LifePlus ရဲ့ မိတ်ဆွေတို့အနေနဲ့ ထိုင်နေရင်းနဲ့ အိပ်ဖူးတဲ့သူတွေ ရှိကြလား ???
ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ၊ ကားစီးရင်း ၊ ကျောင်းသားဘဝမှာလည်း စာသင်ခုံမှာ အိပ်ပျော်သွားတတ်ကြတယ်မလား ။ ထိုင်နေရင်းနဲ့ အိပ်ပျော်သွားခြင်းက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အိပ်နေတဲ့အချိန်အတွင်း ဘာမှမဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကျောနာတာ၊ လည်ပင်း ထုံကျင်နာကျင်တာ၊ ပခုံးနာကျင်တာတွေ ခံစားရပါတယ် ။
အထက်ပါ ရေတိုဝေဒနာတွေအပြင် နောက်ဆက်တွဲအနေနဲ့ဘဲ ခြေထောက်သွေးပြန်ကြောတွင်းသွေးခဲပိတ်ခြင်းရောဂါလည်းဖြစ်လာနိုင်ပါတယ်။
ဒီရောဂါအခြေအနေကို မကုသဘဲထားမယ်ဆိုရင် အရေးပေါ်အခြေအနေအထိဖြစ်လာနိုင်ပြီး အဆိုးဆုံးအခြေအနေကတော့ ဆုံးပါးစေနိုင်တဲ့အထိ ဖြစ်ပေါ်စေပါတယ် ။
သွေးခဲစက ကွဲအက်သွားတဲ့အခါ အဆုတ်နဲ့ ဦးနှောက်ထဲ ရောက်ကာ အဆိုးရွားဆုံးရလဒ်ဖြစ်တဲ့ ရုတ်တရက်ဆုံးပါးတဲ့ထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီလိုအိပ်စက်တာကို အတတ်နိုင်ဆုံး သတိထားရှောင်ရှားဖို့အတွက် LifePlus မိတ်ဆွေိတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”
#LifePlus
#EnrichingHealth
#EnhancingBeauty