နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ ???

နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ ???   LifePlus မိတ်ဆွေတို့ရေ အခုဆိုရင်တော့ ပူပြင်းလှတဲ့ နွေရာသီကိုရောက်ရှိလာပြီဘဲ ဖြစ်ပါတယ် ။ အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်း ဆိုတဲ့အတိုင်း ပူပြင်းတဲ့ ဒီနွေရာသီမှာ ကျန်းမာအောင်လို့ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို LifePlus မိတ်ဆွေတို့ကို မျှဝေလိုက်ပါတယ်ရှင် ။ နွေရာသီမှာ စားသုံးပေးသင့်တဲ့ အစားအသောက်များ ✓✓✓  လတ်ဆတ်တဲ့

Read More
Leave a comment

ခန္ဓာကိုယ် နောက်ကျောနဲ့ပုခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေမယ့် နည်းလမ်းများ ……..

ခန္ဓာကိုယ် နောက်ကျောနဲ့ပုခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေမယ့် နည်းလမ်းများ …….. ဝက်ခြံတွေဆိုတာ အဆီပိုတွေ ၊ ချွေးပေါက်ပိတ်ဆို့ခြင်း ၊ ဘတ်တီးရီးယား နဲ့ အရေးပြားတွေ သန့်ရှင်းမူ မရှိတာတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဝက်ခြံဆိုတာ မျက်နှာပေါ်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ပေါ်မှာလည်း ဖြစ်နိုင်ပါတယ် ။ သင့်အနေနဲ့ နောက်ကျောဘက်နဲ့ ပုခုံးလိုနေရာမျိုးတွေမှာ ဝက်ခြံတွေဖြစ်နေတယ်ဆိုရင်တော့ ဖော်ပြပါ

Read More
Leave a comment

အဆီပြန်သောအသားအရေထိန်းသိမ်းနည်းများ

သင်ဟာ မျက်နှာအဆီပြန်တတ်တဲ့သူလား ? အမှန်တော့ အဆီထွက်တာက အဆီဂရင်းကနေ အဆီတွေထုတ်လွတ်ပေးတာကြောင့်ပါ ။ အဆီထွက်တာကို လူတော်တော်များများက သဘောကျလေ့မရှိပေမယ့် အိုမင်းရင့်ရော်မူကို ကာကွယ်ပေးတဲ့ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့်လည်း အဆီတွေအလွန်အကျွံ ထွက်တယ်ဆိုရင်တော့ သတိထားရပါမယ် ။ ဒီလို အဆီပြန်တတ်သူတွေအတွက် ဒီနည်းလမ်းလေးတွေ အသုံးပြုပြီးတော့ သက်သာအောင် ထိန်းသိမ်းလို့ရပါတယ် ။ ( ၁

Read More
Leave a comment

နွေရာသီနှသိထားသင့်တဲ့ ပန်ကာလေရဲ့ဆိုးကျိုးများ ☀️☀️☀️

ရောက်ရှိလာတော့မယ့် နွေရာသီနဲ့ သိထားသင့်တဲ့ ပန်ကာလေရဲ့ဆိုးကျိုးများ  မကြာခင် နွေရာသီရောက်လာတော့မှာဆိုတော့ ပန်ကာနဲ့ အဲကွန်းတွေဖွင့်ပြီး အပူဒဏတ်ကို အံတုကြတော့မှာပေါ့ ။ အများစုက ပန်ကာတွေဖွင့်တတ်တာမို့ ပန်ကာလေဖွင့်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးအတွက် မကောင်းတဲ့အချက်တွေရှိတတ်တာမို့ LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ အိပ်တဲ့အခါ ပန်ကာဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ်ကုန်ခန်းတာ၊ ပါးစပ်နဲ့

Read More
Leave a comment

SENSITIVE SKIN သမားတွေ အတွက် အသားအရည်ထိန်းသိမ်းနည်း

အသားအရေတွေထဲမှာ အထူးဂရုစိုက်သင့်တဲ့ အသားအရေပိုင်ရှင်တွေကတော့ SENSITIVE SKIN သမားတွေပါဘဲ ။ တစ်ခုလေးမှားတာနဲ့ အသားအရေမှာ ပြဿနာများစွာဖြစ်နိုင်တာမို့ များစွာဂရုစိုက် သတိထားဖို့လိုပါတယ် ။ ဒီနေ့မှာတော့ LifePlus မိတ်ဆွေထဲက SENSITIVE SKIN ရှိသူတွေအတွက် သိသင့်တဲ့ အချက်လေးတွေကို ​ေဝမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) Gentle cleanser ကို အသုံးပြုပါ

Read More
Leave a comment

ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး

ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး ကြက်ဥအကာကို အုန်းဆီ စားပွဲတင်ဆား ၂ဇွန်းနဲ့ရောမွှေပီး ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၂၀ ပွတ်လိမ်းပီး ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းက အိမ်မှာရှိတဲ့သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်နိုင်တာဖြစ်ပြီး ဆံပင်သစ်တွေထွက်စေတာမို့ ဆံပင်ကို ပိုပြီးအုံထူလာစေပါတ​ယ် ။ ပျားရည်ခွက်တဝက်စာနဲ့ သံလွင်ဆီခွက်လေးပုံတပုံစာကို ရောမွှေပီး microwave မှာ မိနစ်၂၀ထားပါ အေးသွားတဲ့အခါ ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၃၀သုပ်လိမ်းထားပီး ခေါင်းလျှော်ချလိုက်ပါ။ ပျားရည်နဲ့သံလွွင်ဆီကလည်း

Read More
Leave a comment

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သဘာဝနည်းလမ်းများဖြင့် ဖယ်ရှားနိုင်မယ့်ပစ္စည်းများ……

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သဘာဝနည်းလမ်းများဖြင့် ဖယ်ရှားနိုင်မယ့်ပစ္စည်းများ ( ၁ ) ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်က ဝက်ခြံရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပြီး ဝက်ခြံကြောင့် ဖြစ်တတ်တဲ့ အမာရွတ်တွေကိုလည်း သိသာစွာသက်သာစေပါသည် ။ ( ၂ ) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါက အရေပြားရဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးပြီး ဝက်ခြံတွေကို သိသိသာသာသက်သာစေပါတယ် ။ ဒါ့အပြင် တစ်နေ့တစ်ကြိမ် သုံးပေးခြင်အားဖြင့်

Read More
Leave a comment

ကြက်သွန်နီရဲ့ အလှအပကောင်းကျိုးများ 🧅🧅🧅

ကြက်သွန်နီရဲ့ အလှအပကောင်းကျိုးများ  LifePlus မိတ်ဆွေတို့ရေ မီးဖိုချောင်သုံး ပစ္စည်းတွေက တစ်ခါတလေဟင်းချက်ရာမှာတင် မကဘဲအလှအပနဲ့ပတ်သက်ပြီး အသုံးဝင်တာကိုရော သိပြီးကြပြီလား ??? ကြက်သွန်နီရဲ့ အလှအပအတွက် ကောင်းကျိုးလေးတွေကို မင်မင်က LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ ( ၁ ) အရေးအကြောင်း သက်သာစေနိုင် ။ ကြက်သွန်နီက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီး

Read More
Leave a comment

ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ ❓❄️❄️❄️

ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ  LifePlus ချစ်သူတို့ရေ အခုဆိုရင် ရာသီဥတုကအေးလာပြီမို့ ဆောင်းတွင်းကာလမှာ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ကာကွယ်ရမယ့်နည်းလမ်းလေးတွေကို LifePlus ချစ်သူတို့အတွက်ဝေမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) အပျော့စားထုတ်ကုန်တွေ အသုံးပြုပါ ။ ဆောင်းတွင်းမှာတခြားရာသီတွေထက်ပိုပြီးထိခိုက်လွယ်တာမို အသားရေရဲ့ pH ပမာဏကို ထိန်းပေးရမယ့်အပြင် အလှကုန်ပစ္စည်းတွေကို အလွန်အကျွသုံးစွဲတာမျိုးကိုရှောင်ရှားပြီး ပုံမှန်ထုတ်ကုန်တွေကိုအသုံးပြုပါ ။

Read More
Leave a comment

အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ…….

အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ သဘာဝပစ္စည်းတွေက ကောင်းကျိုးတွေအများကြီးရှိသလို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသုံးစွဲမိပါကလည်း ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ် ။ အိမ်မှာအလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေကိုအလွန်အကျွံ သုံးမိပါကဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို LifePlus ကာကာလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ ၁ ။ အုန်းဆီ အုန်းဆီက ဆံသားကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ် ။ သို့ပေမယ့် အလွန်အကျွံသုံးစွဲရင်တော့ ဆံသားကိုခြောက်သွေ့စေနိုင်ပါတယ် ။ ၂

Read More
Leave a comment

ဆောင်းတွင်းကာလ အသားအရေခြောက်သွေ့သူတို့ သိထားသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းများ…………….

LifePlus ချစ်သူတို့ရေ အခုဆိုရင် ဆောင်းတွင်းကာလထဲ ရောက်နေပြီမို့ LifePlus ချစ်သူတို့ဖြစ်လေ့ဖြစ်ထရှိတဲ့ အသားအရေခြောက်သွေ့တဲ့ ပြဿနာကို အထိရောက်ဆုံးထိန်းသိမ်းဖို့အတွက် LifePlus ကနေပြီးတော့ အောက်ပါနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) မျက်နှာသစ်ပြီးသွားတာနဲ့ Moisture သေချာလိမ်းပေးပါ ။ ( ၂ ) Serum လိမ်းပေးပါ ။ ( ၃

Read More
Leave a comment

အကြောပြတ်ရာများအား သဘာ၀နည်းဖြင့် ကုသခြင်း

‘အကြောပြတ်ရာများအား သဘာဝနည်းဖြင့်ကုသခြင်း” – ရေများများသောက်ပါ။ – မုန်ညင်းဆီ ( သို့မဟုတ် ) အုန်းဆီလိမ်းပါ။ – သံပုရာရည်လိမ်းပါ။ – ကြက်ဥအကာကို တစ်နေ့လျှင် ၂ ကြိမ် အကြောပြတ်ရာနေရာများတွင် လိမ်းပေးပါ။ ဖော်ပြပါနည်းလမ်းလေးတွေကတော့ လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းလေးတွေမို့ LifePlus ရဲ့မိတ်ဆွေ တို့ကိုမျှ‌ဝေပေးလိုက်ပါတယ်နော်။ “ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ” #LifePlus_BeautyTips #EnrichingHealth

Read More
Leave a comment

Waxing လုပ်တဲ့အခါဆောင်ရန်အချက်များ

Waxing လုပ်တဲ့အခါဆောင်ရန်အချက်များ Waxing မလုပ်ခင် Waxing လုပ်မယ့်နေရာသေချာသန့်ရှင်းရေးလုပ်ပြီးပေါင်ဒါလိမ်းပါ ( ပေါင်ဒါလိမ်းတာကနာကျင်တာနဲ့နီရဲပြီးရောင်ရမ်းတာကိုသက်သာစေပါတယ် ) Waxing လုပ်ပြီး နှစ်ရက်သုံးရက်အကြာမှာ Scrub ပြန်လုပ်ပေးရပါမည်။ Scrub တိုက်ပြီးတဲ့အခါတွင်လည်းအသားမခြောက်စေရန် အတွက် Moisture ပါတဲ့ lotion တစ်ခုခုပြန်လိမ်းပေးသင့်ပါသည်။ Waxing လုပ်တဲ့အခါရှောင်ရမယ့်အချက်များ အနံ့ပြင်းသော Lotion, Cream များအား အသုံးပြုခြင်းအားရှောင်ရပါမည်။ Waxing လုပ်ထားသောနေရာအား

Read More
Leave a comment

“သံပုယိုရည်ရဲ့ ကျန်းမာရေးနဲ့ အလှအပ အတွက် အကျိုးကျေးဇူးများ”

“သံပုယိုရည်ရဲ့ ကျန်းမာရေးနဲ့ အလှအပ အတွက် အကျိုးကျေးဇူးများ” ~ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။ ~အစာခြေစနစ် ကောင်းမွန်စေခြင်း။ ~ကိုယ်အလေးချိန် လျှော့ချပေးခြင်း။ ~ခံတွင်းအနံ့ ကောင်းမွန်စေခြင်း။ ~အသားအရေ ကြည်လင်ဝင်းပစေခြင်း။ ~အမာရွတ်များကို သက်သာစေခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Royal Jelly အကြောင်းသိကောင်းစရာများ ……….

Royal Jelly ဆိုတာ ပရိုတင်း ကြွယ်ဝပြီး လုပ်သားပျားတွေရဲ့ ဂလင်းတွေကနေ ထုတ်လုပ်ထားတဲ့ အရာတစ်မျိုးပါ။ ပျားဘုရင်မ အသက်ရှည်စေဖို့ နဲ့ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ သဘာဝ အာဟာရ တစ်မျိုးဖြစ်ပါတယ်။ Royal Jellyက – အရေးအကြောင်းတွေကို သက်သာစေတယ် – အသားအရောင် ညီစေတယ် – ဝက်ခြံ

Read More
Leave a comment

Skin Aging (အ​ရေးအ​ကြောင်းများ) ဖြစ်ပွားမှုအ​ကြောင်းအရင်းများ……

Skin Aging (အ​ရေးအ​ကြောင်းများ) ဖြစ်ပွားမှုအ​ကြောင်းအရင်းများ – ​နေ​ရောင်ခြည်နဲ့တိုက်ရိုက်ထိ​တွေ့မှု့များခြင်း။ – ​ဆေးလိပ်အလွန်အကျွံ​သောက်သုံးခြင်း။ – မျက်နှာ​ပေါ်သို့ Chemical Products အများအပြားအား စမ်းသပ်အသုံးပြုခြင်း။ – Treatment ပုံမှန်မပြုလုပ်ခြင်း။ – အစားအ​​သောက်​ရှောင်ကြဥ်မစားခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အကြောပြတ်ရာဖြစ်ခြင်းမှ ကာကွယ်နည်းများ…….

အကြောပြတ်ရာဖြစ်ခြင်းမှ ကာကွယ်နည်းများ – နေရောင်ခြည်နဲ့ အချိန်ကြာကြာတိုက်ရိုက်ထိတွေ့ခြင်းမှကာကွယ်ခြင်း၊ – အရေပြားအားပုံမှန်ရေဓာတ်ဖြည့်ပေးခြင်း၊ – ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ခြင်း၊ – ကိုယ်အလေးချိန် အတက်အကျ ရုတ်တရက်မဖြစ်အောင် ဂရုစိုက်ခြင်း၊ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အမာရွတ်အတွက် အလွယ်ကူဆုံး အသုံးပြုနိုင်သည့် သဘာ၀အိမ်တွင်းသုံးနည်းလမ်းများ………

အမာရွတ်အတွက် အလွယ်ကူဆုံး အသုံးပြုနိုင်သည့် သဘာ၀အိမ်တွင်းသုံးနည်းလမ်းများ – ရှား​စောင်းလက်ပတ်အနှစ်ဖြင့် အမာရွတ်​နေရာအားလိမ်း​ပေးခြင်း။ – ပန်းသီးရှာလကာရည် ၂ဇွန်း နဲ့ ​​ရေ ၄ဇွန်း​ရောပြီး Cotton Pad ဖြင့်အမာရွတ်​နေရာလိမ်း​ပေးခြင်း။ – မုန့်ဖုတ်ဆိုဒါကို ​ရေဖြင့် အနှစ်ရ​အောင်​ဖျော်ပြီး အမာရွတ်​ပေါ်လိမ်း​ပေးခြင်း။ – မုန့်ဖုတ်ဆိုဒါကို ​ရေဖြင့် အနှစ်ရ​အောင်​ဖျော်ပြီး အမာရွတ်​ပေါ်လိမ်း​ပေးခြင်း။ – အာလူး မထူမပါးလှီးပြီး အမာရွတ်​နေရာတွင်

Read More
Leave a comment

မိုးရွာသီတွင် ဦး​ရေပြား​ဗောက်ထခြင်း မှ ကာကွယ်နိုင်​သောနည်းလမ်း​ကောင်းများ……..

မိုးရွာသီတွင် ဦး​ရေပြား​ဗောက်ထခြင်း မှ ကာကွယ်နိုင်​သောနည်းလမ်း​ကောင်းများ…….. – ​ရေပူဖြင့် ​ခေါင်း​လျှော်ခြင်းမှ​ရှောင်ရှားပါ။ – မှန်ကန်​သော Shampoo ​ရွေးချယ်ပါ။ – အနည်းဆုံး တလ(၂)ကြိမ် Hair Treatment ပုံမှန်ပြုလုပ်ပါ။ – Conditioner ပုံမှန်အသုံးပြု​ပေးပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

Strawberry Leg ​လေး​တွေမဖြစ်ရ​အောင် ဘယ်လိုကာကွယ်ကြမလဲ?……..

Strawberry Leg ​လေး​တွေမဖြစ်ရ​အောင် ဘယ်လိုကာကွယ်ကြမလဲ? – ပုံမှန် Exfoliation လုပ်​ပေးပါ။ – Scrub လုပ်ပြီးတိုင်း Moisture များများပါ​သော Body Lotion/Body Cream သုံး​ပေးပါ။ – မိမိ​ခြေ​ထောက်​လေးများကိုသန့်ရှင်းစွာထားပါ။ – တင်းကြပ်​စေ​သော အ၀တ်အစားများ ၀တ်ခြင်းမှ​ရှောင်ပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မျက်ကွင်းညိုခြင်းမှကာကွယ်ခြင်း…….

မျက်ကွင်းညိုခြင်းမှကာကွယ်ခြင်း Antioxidant ပါဝင်တဲ့ Skin Care တွေကိုအသုံးပြုပေးပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။ Eye Cream ပုံမှန်သုံးပေးပါ။ ရေဓာတ်လုံလောက်စွာသောက်သုံးပေးပါ။ Vitamin C လုံလောက်စွာစားသုံးပေးပါ။

Read More
Leave a comment

တင်းတိပ်ဖြစ်​ပေါ်​စေ​သောအ​ကြောင်းအရင်းများ………

တင်းတိပ်ဖြစ်​ပေါ်​စေ​သောအ​ကြောင်းအရင်းများ – သ​န္ဓေတား​ဆေး နှင့် ​ဆေးဝါးအချို့သုံးစွဲ​ရ​သောသူများ – ​ဟော်မုန်း​ပြောင်းလဲလာသူများ – ​နေ​ရောင်ခြည် နှင့် တိုက်ရိုက်ထိ​တွေ့မှုများ​သောသူများ – အပူဆီ​ကြော်များနှင့်တိုက်ရိုက်ထိ​တွေ့မှုများ​သောသူများ – တင်းတိပ်မျိုးရိုးရှိသူများ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ခံတွင်းနံ့ဆိုးထွက်ခြင်းမှ​ရှောင်ကြဥ်ခြင်း

– ခံတွင်းကျန်းမာ​ရေးအတွက် ​ရေဓါတ်ပြည့်၀​စေရန် ​ရေပုံမှန်​သောက်​ပေးခြင်း။ – အနံ့ပြင်း​သောအစားအစာများစားခြင်းမှ ​​ရှောင်ကြဥ်ခြင်း။ – ခံတွင်းသန့်ရှင်း​ရေး ပုံမှန်လုပ်​ပေးခြင်း။ – သွားက်ုတ​နေ့(၂ကြိမ်) ပုံမှန်တိုက်​ပေးခြင်း။ – ပုံမှန်သွားစစ်​ဆေးမှုများ ပြုလုပ်​ပေးခြင်း။ – အမျှင်ဓါန်ပါ​သောအစားအစာများ ပုံမှန်စားသုံး​ပေးခြင်း။ – ​ဆေးလိပ် နှင့် ​ဆေးရွက်ကြီး သုံးစွဲခြင်းမှ ​ရှောင်ကြဥ်ခြင်း။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Collagen​သောက်သုံးခြင်း၏အကျိုး​ကျေးဇူးများ…….

Collagen​သောက်သုံးခြင်း၏အကျိုး​ကျေးဇူးများ – အ​ရေပြားဆဲလ်​သေများကို ပြန်လည်အစားထိုး​ပေးခြင်း – ခန္ဓာကိုယ်တွင်း အရိုးအဆစ်များကိုကျန်းမာလာ​စေခြင်း – အရိုးအဆစ်​ရောင်ခြင်းကို ကာကွယ်​ပေးခြင်း – ဆံသားကျန်းမာ​ရေးကိုအားဖြည့်​​ပေးခြင်း – အသားအရည် ကြည်လင်သန့်စင်လာခြင်း – မိမိ၏ဆံသားကို အားဖြည့်​ပေးခြင်း #LifePlus_BeautyTip #EnrichingHealth #EnrichingHealth See less

Read More
Leave a comment

မိုးရာသီမှာ ဆံသားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ?…….

မိုးရာသီမှာ ဆံသားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ? – သံလွင်ဆီ၊ အုန်းဆီ (သို့) ခေါင်းလိမ်းဆီ တခုခုလိမ်းပေးပါ။ – Hair Conditioner သုံးပေးပါ။ – မိုးရာသီတွင် ကျစ်ဆံမြီး ကျစ်ခြင်းမှရှောင်ကြဉ်ပါ။ – မိုးရေစိုထားလျှင် ဆံသားကိုသေချာစွာ ဆေးကြောပေးပါ။ – ဆံပင်ကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ – အပြင်သွားတိုင်း ဆံသားနှင့်ခန္ဓာကိုယ်အတွက် ထီး(သို့)မိုးကာများ ယူဆောင်သွားပါ။

Read More
Leave a comment

“မိမိအသားအရည်နဲ့ ပတ်သက်ပြီးမှန်ကန်တဲ့မျက်နှာသစ်ဆေးဘယ်လိုရွေးချယ်မလဲ”

မိမိအသားအရည်နဲ့ ပတ်သက်ပြီးမှန်ကန်တဲ့မျက်နှာသစ်ဆေးဘယ်လိုရွေးချယ်မလဲ။ Facial Cleanser မှာဆိုရင်ဖြင့် – Foaming Cleanser သည်အမြှုပ်ထွက်အားကောင်းစေပြီး အဆီပြန်အသားအရည် နှင့် ပေါင်းစပ်အသားအရည် အတွက်သင့်လျော်ပါတယ်။ – Gel Cleanser သည် Lightweight ပုံစံဖြစ်ပြီးအတွင်းပိုင်းထိသန့်စင်ပေးတဲ့အတွက် အဆီပြန်ပြီး ဝက်ခြံသမားတွေအတွက်သင့်လျော်ပါသည်။ – Oil Based Cleanser သည် မိတ်ကပ်အညစ်အကြေးနှင့် ဖုန်မှုန့်တွေကို သေချာစွာသန့်စင်ပေးပြီး မိတ်ကပ်နေ့တိုင်းလိမ်းရတဲ့

Read More
Leave a comment

Skin Care step by step လိမ်းနည်း…………

Skin Care step by step လိမ်းနည်း – Facial Cleanser ဖြင့်ဦးစွာမျက်နှာကိုသန့်စင်ပါ။ – မိမိ အသားအရည် နှင့် သင့်လျော်တဲ့ Toner မျိုးရွေးသုံးပါ။ – Essence (သို့) Serum အသုံးပြုပါ။ – Eye Cream လိမ်းပါ။ – မှန်ကန်တဲ့ Moisturizer ရွေးသုံးပါ။

Read More
Leave a comment

ဆံပင်ကျွတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ?…..

– ဆံသားကို သန့်ရှင်းအောင်ထားပါ။ – ဆံပင်ကို ပုံမှန်ဖြီးပါ။ – ခေါင်းခဏခဏ မကုတ်ပါနဲ့။ – ရေနွေးနွေးလေးဖြင့်‌ ခေါင်းလျှော်ပေးပါ။ – သဘာဝသံလွင်ဆီ (သို့) ကြက်ဆူဆီလိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

ဆွဲဆောင်မှုရှိသော “အပြုံး” ပိုင်ရှင်ဖြစ်စေဖို့…….

– တနေ့(၂)ကြိမ် ပုံမှန်သွားတိုက်ပါ။ – ခံတွင်းအနံ့ဆိုးမဖြစ်အောင်အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ – အပူအပုပ်ကင်းစေပြီး ၀မ်းမှန်စေဖို့ အသီးအနှံအားမျှတစွာစားသုံးပါ။ – တပတ် (၂) ကြိမ်Lip Scrub အား အသုံးပြုပြီး နှုတ်ခမ်းသားအားချောမွတ်စေရန် Lip Balm ပြန်သုံးပါ။ – ရေများများသောက်ပါ။ – အိပ်ရေးဝဝအိပ်ပါ။

Read More
Leave a comment

နွေရာသီမှာ မိမိရဲ့ဆံနွယ်လေးတွေကို သေချာဂရုစိုက်ကြမယ် ……

နွေရာသီမှာ မိမိရဲ့ဆံနွယ်လေးတွေကို သေချာဂရုစိုက်ကြမယ် … -ချွေးထွက်အဆီပြန်လွယ်တဲ့ ဆံကေသာများကို တစ်ပတ် 2ကြိမ် သို့ 3ကြိမ် ပုံမှန်လျှော်ပေးပါ။ -ခေါင်းလျှော်တိုင်း ပေါင်းဆေး (သို့) ပျော့ဆေး အသုံးပြုပါ။ -ဆံကေသာကို မကြာခဏအပူပေးပြီး ပုံသွင်းခြင်းအား‌ရှောင်ရှားပါ။ -UV rays မှကာကွယ်ပေးနိုင်သော Hair Care Product များရွေးချယ်အသုံးပြုပါ။ -ဆံသားအရောင်မလွင့်စေရန် အပြင်သွားတိုင်း ထီး (သို့

Read More
Leave a comment

နွေရာသီမှာဘယ်လိုနည်းလမ်းမှန်မှန်နဲ့ အသားအရည်ထိန်းသိမ်းမလဲ???

-ကိုယ့်အသားအရည်နဲ့ကိုက်ညီမယ့် skin Care မျိုးရွေးသုံးပါ။ -နွေရာသီတွင် Cream Type ဖြစ်သော Moisturizer သုံးခြင်းအားရှောင်ကြဥ်ပါ။ -အဆီပြန်တဲ့အသားအရည်အတွက် Oil Free Moisturizer သုံးပါ။ -မိတ်ကပ်အထူကြီးလိမ်းခြင်းအားရှောင်ကြဥ်ပါ။ -မိတ်ကပ်လိမ်းပြီးတိုင်း Deep Cleansing သေချာပြန်လုပ်ပါ။ -sunscreen မဖြစ်မနေလိမ်းပါ။

Read More
Leave a comment

မိမိအသားအရည်နဲ့ကိုက်ညီမယ့် Make Up Foundation ဘယ်လိုရွေးချယ်မလဲ……

-မိမိအသားအရည်အမျိုးအစားပေါ်မူတည်၍ သေချာစွာရွေးချယ်ဝယ်ယူပါ။ (ဉပမာ အဆီပြန်တတ်သောအသားအရည်ဖြစ်လျှင် Oil Free ပါသော Foundation အားရွေးချယ်သင့်ပါတယ်) -Foundation အရောင်အား ရွေးချယ်ရာတွင် မျက်နှာအောက်နား(မေးစိ)တွင် စမ်းသပ်ဝယ်ယူပါက ပိုမို သင့်လျော်ပါတယ်။ -Foundation ဝယ်ယူရာတွင် တတ်နိုင်သမျှ Online မှ မှာယူခြင်းရှောင်ကြဉ်ပါ။

Read More
Leave a comment

နေလောင်သွားတဲ့အသားအရည်ကို ဘယ်လိုပြန်ထိန်းသိမ်းမလဲ???

– အပြင်းစား Scrubနဲ့တိုက်ရိုက်ထိတွေ့တာမျိုးမပြုလုပ်သင့်ပါ။ – အဆိုဓါတ်ပေးနိုင်မယ့် Lotion မျိုးကို ဦးစွာ အရင်လိမ်းပါ။ – မိမိအသားအရည်နဲ့ သင့်လျော်မယ့် scrub အမျိုးအစား သုံးပါ။ -နေ့ဘက်အပြင်ထွက်တဲ့အခါ အနည်းဆုံး Spf 30+ ပါတဲ့ lotion မျိုးမဖြစ်မနေလိမ်းပါ။ – ညဘက်မှာဆိုရင်တော့ အစိုဓါတ်ပေးပြီ ‌ဖြူဝင်းစေနိုင်မယ့် Lotion မျိုးလိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth

Read More
Leave a comment

ပေါင်းဆေး ပျော့ဆေး ကို မဖြစ်မနေအသုံးပြုသင့်သည့် ဆံကေသာပိုင်ရှင်များ……..

ပေါင်းဆေး ပျော့ဆေး ကို မဖြစ်မနေအသုံးပြုသင့်သည့် ဆံကေသာပိုင်ရှင်များ – မကြာခဏ အပူပေးပြီးဆံကေသာကို ပြုလုပ်တတ်သည့်သူများ – ဆိုးဆေးမကြာခဏဆိုးတတ်သည့်သူများ – ခြောက်သွေ့ဖွာလန်ပြီး အဖျားနှစ်ခွ ဖြစ်သည့်သူများ – ပျက်စီးပြီးကြမ်းတမ်းသောဆံကေသာများ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့……

ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့…… – နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားပါ။ – ဆေးလိပ်သောက်ခြင်းအားရှောင်ကြဉ်ပါ။ – ကိုယ့်အသားအရည် နဲ့ ကိုက်ညီမည့် Skincare အားရွေးသုံးပါ။ – အစာအာဟာရမျှတစွာစားသုံးပါ။ – စိတ်ဖိစီးမှုလျှော့ချပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မလိုချင်တဲ့အမွှေးအမျှင်တွေကို နည်းလမ်းမှန်မှန်နဲ့ဖယ်ရှားဖို့…….

– Waxing လုပ်မည့်နေရာကို ဦးစွာ သန့်စင်ပြီး ခြောက်သွေ့အောင်လုပ်ပါ။ – အသုံးပြုမည့် Waxing ကိုသေချာစွာလိမ်းပြီးဖယ်ရှားပါ။ – Waxing လုပ်ပြီးသွားသည့်အခါ ရေခဲအဝတ်ဖြင့်အုပ်ထားပါ။ – နောက်ဆုံးတွင် Oil-Free or non-comedogenic ဖြစ်သော Moisturizers လိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆံပင်ကျွတ်ခြင်းအကြောင်းအရင်းများ……..

– စိတ်ဖိစီးမှုများခြင်း – အစာအာဟာရမျှတစွာမစားသုံးခြင်း – ခေါင်းပုံမှန်မလျှော်ခြင်း – မျိုးရိုးလိုက်ခြင်း – ဟော်မုန်းအပြောင်းအလဲကြောင့်ကျွတ်ခြင်း – သောက်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ကျွတ်ခြင်း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဟော်မုန်းကြောင့်ဖြစ်တဲ့ “ဝက်ခြံ”

ဟော်မုန်းဝက်ခြံဆိုတာက ဟော်မုန်းအတက်အကျနဲ့ဆက်စပ်နေတဲ့ ဝက်ခြံအမျိုးအစားဖြစ်ပြီး အရွယ်ရောက်ပြီးသူ ကျားမ မရွေး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံး ပေါက်လေ့ရှိပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆုံးခြင်းစတဲ့ အမျိုးသမီးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကိစ္စရပ်တွေကြောင့်လည်း ဟော်မုန်းဝက်ခြံထွက်ကြပါတယ်။ အသက်၂၀ဝန်းကျင် အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်က ဟော်မုန်းဝက်ခြံပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဟော်မုန်းဝက်ခြံတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ? အရွယ်ရောက်ပြီးချိန်မှာ ဟော်မုန်းဝက်ခြံတွေဟာ T-zone

Read More
Leave a comment

ဝက်ခြံမထွက်အောင် ဘာလုပ်သင့်လဲ?

– မျက်နှာကို သန့်စင်အောင် နေ့စဉ်ပြုလုပ်ပါ။ – မိမိအသားအရေ နဲ့ တည့်သည့် ပစ္စည်းများအားရွေးချယ်သုံးစွဲပါ။ – အစားအသောက်ပုံစံပြောင်းလဲပါ။ – ရေများများသောက်ပါ။ – အိပ်ချိန်မှန်မှန်ထားအိပ်ပါ။ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အကြောပြတ်ရာမဖြစ်အောင်……

– အာဟာရပြည့်ဝတဲ့ အစားအစာများ ရွေးချယ်စားသုံးပါ။ – ရေအလုံအလောက်သောက်ပါ။ – အစိုဓာတ်ဖြည့်တင်းပေးတဲ့ လိုးရှင်း မှန်မှန်လိမ်းပေးပါ။ – ကိုယ်အလေးချိန်ကိုတတ်နိုင်သလောက်ထိန်းပေးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Collagen ‌သောက်ခြင်းရဲ့အကျိုးကျေးဇူးများ

– အသားအရည်ကြည်လင်စေပြီး အမဲစက်ဖြစ်မှုကိုလျှော့ချနိုင်ခြင်း။ – ဆံကေသာပိုမိုကောင်းမွန်လာခြင်း။ – နှုတ်ခမ်းသားများ ပန်းရောင်သန်းပြီး လှပစေခြင်း။ – လက်သည်း ခြေသည်း များ ကျိုးလွယ်မှုကို လျှော့ချပေးခြင်း။ – အသားအရေတင်းရင်းလာပြီး အရေးအကြောင်းဖြစ်မှုကို လျှော့ချပေးခြင်း။ – အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ခြင်း။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ချွေးပေါက်ကျယ်ခြင်း အကြောင်းအရင်းများ……..

-နေပူထဲအသွားများခြင်း -အဆီထုတ်လွှတ်မှုများခြင်း -ဆေးလိပ်သောက်ခြင်း -ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်စေခြင်း -မျိုးရိုးကြောင့်ဖြစ်နိုင်ခြင်း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆောင်းတွင်းမှာနှုတ်ခမ်းမခြောက်အောင် ဘယ်လိုကာကွယ်မလဲ???

-ရေများများသောက်ပါ -နှုတ်ခမ်းကိုလျှာနှင့် မကြာခဏမလျက်ပါနဲ့ -နှုတ်ခမ်းကို လက်ဖြင့်ခွာခြင်းအား ရှောင်ကြဥ်ပါ -Lip balm သုံးပါ -ညအိပ်ခါနီးတိုင်း Sleeping Lip Mask လိမ်းအိပ်ပါ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ကိုယ်ဝန်ဆောင်နေစဥ်အတွင်း အကြောပြတ်ရာကိုဘယ်လိုထိန်းသိမ်းမလဲ??……

-ဆရာဝန်ညွှန်ကြားထားသည့် အကြောပြတ်ရာ Cream လိမ်းပေးပါ -နေရောင်ခြည်နဲ့အချိန်ကြာမြင့်စွာထိတွေ့ခြင်းကိုရှောင်ကြဥ်ပါ -ကိုယ်ဝန်ဆောင်ပြီးချိန်တွင် အကြောပြတ်ရာကို လေဆာကုထုံးဖြင့် ဖျောက်လိုပါက အရေပြားအထူးကုဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပါ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ကိုယ်ဝန်ဆောင်နေစဥ်မှာ အသားအရေဘယ်လိုထိန်းသိမ်းမလဲ??

– ခြောက်သွေ့နီမြန်းပြီး အသားအရေယားယံချိန်တွင် အဆီကိုအခြေခံထုတ်လုပ်တားတဲ့ သန့်စင်ဆေးမျိုသုံးပါ။ – မျက်နှာအတွက်ပြုလုပ်ထားတဲ့ အဆီကိုလိမ်းခြင်းဖြင့် ‌ရေဓါတ်ဖြည့်ပေးပါ။ – ယားယံပြီး ဗိုက်ကြောပြတ်ချိန်တွင် ရေများများသောက်ပါ။ – ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ stretch marks cream ကို ရွေးသုံးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အသားအရည် ခြောက်သွေ့တတ်သူများသိကောင်းစရာ

-ရေဓါတ်ဖြည့်တင်းပေးတဲ့ Serum တစ်မျိုးမျိုးကိုသုံးပါ -အစိုဓါတ်အပြည့်အဝပေးနိုင်တဲ့ Moisturizer ရွေးသုံးပါ – Dry Skinအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးသုံးပါ -ပျားရည်(သို့) အုန်းဆီ ပါဝင်သော Mask မျိုးသုံးပါ -ရေနွေးဖြင့်အချိန်ကြာမြင့်စွာ ရေချိုးခြင်းကိုရှောင်ကြဥ်ပါ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

အမာရွက်အမဲစက်လျှော့ချပြီး ဝက်ခြံကင်းဝေးစေနိုင်ဖို့………

-မျက်နှာပုံမှန်သစ်ပေးပါ -ဆံပင်ကိုသန့်ရှင်းအောင်ထားပြီး မျက်နှာနှင့်ထိတွေ့မှုမရှိအောင်ထားပါ -အဆီအစိမ့်များလွန်းသော အစာများကိုရှောင်ရှားပါ -နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ -အိမ်ယာခင်းကိုသန့်ရှင်းအောင်ထားပါ -ဝက်ခြံများကိုလက်ဖြင့်ညှစ်ခြင်းမှ ရှောင်ကြဥ်ပါ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ပရိုတင်း အလုံအလောက်မရရှိတဲ့အခါ ဖြစ်ပေါ်စေနိုင်သောအကြောင်းအရင်းများ……

– ခြေထောက်များရောင်ဖောခြင်း – စိတ်မကြည်မလင်ခြင်း – အရေခွံကွာခြင်း၊ဆံပင်ကျွတ်ခြင်းနှင့်လက်သည်းပြသာနာများဖြစ်ပေါ်စေခြင်း – မောပန်းနွမ်းနယ်ခြင်း – အစာစားချင်စိတ်မြင့်တက်စေခြင်း – မကြာခဏဖျားနာမှုဖြစ်စေခြင်း #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆောင်းတွင်းမှာ အသားရေ ခြောက်သွေ့ခြင်းမဖြစ်အောင်……..

– Oil or cream based type Cleanser မျိုးသုံးပါ – Cream-gel,Lotion Type Moisturizer ရွေးသုံးပါ – ဆဲလ်အသေတွေဖယ်ရှားပေးဖို့ exfoliate လုပ်ပေးပါ – Sunscreen မဖြစ်မနေလိမ်းပေးပါ – ညဘက်အိပ်တဲ့အခါ Over Night Mask or Sleeping Mask သုံးပါ –

Read More
Leave a comment

Detox သောက်ခြင်းအကျိုးကျေးဇူးများ……..

– ခန္ဓာကိုယ်အတွက် မလိုအပ်သော အဆိပ်အတောက် နဲ့ အဆီပိုကိုလျှော့ချပေးခြင်း။ – ဝမ်းချုပ်တာကိုသက်သာစေခြင်း။ – အသားအရည်ကြည်လင်စေခြင်း။ – အစာချေစနစ်ကိုကောင်းမွန်စေခြင်း။ – စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း။ – အပူအပုတ်ကင်းစင်စေပြီး ကျန်းမာစိုပြေစေခြင်း။ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အသားအရေခွဲခြားနည်း

မိတ်ကပ်တွေကို သေချာစွာဖျက်ပြီး Cleanser ဖြင့်ညင်သာစွာသန့်စင်ပါ၊ အဝတ်ခြောက်လေးနဲ့ ဖွဖွလေးသုတ်ပြီး ဘာမှမလိမ်းပဲ မိနစ် 30-40လောက်ထားပေးပါ၊ – မျက်နှာသစ်ပြီးသည့်တိုင် အသားအရေက စိုစွတ်ခြင်းမရှိပဲ ခြောက်ခြောက်ကြီးဖြစ်နေပါက Dry Skin – မျက်နှာသစ်ပြီးခဏအကြာမှာပဲ မျက်နှာတပြင်လုံး အဆီပြန်နေပါက Oily skin – T Zone ပဲ အဆီပြန်ပြီး ကျန်တဲ့နေရာခြောက်သွေ့နေပါက combination skin

Read More
Leave a comment

ခံတွင်းနံ့ဆိုးခြင်းကိုဘယ်လိုကာကွယ်မလဲ?….

– တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။ – ဖလိုရိုဒ်ပါသောသွားတိုက်ဆေးသုံးပါ။ – လျှာကိုသန့်ရှင်းရေးလုပ်ပါ။ – အနံ့ပြင်းတဲ့အစားအစာများကိုရှောင်ပါ။ – အစာစားပြီးတိုင်းပလုတ်ကျင်းပါ။ – သွားတိုက်တံပုံမှန်လဲပါ။ – သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အဆီဖုဖြစ်စေတဲ့အကြောင်းအရင်းများ……..

– မိတ်ကပ်ကိုသေချာပြောင်စင်အောင်မဖျက်ပဲ အိပ်ရာ၀င်ခြင်း။ -double cleansing မလုပ်ခြင်း။ -suncreen မလိမ်းပဲ အပြင်ထွက်ခြင်း။ -ရေသောက်နည်းခြင်း။ -အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများခြင်း။ – ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့်ဖြစ်ခြင်း။ -အိပ်ယာခင်းများကိုသန့်စင်အောင်မထားခြင်း။ – မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်။း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မိန်းမကိုယ်ယားယံခြင်းဖြစ်စေသောအကြောင်းအရင်းများ

မိန်းမကိုယ်ယားယံခြင်းဖြစ်စေသောအကြောင်းအရင်းများ -‌ အပြင်းစား မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်း။ – စိုထိုင်းနေသော အတွင်းခံများကို မီးပူမတိုက်ပဲ ဝတ်ဆင်ခြင်း။ – မှိုပိုးဝင်ခြင်း။ – သွေးဆုံးခံနီးကြောင့်ဖြစ်ခြင်း။ – ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်ခြင်း။ – ဆီးချိုရောဂါကြောင့်ဖြစ်ခြင်း။ – အကာအကွယ်မပါဘဲလိင်ဆက်ဆံခြင်း။ – စိတ်ဖိစီးမှုကြောင့်ဖြစ်ခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဗောက်ထခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

ဗောက်ထခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ? -‌ ခေါင်းပုံမှန်လျှော်ပါ။ – ခေါင်းအရမ်းမကုတ်ပါနဲ့။ – အစိုဓာတ်ဖြည့်ပေးပါ။ – ကိုယ်နဲ့သင့်လျော်သော ခေါင်းလျှော်ရည်ရွေးသုံးပါ။ – Hair Products တွေလိမ်းတဲ့အခါ ဦးရေပြားကို မထိမိအောင်လိမ်းပါ။ – ဦးရေပြားနှင့်ပက်သက်သော အသုံးအဆောင်ပစ္စည်းများကိုသန့်ရှင်းအောင်ထားပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆားဝက်ခြံသက်သာစေနိုင်မည့် နည်းလမ်းများ………

ဆားဝက်ခြံသက်သာစေနိုင်မည့် နည်းလမ်းများ – မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် မျက်နှာပုံမှန်သစ်ပါ – ရေများများသောက်ပါ – အဆီများတဲ့ အစားအသောက်တွေရှောင်ပါ – တပတ်တခါ မျက်နှာချေးချွတ်ပေါင်းတင်ပါ – Oil free moisturizer လိမ်းပေးပါ – ၃ရက် တခါခေါင်းလျှော်ပါ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ကျောမှာဖြစ်လေ့ရှိတဲ့ အမဲစက်/အဆီဖု နှင့် ဝက်ခြံများကို သက်သာ‌ပျောက်ကင်းစေဖို့

-‌ရေများများသောက်ပါ – ကျန်းမာရေးနှင့်ညီညွတ်မည့် အစားအသောက်ကို‌ ‌‌ရွေးချယ်စားသောက်ပါ – ဆံပင်ကို ကျောနှင့် တိုက်ရိုက်မထိအောင်ထားပါ -အပြင်ထွက်တိုင်း Sunblock cream လိမ်းပါ -အင်္ကျီခပ်ပွပွ‌ရွေးဝတ်ပါ -scrub တိုက်ပြီးတိုင်း အစိုဓါတ်ပါတဲ့ Moisturizer မျိုးရွေးသုံးပါ #LifePlus #EnrichingHealth #EnhancingBeauty

Read More
Leave a comment

ဆယ်ကျော်သက်‌လေးများအတွက် Skin Care Tips

အားလုံးပဲ မင်္ဂလာပါရှင့်… အသားအရေကို ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှုကင်းစေဖို့ နည်းစနစ်မှန်မှန်နဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က ပိုအရေးကြီးပါတယ်နော်။ ဆယ်ကျော်သက်အရွယ်မှာ ရိုးရှင်းတဲ့ Skincare Steps လောက်ပဲလုပ်ပြီး မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ ကောင်းမွန်တဲ့ Skincare Products လေးတွေကို သေချာရွေးချယ် သုံးတတ်တယ်ဆိုရင်တော့ Healthy Skin လေးကို

Read More
Leave a comment

ခြောက်သွေ့သောအသားအရေပိုင်ရှင်တွေအတွက်…

အားလုံးပဲ မင်္ဂလာပါရှင့်… အရေပြားခြောက်ခြင်းဟာ အဖြစ်အများဆုံး အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ အချို့သောသူတွေဟာ မွေးကတည်းက အသားခြောက်တာဖြစ်ပြီးတော့ အချို့ကတော့ သူတို့နေထိုင်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့် အသားခြောက်တာ ဖြစ်ပါတယ်။ အချို့ကတော့ အသက်ကြီးလို့ အသားခြောက်တာ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့အသားရေပိုင်ရှင်တွေဟာ နောက်ဆက်တွဲ အသားအရေပျက်စီးမှုနဲ့ ဓာတ်မတည့်မှုတွေပိုပြင်းထန်တတ်တဲ့အတွက်ကြောင့် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရွေးချယ်ရတဲ့အခါမှာ ပိုပြီးသတိထားရပါတယ်။ အရေပြားခြောက်ခြင်းကို ကာကွယ်ဖို့ အဓိကနည်းလမ်းကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။

Read More
Leave a comment

သဘာဝနည်းလမ်းအတိုင်း အသားအ‌ရေကို ထိန်းသိမ်းဖို့…

အားလုံးပဲ မင်္ဂလာပါ… အမျိုးသမီးများ သာမက အမျိုးသားများပါ ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်၀◌င်းပပြီး အပြစ်အနာအဆာ ကင်းတဲ့အသားအရေကို လိုချင်ကြမှာ အသေအချာပါပဲရှင့်။ ကိုယ့်ရဲ့မျက်နှာက ဘယ်လိုအမျိုးအစားထဲ ပါ၀◌င်နေလဲဆိုတာ သိရှိဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် Skin Type  (၅)မျိုးရှိပါတယ်။ ပုံမှန်အသားအရေ (Normal Skin) ခြောက်သွေ့ အသားအရေ (Dry Skin) အဆီပြန် အသားအရေ

Read More
Leave a comment

အရောင်ဆိုးထားတဲ့ဆံနွယ်လေး‌တွေအတွက်…

အားလုံးပဲ မင်္ဂလာပါ။ ဆံပင်အရောင်ဆိုးတာက လူငယ် လူကြီးမရွေး တော်တော်များများ လုပ်တတ်ကြပါတယ်။ ခေတ်မီဆန်းသစ်ပြီး ကိုယ့်ကို မြင်ရတဲ့အသွင်တစ်မျိုးကို ပြောင်းစေတာမို့ ဆံပင်အရောင်ဆိုးတာကိုလည်း ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ ဆံပင်အရောင်တွေကို ဆိုင်မှာသွားဆိုးတာအပြင် ကိုယ်တိုင်အိမ်မှာဆိုးနိုင်တဲ့ ဆိုးဆေးတွေလဲ ခေတ်စားလာပြီဖြစ်တဲ့အတွက် ဆံပင်အရောင်ဆိုးပြီးနောက် ဆံသားပြန်လည်ထိန်းသိမ်းနည်းတွေကိုပါ သိထားဖို့လိုအပ်ပါတယ်ရှင့်။ ဆိုးဆေးနဲ့ ထိထားပြီးသား ဆံသားကိုသေချာ ပြန်လည်ဂရုမစိုက်မိတဲ့အခါမျိုးမှာ ဆံသားခြောက်သွေ့ပျက်စီးတာ ၊ ဆံပင်ကျွတ်တာ ၊ နှစ်ခွဖြစ်တာ

Read More
Leave a comment

ရယ်လိုက်တိုင်း အပြုံးလေးတွေ လင်းလဲ့တောက်ပနေစေဖို့…

လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။ သွားတွေဟာ လူတစ်ဉီးနဲ့တစ်ဉီး တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အတွက် အရေးပါတဲ့ အရာတစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်

Read More
Leave a comment

နွေရာသီမှာ ကိုယ့်ရဲ့ ဆံပင်လေးတွေကိုသေချာဂရုစိုက်ကြမယ်

အားလုံးပဲ မင်္ဂလာပါရှင့်… နွေရာသီကပူအိုက်လွန်းလို့  လူတော်တော်များများအတွက် စိတ်ညစ်ရတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဉီးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဓိကကတော့ အရမ်းပူတဲ့အတွက် ချွေးနဲ့ဉီးရေပြားနဲ့ ဆံသားကထွက်တဲ့အဆီနဲ့ ဖုန်မှုန့်အညစ်အကြေးတွေရောပြီး ခေါင်းယားတာ၊ ‌ဗောက်ထတာ၊ ဆံသားခြောက်တာ၊ နှစ်ခွဖြစ်တာ၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာတွေ

Read More
Leave a comment

မျက်နှာပေါ်က အသားအရေကို ဂရုစိုက်တော့မယ်ဆိုရင်…

 အားလုံးပဲ မင်္ဂလာပါရှင့်… အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ အမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေ လှပကောင်းမွန်မှု ရှိမရှိဟာ နေ့စဉ်လှုပ်ရှားသွားလာမှု၊ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုမှုနဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိမှု စတဲ့အချက်တွေပေါ်များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ မိမိအသားအရေကို ဂရုစိုက်ထိန်းသိမ်းနိုင်မှသာ အရွယ်တင်နုပျိုခြင်း ရလဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် မိမိတို့ အသားအရေကို နေ့စဉ်ဂရုတစိုက် ထိန်းသိမ်းရန် အရေးတကြီး လိုအပ်ပါသည်။ အသားအရေလှပဖို့အတွက် ညပိုင်းမှာ အသားအရေထိန်းသိမ်းပေးခြင်းဟာလည်း မိန်းကလေးတွေအတွက်

Read More
Leave a comment

ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဗီတာမင် (၇) မျိုးက ဘာတွေလဲ?

အားလုံးပဲ မင်္ဂလာပါရှင့်… ခန္ဓာကိုယ်အတွက်အရေးပါတဲ့ ဗီတာမင် (၇) မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ လူသားတိုင်းတစ်နေ့တာ ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကတော့… ဗီတာမင် A ၊ ဗီတာမင် B1, B2, B6 ၊ ဗီတာမင် C ၊ ဗီတာမင် D3 ၊ ဗီတာမင် B9 ၊ Folic

Read More
Leave a comment

Glow Skin လေးရရှိ‌အောင် အ‌ခြေခံအဆင့်အနေနဲ့ ဘာတွေလုပ်သင့်လဲ?

အားလုံးပဲ မင်္ဂလာပါရှင့်… သဘာဝအတိုင်း အသားအရေ တောက်ပစိုပြေနေခြင်းသည် အသားအရေကျန်းမာခြင်းရဲ့ အဓိကလက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ စိတ်ဖိစီးမှုများသော လူနေမှုဘဝပုံစံ၊ အလုပ်ဖိစီးမှုများ၊ အိပ်ရေးမဝခြင်း၊ ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်မှုစနစ်၊ လေထုညစ်ညမ်းမှု၊ နေလောင်ဒဏ်၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် အသားအရေက မွဲခြောက်ခြောက်နှင့် ကြည့်မကောင်းတာမျိုးတွေဖြစ်လာတတ်ပါတယ်။ အသားအရေကို ပျက်စီးယိုယွင်းမှုမှ ကာကွယ်ချင်ပြီး Glow Skin ကိုပိုင်ဆိုင်ချင်ကြတာက

Read More
Leave a comment

Collagen အကြောင်း သိကောင်းစရာ

Collagen ဆိုတာကလွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး နာမည်ကြီး Supplement တစ်မျိုးအဖြစ် လူသိများလာခဲ့တာမို့ … Collagen အကြောင်းလေး ပြောပြပေးပါမယ် … ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ပရိုတင်းဓါတ် ၃ပုံ ၁ပုံ ဟာ Collagen ဓါတ်တွေပါ … Collagen ဓါတ်ဟာ အသားအရေတည်ဆောက်ပုံနဲ့ အရိုးတွေကို ပိုမိုအားကောင်းစေပါတယ် … ၁-   Collagen ဓါတ်ဟာ

Read More
Leave a comment

Facial Mask သုံးခြင်း၏ အကျိုးကျေးဇူး(၅)ချက်

အားလုံးပဲ မင်္ဂလာပါရှင့်… မိမိတို့ရဲ့ မျက်နှာအသားအရေ လှပကောင်းမွန်ဖို့အတွက် မျက်နှာပေါင်းတင်တာမျိုး လုပ်ကိုလုပ်ပေးဖို့ လိုပါတယ်နော်။ ပေါင်းတင်တာကလည်း အမျိုးအစား အများကြီး ရှိပါတယ်။ အဲ့အထဲမှာမှ လှပစိုပြည်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့အတွက်‌ Facial Mask လေးတွေကို အသုံးပြုပေးသင့်ပါတယ်။ Facial Mask လေးတွေကို မျက်နှာအသားအရေလှပဖို့အတွက် အချိန်တိုအတွင်း လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် အချိန်အများကြီးပေးစရာမလိုဘဲ ၁၀မိနစ်-၁၅မိနစ် အချိန်ပေးပြီး

Read More
Leave a comment

ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့်…

ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့် လူသားတို့အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်း ပါ၀င်ဖွဲ့စည်းထားပါတယ်။ အခြေခံ ဆဲလ်များအတွက် ရေဟာမရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ရေသောက်ခြင်းသည် အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်ပါ လူသားတို့၏နေ့စဉ်ဘ၀ကို ကောင်းကျိုးများ သက်ရောက်မှုရှိပါသည်။ ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအလှအပဆိုင်ရာအကျိုးကျေးဇူးများမှာ အသားအရေကြည်လင်စေခြင်း၊ ချွေးပေါက်ကျဉ်းစေခြင်း၊ ၀က်ခြံထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရေးအကြောင်းများအား လျော့နည်းစေခြင်း၊ နေလောင်ခြင်းကို လျှင်မြန်စွာသက်သာစေခြင်း စတဲ့အချက်များကို

Read More
Leave a comment

လက်တွေဆေးရလွန်းလို့ ခြောက်သွေ့နေပြီလား…

နေ့စဉ်အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်ဟာ ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ လက်ဆေးခြင်းသည် လက်ကို အညစ်အကြေးများ၊ ပိုးမွှားများမှ ကင်းစင်စေရန် ဆေးကြောခြင်း ဖြစ်သည်။ လက်ကနေတဆင့် ဝင်ရောက်နိုင်တဲ့ ကူးစက်ရောဂါမျိုးစုံကို အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းလမ်းကတော့ လက်ဆေးခြင်းပဲ ဖြစ်ပါတယ်။ လက်ကိုဆပ်ပြာဖြင့် လိုအပ်သည့်အချိန်အတိုင်း မကြာခဏ ဆေးကြောခြင်းသည် အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ရောဂါများ၊

Read More
Leave a comment

ခြေထောက်အသားမာရှိသူများအတွက်…

အားလုံးပဲ မင်္ဂလာပါရှင့်… အသားမာပေါက်ရခြင်းအကြောင်းအရင်းကတော့ မိမိတို့ရဲ့ အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်းနဲ့အရေပြားက မာပြီးထူလာခြင်းဖြစ်ပါတယ်။ တစ်ခုခုနဲ့ ပွတ်တိုက်မှုတွေ များတဲ့နေရာ ဒါမှမဟုတ် တစ်ခုခုကြောင့် ဖိအားများတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးဖြစ်ပါတယ်။ အဲ့နေရာတွေမှာ အရေပြားဆဲလ်လေးတွေ သေသွားလို့ ဖြစ်လာရခြင်းဖြစ်ပါတယ်။ အသားမာက အများအားဖြင့်

Read More
Leave a comment

မျက်တောင်မွှေးလေးတွေကို ဂရုစိုက်ဖို့ နည်းလမ်းများ…

အားလုံးပဲ မင်္ဂလာပါရှင့်… လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပုံဖော်ပေးနိုင်တာကတော့ အဓိကကတော့ မျက်လုံးလေးတွေပါပဲ။ မျက်တောင်ဆိုတာဟာ မျက်လုံးရဲ့မျက်ခမ်းနေရာ (Eye lids) မှာ ပေါက်တဲ့အမွှေးဖြစ်ပါတယ်။ အင်္ဂလိပ်လို Eyelash လို့ခေါ်ပါတယ်။ ရှည်လျားကော့ညွတ် ထူထဲတဲ့မျက်တောင်ကို ပိုင်ဆိုင်ထားတဲ့သူဆိုရင်လူအများကြားမှာ ပိုပြီးသိသာထင်ရှားပါတယ်။ မျက်တောင်မွှေးဟာ မျက်လုံးကိုအမှုန်အမွှားလေးတွေကနေကာကွယ်ပေးနိုင်ပြီး လှပထူးခြားတဲ့မျက်တောင်တစ်စုံဟာဆိုရင် အလှအပဆိုင်ရာ စွဲဆောင်မှုတစ်ခုအနေနဲ့ အသိအမှတ်အပြုခံရပါတယ်။ ကိုယ့်ရဲ့ မျက်၀န်းအလှကို ပံ့ပိုးပေးနိုင်တဲ့ မျက်တောင်ကော့ကော့ရှည်ရှည်လေးတွေကို

Read More
Leave a comment

ပြစ်မျိုးမှဲ့ မထင်အသားအရေ ပိုင်ဆိုင်ဖို့ အတွက်‌…

အားလုံးပဲ မင်္ဂလာပါရှင့်… လူတစ်ယောက်ရဲ့ ကောင်းခြင်းအဖြာဖြာမှာ အသားအရေကောင်းခြင်းကလည်း တစ်ချက် အပါအဝင်ဖြစ်ပါတယ်။ ကျန်းမာရေး၊ အသက်အရွယ်၊ ဟော်မုန်းပြောင်းလဲမှု၊ ရာသီဉတုနဲ့ လေထုညစ်ညမ်းမှု၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင်တဲ့အတွက် အသားအရေကို အထူးသတိပြုထိန်းသိမ်းသင့်ပါသည်။ နေ့စဉ်ဘ၀မှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ စနစ်တကျစားသောက်ပြီး မျှမျှတတနေထိုင်ခြင်းဟာ အသားအရေကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်စေမှာဖြစ်ပါတယ် ပြစ်မျိုးမှဲ့ မထင်အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက်‌ လုပ်ဆောင်ရန်လိုအပ်တဲ့အချက်များကို အမျိုးသမီးများ သာမက

Read More
Leave a comment

အမျိုးသားများအတွက် Skincare Tips

အားလုံးပဲမင်္ဂလာပါ။ အမျိုးသားတွေရဲ့ သွေးထဲမှာ Testosterone ဟော်မုန်းပါဝင်မှုမြင့်မားတာကြောင့် အရေပြားအလွှာတွေပိုထူပြီး Elastin နဲ့ Collagen လည်း ပိုများတာကြောင့် အရေပြားကျုံ့ဆန့်နိုင်အား ပိုကောင်းပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အသားအရေလျော့တွဲခြင်း၊ အရေးအကြောင်း စတဲ့ အသားအရေရင့်ရော်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတွေက အပြင်ထွက်တာပိုများတာကြောင့်လည်း အရေပြားမှာနေလောင်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်တွေကို ပိုမိုထိတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ထိခိုက်လွယ်တဲ့အသားအရေကို

Read More
Leave a comment

၀က်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်များအတွက်…

အားလုံးပဲ မင်္ဂလာပါရှင့်… နေ့စဉ်ပုံမှန်အသားအရေကို သေချာထိန်းသိမ်းခြင်းသည် လူသားတိုင်းအတွက် အရေးကြီးတဲ့နေရာမှာ ပါ၀င်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ လှပတဲ့အသားအရေ ပိုင်ရှင်လေးဖြစ်စေဖို့အတွက် မိမိတို့၏ အသားအရေကို နေ့စဉ်ထိန်းသိမ်း စောင့်ရှောက်သင့်ပါတယ်။ အထူးသဖြင့် ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ ဆိုရင်တော့ဖြင့် အခြားသောအသားအရေ ပိုင်ရှင်များထက် ပိုပြီးဂရုစိုက်သင့်ပါတယ်နော်။ တချို့သောသူတွေက အသားအရေက နုနယ်တာကြောင့်အပြင် ဖုန်မှုန့်၊ အညစ်အကြေးတွေကြောင့် ဝက်ခြံပိုထွက်လွယ်ပါတယ်။ ဝက်ခြံဆိုတာဟာ ဟော်မုန်းမညီမျှမှုတွေ၊

Read More
Leave a comment

အုန်းဆီကို မျက်နှာမှာ ဘယ်လိုအသုံးပြုသင့်သလဲ?

