတ်ဆေးများသောက်သုံးခြင်းသည်

Read More
Leave a comment

မျောက်ကျောက်ရောဂါက အသက်အန္တရာယ်ရှိနိုင်လား?

မျောက်ကျောက်ရောဂါအကြောင်း ၂၀၂၂ မေလ ၂၁ ရက်၊ ၁၃း၀၀ အထိ ဓာတ်ခွဲအတည်ပြုလူနာ ၉၂ ဦး၊ မျောက်ကျောက်ရောဂါ သံသယရှိလူနာ ၂၈ ဦးကို မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုမရှိသည့် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှ WHO သို့အစီရင်ခံတင်ပြထားပြီးဖြစ်သည်။ ဆက်စပ်သေဆုံးမှုများသည် ယနေ့အထိအစီရင်ခံခြင်း မရှိသေးပေ။ ယနေ့အထိ PCR မှနမူနာများကို အတည်ပြုထားသောလူနာအားလုံးကို အနောက်အာဖရိကတွင် ကူးစက်ခံရသည်ဟု

Read More
Leave a comment

မမျိုးဥအိမ်ကင်ဆာ အကြောင်း သိကောင်းစရာ

မမျိုးဥအိမ်ဆိုတာ အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး မျိုးပွားရာမှာအဓိကကျတဲ့ မမျိုးဥများအပြင် ခန္ဓာကိုယ်အတွက်အရေးပါတဲ့ progesterone နဲ့ estrogen ဆိုတဲ့ Hormone ၂ မျိုးကိုလည်း ထုတ်ပေးပါတယ်။ မမျိုးဥအိမ်ကဆဲလ်လေးတွေက ပုံမှန်မဟုတ်တဲ့ဆဲလ်ပွားနှုန်းများလာတဲ့အခါမှာ မမျိုးဥအိမ်ကင်ဆာရောဂါ ဖြစ်ပေါ်လာပါတယ်။ မမျိုးဥအိမ်ကင်ဆာကို ပေါ့ဆစွာနဲ့ မကုသပဲထားမိရင် တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေထိပါ ပျံ့နှံ့နိုင်ပြီး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်လာနိုင်ပါတယ်။ မမျိုးဥအိမ်ကင်ဆာမှာ ၃ မျိုးရှိပါတယ်။ – Germ

Read More
Leave a comment