HIVဆိုတာ ဘာလဲ?
AIDSဆိုတာ ဘာလဲ?
HIV(Human Immundeficiency Virus)သည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။
AIDS( Acquired Immune Deficiency Syndrome)သည် HIVရောဂါပိုးကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်ပါတယ်။
ဘယ်လိုအချိန်မှာ ရောဂါကူးစက်နိုင်ပါသလဲ?
➢ ရောဂါပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ် ဆေးထိုးပြွန်များအတူတူသုံးမိခြင်း
➢ ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
➢ ရောဂါပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်း
➢ ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း
ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း
➢ ဆေးထိုးအပ်, သွားတိုက်တံ, ဓား နှင့် အခြား ချွန်ထက်သော အရာများအား အတူရောသုံးခြင်းမှ ရှောင်ကျဉ်တာ ၊
➢ လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုတာ၊
➢ ရောဂါပိုးရှိသူ၏ သွေးများထိတွေ့ခြင်း သွေးသွင်းခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
AIDSရောဂါကို ပျောက်ကင်း အောင် အမြစ်ပြတ် ကုသနိုင်တဲ့ ဆေးဝါးများ ယခုတိုင်မရှိသေးပါ။ သို့ပေမဲ့ ရောဂါကိုထိန်းချုပ်တဲ့ ဆေးနဲ့ ၊ တစ်ခြားရောဂါပိုးများ ဝင်ရောက်ခြင်းမရှိအောင်သောက်ရသော ကာကွယ်ဆေး ၊ ရောဂါပိုး အရေအတွက် လျော့ချပေးတဲ့ ဆေးအသုံးပြုတာ စတဲ့ နည်းလမ်းများဖြင့်သာ ရောဂါကို သက်သာအောင်ကုသနိုင်ပါတယ်။
HIVရောဂါပိုးရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်ပင် သိရှိနိုင်ပါတယ်။
HIVရောဂါပိုးရှိနေခြင်းကို စောစီးစွာ မသိရှိခြင်းနှင့် ရောဂါကို သေချာမကုသပါက AIDSရောဂါသို့ကူးပြောင်းသွားနိုင်ပြီး ခုခံအားစနစ်ကျဆင်းကာ နောက်ဆက်တွဲပြဿနာများ(ဥပမာ- တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသောရောဂါပိုးများဝင်ရောက်ခြင်းများ) ရှိလာနိုင်သည့်အပြင်အသက်ရှင်သန်နိုင်သည့် သက်တမ်းတိုသွားနိုင်ပါတယ်။
HIV ရောဂါပိုးကို ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါကိုစောစီးစွာသိရှိနိုင်ပြီး စောစီးစွာ ကုသမှုခံယူပြီး ဂရုစိုက်နေထိုင်ခြင်းဖြင့် တခြားသူများကို ထပ်မံမကူးစက်နိုင်တော့သည့် အပြင် မိမိပုံမှန်သက်တမ်းအတိုင်း နေထိုင်သွားနိုင်မည်ဖြစ်ပါတယ်။
ထို့အတူ ရောဂါကို စောစီးစွာ သိရှိခြင်းဖြင့် မိခင်မှ ကလေးသို့ ရောဂါကူးစက်နိုင်မှုကိုထိန်းချုပ်နိုင်ပြီး ကျန်းမာပျော်ရွှင်သောကလေးငယ်များကို မွေးဖွားနိုင်ပါတယ်။
မြန်မာနိုင်ငံတွင် HIV ပိုးရှိ/မရှိ အခမဲ့သေွး စစ်ခြင်း နှင့်အေအာတီဆေး အခမဲ့ပေးခြင်း နှင့် HIV / AIDS ကုသရေးများ အတွက် အခမဲ့ ဝန်ဆောင်မှုများ ရယူနိုင်တဲ့နေရာ များ ကတော့
– တိုင်းဒေသကြီး နှင့် မြို့နယ်များ ရှိ သက်ဆိုင်ရာဆေးရုံများ နှင့် ကျန်းမာရေး ဌာနများ။
– ခုခံကျ/ကာလရောဂါ တိုက် ဖျက်ရေး ဌာနများ။
– Top Center Myanmar
– Pyi Gyi Khin – HIV အရေး ခင့် ကိုမေး
– Medical Action Myanmar – Prevent Yangon တို့ပဲဖြစ်ပါတယ်။
HIV/AIDSရောဂါသည် ကူးစက်တတ်သောရောဂါဖြစ်သော်လည်း ရောဂါကူးစက်ခံနေရသောသူများကို ကူညီဖေးမပြီး ရောဂါ အသိပညာ ဗဟုသုတများကိုမျှဝေကာ HIV, AIDSရောဂါ ကိုအတူတကွ တွန်းလှန်ကြပါစို့။
#LifePlus_HealthTip
#EnrichingHealth
#EnhancingBeauty