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အုန်းဆီရဲ့ ကောင်းကျိုးတွေကတော့ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပနှင့် ဆေးကုသခြင်းအထိ အမျိုးမျိုး အသုံးဝင်ပါတယ်။ အုန်းဆီမှာ Lauric Acid ပေါများပါတယ်။ အုန်းဆီတွင်  အရေပြားပိုးမွှားများကို သေစေနိုင်သော၊ ရောင်ရမ်းခြင်းကို လျော့နည်းစေသော၊ ဓာတ်တိုးဆန့်ကျင်စေသော၊ အရေပြားကို စိုပြည်စေသော

Read More
Leave a comment

အဆီပြန်တဲ့ အသားအရေရှိတယ်ဆိုရင်?

အားလုံးပဲ မင်္ဂလာပါရှင့်… အသားအရေအမျိုးအစား တစ်ခုချင်းစီတိုင်းမှာ ပုံစံတစ်မျိုးစီရှိတတ်ကြပါတယ်။ အဆီဂလင်းကနေ အဆီထုတ်လုပ်မှုများတဲ့အခါ အသားအရေဟာ အဆီတွေနဲ့ပြောင်နေပြီး ချွေးပေါက်ကျယ်ကာ ဆားဝက်ခြံတွေအပြင် ၀က်ခြံတွေပါထွက်တတ်ပါတယ်။ မျိုးရိုးဗီဇ၊ ရာသီဥတု၊ စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ အစရှိတဲ့အကြောင်းရင်းများစွာကြောင့်လဲ မျက်နှာအဆီပြန်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေမှာဆိုရင်တော့ ဒီလိုအချက်လေးတွေ ဖြစ်တတ်ပါတယ်။ အသားအရေက အဆီကြောင့် ပြောင်ပြောင်လေးဖြစ်နေမယ်၊ ထိလိုက်ရင် စေးကပ်ကပ်ဖြစ်နေမယ်၊ ချွေးပေါက်လေးတွေ ကျယ်နေမယ်(

Read More
Leave a comment

ခန္ဓာကိုယ်မှ အနံ့ဆိုးများကင်း‌ေ၀းစေဖို့…

အားလုံးပဲ မင်္ဂလာပါရှင့်… အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ အမျိုးသားများ သာမက အမျိုးသမီးများပါ ခန္ဓာကိုယ်မှအနံ့ဆိုးများ ထွက်တတ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်မှ အနံ့ဆိုးများထွက်ရသော အကြောင်းအရင်းများတွင် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဟော်မုန်းဓာတ် အပြောင်းအလဲများနှင့် စားသုံးတဲ့အစားအစာများ စသည်တို့အပေါ်တွင် အဓိကအားဖြင့် မူတည်နေပါသည်။ ရာသီဥတု ပူပြင်းခြင်း၊ ရေဓာတ်လွန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများခြင်း၊ ချွေးထွက်လွန်ခြင်းကြောင့်လဲ  ခန္ဓာကိုယ်မှအနံ့ဆိုးထွက်တာတွေ

Read More
Leave a comment

နွေရာသီမှာ အသားအရေလှဖို့အတွက်…

အားလုံးပဲ မင်္ဂလာပါရှင့်… အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ အမျိုးသား၊ အမျိုးသမီးတိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် အသားအရေပျက်စီးမှု အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်တိုက်ရိုက် ထိတွေ့တာကြောင့်ဖြစ်ပါတယ်။ ရာသီဥတုထဲမှာဆိုရင် နွေရာသီကတော်တော်လေး ပူတာမို့လို့အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ နွေရာသီရောက်လာတဲ့အခါမှာတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်

Read More
Leave a comment

ဆယ်ကျော်သက်လေးများအတွက် Makeup Tips

အားလုံးပဲ မင်္ဂလာပါရှင့်… ဆယ်ကျော်သက်အရွယ်ဆိုတာ အသားအရည် Rejuvenation လို့ခေါ်တဲ့ သဘာဝအလျောက် အသားအရည်က သူ့အလိုလိုပြန်လည် ပြုပြင်နိုင်တဲ့အကောင်းဆုံးအချိန်ပါ။ အသားအရေနဲ့ ပတ်သက်တဲ့ပြသာနာတွေသိပ်မရှိတဲ့ ငယ်ရွယ်နုပျိုတဲ့အရွယ်ဖြစ်ပါတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားတွေ ကျုံ့နိုင်ဆန့်နိုင်အားလည်း အကောင်းဆုံးအချိန်ရှိတဲ့ အရွယ်လဲဖြစ်ပါတယ်။ အဲ့လိုအရွယ်မှာ ဟော်မုန်းမငြိမ်သက်လို့ တစ်ခါတစ်ရံ ဝက်ခြံပေါက်တတ်တာကလွဲရင် တခြားအရေပြားပြဿနာ သိပ်ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဆယ်ကျော်သက်အရွယ်သည်အသားအရေထိန်းသိမ်းမှုစနစ်ကို စတင်ကျင့်သုံးရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပိုလှချင်တဲ့ ဆယ်ကျော်သက်အရွယ်လေးတွေက

Read More
Leave a comment

Sunscreen ကိုအသုံးပြခြင်းအားဖြင့် …

အားလုံးပဲ မင်္ဂလာပါရှင့်… ငယ်ရွယ်နုပျိုပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Sunscreen ကိုသုံးသင့်ပါတယ်။ Sunscreen ဟာတင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေပြခြင်းကနေ ကာကွယ်ပေးပါတယ်။ Sunscreen လိမ်းခြင်းက အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးသက်ရောက်စေပါတယ်။ Sunscreen နေ့တိုင်းလိမ်းပေးမယ်ဆိုရင် Melanoma လိုမျိုးအရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်ခြင်းကတောင် ကာကွယ်ပေးနိုင်ပါတယ်။ Sunscreen လိမ်းသင့်တဲ့ နောက်ထပ်အချက်တွေကတော့ Sunscreen ဟာ

Read More
Leave a comment

မိမိရဲ့ နှုတ်ခမ်းနဲ့ ဆံသား ထိန်းသိမ်းဖို့အတွက်…

အားလုံးပဲ မင်္ဂလာပါရှင့်… နှုတ်ခမ်းဆိုတာ အများအမြင်မှာထူးထူးခြားခြား အမြဲတမ်းတင်စားဖွဲ့ဆိုခံရတဲ့ မျက်နှာရဲ့အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ထားတာကလည်း လူတစ်ယောက်ရဲ့ထင်ရှားတဲ့ အလှတရားဖြစ်ပြီး အမျိုးသား အမျိုးသမီးတိုင်းရဲ့ မျက်နှာကို ကြည်ကောင်းသွားစေမှာပါ။ မျက်နှာအလှအပအတွက် အလှကုန်မျိုးစုံသုံးပြီးပြင်ဆင်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို မျက်နှာအသားအရေ ထိန်းသိမ်းဖို့လုပ်ဆောင်တဲ့အခါမှာလဲ နှုတ်ခမ်းသားအစိုဓာတ်ကိုထိန်းဖို့၊ ခြောက်သွေ့ မအက်ကွဲအောင်ဂရုစိုက်ဖို့  နှုတ်ခမ်းသားကျန်းမာရေးအတွက် အလေးအနက်ထည့်စဉ်းစားပေးသင့်ပါတယ်။ နှုတ်ခမ်းလေး လှပစိုပြည်နေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ –

Read More
Leave a comment

ကျန်းမာလှပတဲ့အသားအရေကိုရရှိစေဖို့…

အားလုံးပဲ မင်္ဂလာပါရှင့်… ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှု ပိုမိုတိုးတက်စေတဲ့အရာတစ်ခုပါပဲ။ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်ချင်တဲ့ဆန္ဒ လူတိုင်းမှာရှိမယ်လို့ထင်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပူပြင်းနေတဲ့ ရာသီဥတု၊ အပူချိန်နဲ့ အပြင်သွားလာရတဲ့အခါ ထိတွေ့ရတဲ့ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရေပြားကလူ့ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အရေပြားကျန်းမာလှပမှလည်း အသားအရေအလှက ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်။ ကျန်းမာလှပတဲ့ အသားအရေရရှိစေဖို့ လုပ်ဆောင်သင့်တဲ့အရာအချို့ကတော့ ရေများများသောက်ခြင်း၊ နေရောင်ဖြင့်ထိတွေ့မှုကိုကန့်သတ်ခြင်း၊ အစာအာဟာရပြည့်၀စွာ

Read More
Leave a comment

Vitamin E အကြောင်းသိကောင်းစရာ…

အားလုံးပဲ မင်္ဂလာပါရှင့်… Vitamin-E သည်အစားအစာ များစွာ၌တွေ့ရသော ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်များအတွက် အရေးကြီးလှသည့် အဆီပျော်ဝင်နိုင်သော ဓာတ်တိုးစေသည့်အာဟာရ အုပ်စုတစ်ခုတွင်ပါ၀င်ပါသည်။ Vitamin E တွင်အဓိကအားဖြင့်ဓာတုဗေဒအုပ်စုနှစ်ခုဖြစ်သော Tocopherols နှင့် Tocotrienols တို့ဖြင့်ပါ၀င်ဖွဲ့စည်းထားသည်။ Vitamin-E ၏ Antioxidant ဂုဏ်သတ္တိများသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားဓာတ်မတည့်သောအန္တရာယ်များနှင့် Oxidative stress များကြောင့်ဖြစ်ပေါ်လာသော ပျက်စီးမှုအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် Vitamin-E

Read More
Leave a comment

မျက်အိတ် ဖောင်းတာတွေကိုသက်သာစေဖို့ အချက်(၅)ချက်

အားလုံးပဲ မင်္ဂလာပါရှင့်… မျက်လုံးအောက်က ခန္ဓာကိုယ်ရဲ့အလွန်နူးညံ့တဲ့နေရာဖြစ်သလို အပါးလွှားဆုံးအရေပြားလည်းဖြစ်ပါတယ်။ အဲဒီလိုနေရာတွေမှာပဲ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေ ကြုံတွေ့နေရပါတယ်။ မျက်လုံးအောက် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတော်တော်များများရှိပါတယ်။ စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်း၊ ရေဓာတ်ကုန်ခန်းခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ‌ဟော်မုန်းမညီမျှခြင်း၊ အိပ်ရေးပျက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်ခြင်းတွေက မျက်ကွင်းညိုတာကို ဖြစ်စေတတ်တဲ့အကြောင်းအရင်း တချို့ပဲဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် မျိုးရိုးဗီဇနဲ့ အိုမင်းရင့်ရော်မှုကြောင့်လည်း  မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေဖြစ်နိုင်ပါတယ်။ အချိန်တွေကြာလာလေလေ

Read More
Leave a comment

Roll-On အသုံးပြုပုံ နည်းလမ်းများ…

အားလုံးပဲ မင်္ဂလာပါရှင့်… ဒီနိုင်ငံရဲ့ရာသီဉတုက ပူလည်းပိုပူပြီး ချွေးထွက်လည်းများကြတဲ့အတွက် ချိုင်းချွေးနံ့ပျောက်ဆေးတွေကို အမျိုးသားတွေရော အမျိုးသမီးတွေပါ အသုံးများကြပါတယ်။ တချို့တွေကတော့ ချွေးနံ့ပြင်းလွန်းလို့သုံးတာဖြစ်ပေမယ့် တချို့တွေကတော့ ချိုင်းသားဖြူဖို့အတွက် အသုံးပြုကြပါတယ်။ Roll-On နဲ့မတည့်တဲ့သူတွေအတွက်ကျတော့ ဒီလို ချွေးနံ့ပျောက်ဆေးတွေဟာ လိမ်းပြီးချိန်မှာယားယံတာမျိုး၊ ချိုင်းသားပိုမည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ Roll-On လို့ဆိုလိုက်တာနဲ့ ချိုင်းချွေးနံ့မထွက်အောင် လိမ်းကြတယ်လို့ပဲလူအများစုကသိရှိထားကြပါတယ်။ တကယ်တော့ Roll-On မှာ Antiperspirants နဲ့

Read More
Leave a comment

Vitamin C လုံလောက်စွာစားသုံးခြင်း၏အကျိုးကျေးဇူးများ

အားလုံးပဲ မင်္ဂလာပါရှင့်… Vitamin C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ဗီတာမင် စီ ကို Ascorbic acid လို့လဲလူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓာက အလွယ်တကူစုပ်ယူနိုင်ပြီး Ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ လေ့လာချက်အရ ရေမှာ ပျော်ဝင်နိုင်စွမ်းရှိတဲ့ ဗီတာမင်စီဓာတ်က အလွယ်တကူဖျားနာတာတွေမဖြစ်အောင်၊ ကူးစက်ရောဂါတွေ တွန်းလှန်ပစ်နိုင်အောင် ကူညီပေးတယ်။

Read More
Leave a comment

မိမိရဲ့လှပတဲ့ ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့အချက်များ…

အားလုံးပဲ မင်္ဂလာပါရှင့်… ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်တတ်ခြင်းသည် ရောဂါ‌ ‌ေ၀ဒနာများကို တားဆီးနိုင်သည့်အပြင် အသက်ရှည်ရှည်နေနိုင်ဖို့အကောင်းဆုံးနည်းလမ်းလဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေနိုင်ရန် လုပ်ဆောင်သင့်သည်များကိုပြောပြပေးချင်ပါတယ်။ – လေကောင်းလေသန့်ကို ရှူရှိုက်ရပါမယ်။ – ရေကောင်းရေသန့်ကို သောက်သုံးရပါမယ်။ – ကျန်းမာစေမယ့် အစားအစာမျိုးကို စားရပါမယ်။ – နေ့စဉ်အိပ်ရေးဝအောင် အိပ်ရပါမယ်။ – ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သင့်ပါတယ်။

Read More
Leave a comment

Vitamin A ၏သိမှတ်စရာ ကောင်းကျိုးများ…

အားလုံးပဲ မင်္ဂလာပါရှင့်… လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A အကြောင်းပြောပြပေးချင်ပါတယ်။ Vitamin A ဆိုတာက အဆီမှာ ပျော်ဝင်လွယ်တဲ့ Vitamin တစ်မျိုးပါ။  Vitamin A အမျိုးအစား (2) မျိုးရှိပါတယ်။ Preformed vitamin A(Retinoids)ကို တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာတွေ့ရတတ်ပြီး Pro-vitamin A (Carotenoids) ကိုတော့ အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ Vitamin

Read More
Leave a comment

ဝက်ခြံအမာရွတ်တွေသက်သာပျောက်ကင်းဖို့…

အားလုံးပဲ မင်္ဂလာပါရှင့်… ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ စိတ်ဖိစီးမှုခံစားရတာ၊ အပူအစပ်အစားများတာ၊ သန့်ရှင်းမှုမရှိတာ၊ အသုံးပြုတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေနဲ့ဓာတ်မတည့်တာ စသဖြင့်အကြောင်းမျိုးစုံကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဝက်ခြံထွက်တဲ့နေရာတွင် ပိုးဝင်ယောင်ရမ်း အနာဖြစ်ခြင်း၊ ဝက်ခြံကို လက်ဖြင့်မကြာခဏ ဆွခြင်း၊ ကိုင်တွယ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းတို့ကြောင့် အရေပြားတစ်ရှူးများ ထိခိုက်ပျက်စီးပြီး အမာရွတ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း (သို့မဟုတ်)

Read More
Leave a comment

ရှည်လျားပြီးလှပစေမယ့်မျက်တောင်လေးတွေရစေဖို့

ရှည်လျားပြီးလှပစေမယ့်မျက်တောင်လေးတွေရစေဖို့ 1. eyelash serum သုံးပါ 2. ကြက်ဆူဆီ (သို့) သံလွင်ဆီသုံးပါ 3. မျက်တောင်ကိုပို့ကော့ပြီး လှစေမယ့် Mascara မျိုးရွေးသုံးပါ 4. မိတ်ကပ်နှင့် Mascara ကိုစင်ကြယ်စွာပြန်ဖျက်ပါ 5. အစာအာဟာရမျှတစွာစားသုံးပါ #LifePlusBeautyTips #EnrichingHealth #EnhancingBeauty

Read More
Leave a comment

လှပတဲ့အပြုံးလေးတွေပိုင်ဆိုင်နိုင်ဖို့ . . .

1.တစ်နေ့နှစ်ကြိမ်သွားမှန်မှန်တိုက်ပါ 2. မိမိနှင့်ကိုက်ညီမည့်သွားတိုက်တံအမျိုးအစားကိုရွေးချယ်ပါ 3. သွားပိုးပေါက်ကာကွယ်ပြီး သွားများကို ဖြူဝင်းစေတဲ့ သွားတိုက်ဆေးမျိုးကိုရွေးချယ်ပါ 4.Mouthwash သုံးပါ 5. သွားများကိုညစ်ထေးစေမယ့်အစာများကိုရှောင်ကြဉ်ပါ #LifePlus #EnrichingHealth #EnhancingBeauty

Read More
Leave a comment

အမျိုးသားများအတွက် အခြေအခံအလှအပ

1. မျက်နှာ သစ်ပြီးတိုင်း Toner & Moisturizer လိမ်းပါ 2.sunscreen သုံးပါ 3.‌‌ယောက်ျားလေးသုံး Shampoo & conditioner သုံးပါ 4.မျက်လုံးအောက်အ‌‌ရေးကြောင်းမဖြစ်အောင် eye cream လိမ်းပြီးကြိုတင်ကာကွယ်ပါ 5.မျက်ခုံးပုံဖော်ပါ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty

Read More
Leave a comment

ဆံကေသာထိန်းသိမ်းနည်း

– ခေါင်းမလျှော်ခင် ၁နာရီအလောက်အလိုမှာ Hair Oil ဖြင့်ဦးရေပြားနှင့်ဆံသားကိုနှိပ်နယ်ပေးပါ။ – Moisture ဓာတ်ထိန်းဖို့ရိုးရိုးရေဖြင့်သာခေါင်းလျှော်သင့်ပါတယ်။ – ပျော့ဆေး(သို့)ပေါင်းဆေးပြန်သုံးပေးပါ။ – Dryer မမှုတ်ခင် Hair Coat / Hair Serum လိမ်းပေးပါ။ #LifePlus_BeuatyTips #EnrichingHealth #EnhancingBeauty

Read More
Leave a comment

စိတ်ဖိစီးမှုကင်း‌‌ေ၀း ဖို့ ဘယ်လိုနေထိုင်ပြုမူသင့်သလဲ။

-အကောင်းမြင်စိတ်ထားပါ -တရားထိုင်ပါ -စာဖတ်ပါ -လေ့ကျင့်ခန်းလုပ်ပါ -သာယာညိမ့်ညောင်းသောသီချင်းများ နားထောင်ပါ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

လှပကျန်းမာတဲ့လက်သည်းရရှိစေဖို့-Eng

-လက်သည်းကို ဘက်တီးရီးယားဒဏ်မှကာကွယ်နိုင်ဖို့ ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ -အစိုဓါတ်ရှိအောင် hand cream လိမ်းပါ။ -လက်သည်းကိုကိုက်ခြင်း ဖဲ့ခြင်းရှောင်ကျဉ်ပါ။ -မိမိအတွက်သုံးမယ့် လက်သည်းညှပ်ကိရိယာကို သီးသန့်ထားပါ။ #LifePlus #EnrichingHealth #EnhancingBeauty

Read More
Leave a comment