International Nurses Day Leave a comment

အားလုံးပဲ မင်္ဂလာပါ။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုရိုးစကား ရှိပါတယ်။ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနေသော ပညာရှင်များကလည်း အရေးပါလှပါတယ်။ မေလ ၁၂ရက်နေ့ကတော့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေးမှာ အရေးပါပြီး ကူညီဆောင်ရွက်ပေးနေတဲ့ သူနာပြု ပညာရှင်များကို ဂုဏ်ပြုသောနေ့ ဖြစ်ပါတယ်။ မေလ ၁၂ရက်နေ့ကတော့ International Nurses Day ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ International Nurses Day ကို ICN (International Council of Nurses ) မှစတင်ကျင်းပခဲ့ပါတယ်။ ဇန်နဝါရီလ ၁၉၇၄ ခုနစ်မှာ မေလ ၁၂ရက်နေ့ကို Modern nursing ၏ အဓိက တည်ထောင်သူဖြစ်တဲ့ Florence Nightingale ၏မွေးနေ့ကိုအစွဲပြုပြီး သတ်မှတ်ရန်ရွေးချယ်ခဲ့ပါတယ်။
Florence Nightingale သည်မေလ ၁၂ရက် ၁၈၂၀ ခုနှစ်တွင် ဖွားမြင်ခဲ့ပါသည်။ Florence Nightingale ကို The Lady with The Lamp ဟုခေါ်ဆိုကြပါတယ်။ သူမသည် အလွန်ထူးချွန်ထက်မြတ်သော သူနာပြုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
သူနာပြုပညာရှင်များသည် လူနာများကို ပြုစုစောင့်ရှောက်ကုသရေး ၊ ကျန်းမာကောင်းမွန်သော နေထိုင်မှုများကို လုပ်ဆောင်ပေးနေသူများလည်းဖြစ်ပါတယ်။ လူနာများရဲ့ ဆေးမှတ်တမ်းနဲ့ ရောဂါအခြေအနေများကို မှန်ကန်စွာ မှတ်သားထားရပါတယ်။ တခြားသော ကျန်းမာရေးပညာရှင်းများနှင့် လက်တွဲပူးပေါင်းပြီး လူနာများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရပါတယ်။ လူနာများ၏ကျန်းမာရေး အခြေနေကို စောင့်ကြည့်ထိန်းချုပ်ပြီး အမြဲမှတ်သားထားရပါတယ်။ဆေးသောက်ချိန်မှန်ကန်အောင် အမြဲ ကြည့်ရှုပေးပြီးကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း မျှဝေပေးရပါတယ်။ ရောဂါနှင့်ပတ်သက်သော စစ်ဆေးရေး များကိုလည်းလုပ်ဆောင်ရပါတယ်။
သူနာပြုပညာရှင်များသည် ပြည်သူများ၏ ကျန်းမာကောင်းမွန်ပြီး အသက်ရှည် အနာကင်းမဲ့စွာနေနိုင်ရန် အရေးပါသော အခန်းကဏ္ဍ တစ်ခုလည်းဖြစ်ပါတယ်။ လူနာများကို မိသားစုသဖွယ် ပြုစုစောင့်ရှောက်ကုသပေးနေသော အနယ်နယ်အရပ်ရပ်မှ သူနာပြုပညာရှင်များကို International Nurses Day မှာ ဂုဏ်ပြုလိုက်ပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *