ညစာ မစားရင် ဘာတွေဖြစ်လာနိုင်လဲ……… Leave a comment

ယနေ့ခေတ်မှာ လူတော်တော်များများက ပိန်အောင်၊ဗိုက်ချပ်အောင်စသည်ဖြင့် ညစာတွေဖြတ်ကျတယ်၊ အစားတွေရှောင်ကြတယ်ပေါ့နော်။ ခဏတဖြုတ်လေး ညစာရှောင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျနိုင်ပေမယ့် ရေရှည်ဆိုရင်တော့ကောင်းကျိုးတွေလည်းရှိနိုင်သလိုနောက်ကွယ််မှာ ကျန်းမာရေးအတွက်သင်မသိသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိပါသေးတယ်။

ဒါဆိုညစာဖြတ်ရင် ဘာတွေဖြစ်လာနိုင်လဲ?

သွေးတွင်း သကြားဓါတ်တွေ ကမောက်ကမဖြစ်တာ…
အစားအသောက်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းပြီး အချို့ဆီးချိုဝေဒနာရှင်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေဖြစ်စေတတ်ပါတယ်။

ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကိုနှေးသွားစေတာ..
ညစာဖြတ်တာ အစောပိုင်းမှာ ဝိတ်ကျတယ်ဆိုပေမယ့် ရေရှည်သွားရင်တော့ ဝိတ်ကဆက်မကျတဲ့အပြင်နည်းနည်းလေးစားရုံနဲ့ ဝတယ်ဆိုတာဖြစ်လာပါတယ်။ အစာဖြတ်တာ ကြာရင် ခန္ဓာကိုယ်က ရှိတာလေးနဲ့လောက်အောင်သုံးရမယ်ဆိုတဲ့ အသိဝင်သွားတဲ့အချိန်မှာ ဟော်မုန်းတွေ၊ အင်ဇိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပြောင်းလဲလိုက်ပါတယ်။ ဒီတော့ကြာလာတဲ့ အချိန်မှာ လူကနည်းနည်းလေးစားရုံနဲ့ ဝိတ်တွေပြန်တတ်လာတာမျိုးဖြစ်တတ်ပါတယ်။

မူးဝေတာ၊ စိတ်ဆတ်တာ၊ နုံးနေတာ..
ခန္ဓာကိုယ်မှာဦးနှောက်က Glucose ဆိုတဲ့ ကစီဓါတ်ကို အဓိကသုံးစွဲပါတယ်။ အစားမစားလို့ အချိုဓါတ်တွေကျလာတဲ့အချိန်မှာ စိတ်တို၊စိတ်ဆတ်၊ အာရုံစိုက်လို့မရတာတွေဖြစ်တတ်ပါတယ်။

အဆင်သင့်စာတွေ အလွန်အကျွံစားမိတာ
အစားအသောက်ဖြတ်လိုက်တဲ့အတွက် နောက်နေ့မှာအဆင်သင့်စာတွေ၊ အချိုတွေအလွန်အကျွံစားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဝိတ်မကျတဲ့အပြင်ပိုဝစေတတ်ပါတယ်။

ဒါကြောင့် ဝိတ်ချဖို့အတွက်ရည်ရွယ်ချက်နဲ့ဆိုရင် ညစာဖြတ်မယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပုံမှန်လေးပဲ စားပြီး အားကစားတွေ ပုံမှန်လေးလုပ်ပေးဖို့အကြံပေးချင်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး HOPE TeleCare Myanmar မှ ဆရာဝန်များနှင့်လည်း မနက်၈နာရီမှ ည၁၀နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
https://m.me/hopetelecaremyanmar
LifePlus Health & Beauty ရဲ့ Prestige Card ရှိရုံနဲ့လည်း Level အလိုက် Discount တွေရရှိဦးမှာနော်။အသေးစိတ်ကိုအောက်ပါ Link ထဲမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1094493838010703&id=456328361827257
#LifePlus
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *