စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် လုပ်ဆောင်သင့်သော အချက် (၁၂) ချက် Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

နှစ်စဉ် October 10 ရက်နေ့ဟာ (“World Mental Health Day”) ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။  “World Mental Health Day” နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အထဲမှာမှ လူသားအားလုံးရဲ့ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက် (၁၂) ချက်ကိုမျှဝေပေးချင်ပါတယ်….

(၁)  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (သို့) ကခုန်ခြင်းတို့ကို ပြုလုပ်ပါ။
(၂)  ကောင်းမွန်သော အတွေးအခေါ်ရှိသူများနှင့်အတူ ပေါင်းသင်းပါ။
(၃)  မိမိရဲ့ လိုအပ်ချက်၊ မိမိကိုယ်ပိုင်ဆန္ဒကို အချိန်ယူဦးစားပေး တွေးတောပါ၊ မိမိကိုယ်ကို ချစ်ပါ။
(၄)  ကောင်းမွန်စွာ အိပ်စက် အနားယူပါ။
(၅)  မိမိ၏အတွေးများကို စာအုပ်တွင် ချရေးပါ။
(၆)  အသစ်အဆန်းအရာများကို လေ့လာသင်ယူပါ၊ ဝါသနာအသစ်တစ်ခုကို စတင်လိုက်ပါ။
(၇)  ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို တိုးတက်အောင်လုပ်ပါ။
(၈)  ဆိတ်ငြိမ်သောနေရာတွင် သက်တောင့်သက်သာသော အနေအထားဖြင့် တရားမှတ်ခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်ပါ။
(၉)  မိမိကျွမ်းကျင်သောအရာတို့ကိုလုပ်၍ ကိုယ့်ကိုကိုယ့်ယုံကြည်မှု တိုးတက်အောင်လုပ်ပါ၊ ထို့နောက် ခက်ခဲသည့်အရာကို စိန်ခေါ်လုပ်ကိုင်ကြည့်ပါ။
(၁၀) မိမိ တန်ဖိုးထားရသော ချစ်ခင်ရသောသူများနှင့် ပျော်ရွှင်သောဆက်ဆံရေးကို တည်ဆောက်ပါ။
(၁၁) စိတ်ထိခိုက် နာကျင် ခံစားနေရခြင်းတို့ကို ရင်ဖွင့်တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်များ ရယူပါ။
(၁၂) မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့် ရယ်မောစရာအကြောင်းအရာများ၊ ဟာသရုပ်ရှင်များ ကြည့်ခြင်းတို့ ပြုလုပ်ပါ။ ရယ်မောခြင်းသည် စိတ်ပူပင်သောကများကို လျော့နည်းသက်သာစေသည့်အတွက်ကြောင့်ဖြစ်ပါသည်။

Reference: https://www.mhanational.org/31-tips-boost-your-mental-health
https://www.betterhelp.com/…/seven-tips-on-how-to…
https://medlineplus.gov/howtoimprovementalhealth.html
https://www.mentalhealth.gov/basics/what-is-mental-health

#LifePlus_HealthTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *