အဆုတ်ရောင်ရောဂါ (Pneumonia) Leave a comment

အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်တစ်ခြမ်း (သို့) နှစ်ဖက်လုံးမှာရှိတဲ့ တစ်ရှူးများ ယောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့်အဆုတ်ရောင်ရောဂါက ဘတ်တီးရီးယားပိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဗိုင်းရပ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ကိုဗစ်ဗိုင်းရပ်ပိုးဖြစ်ပါတယ်)

အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ၂၄ နာရီ (သို့) ၄၈ အတွင်းမှာ ပြသနိုင်ပေမယ့် ၎င်းလက္ခဏာများဟာ ရက်အနည်းငယ်ကြာလာတာနဲ့အမျှတဖြည်းဖြည်း ဆိုးရွားလာနိုင်ပါတယ်။

အဆုတ်ရောင်ရောဂါရဲ့ ယေဘုယျလက္ခဏာများက
– ချောင်းဆိုးခြင်း
– အသက်ရှူရခက်ခဲခြင်း
– နှလုံးခုန်မြန်ခြင်း
– ကိုယ်ပူချိန်မြင့်ခြင်း
– နေထိုင်၍မကောင်းခြင်း
– ချွေးထွက်ခြင်း နှင့် ခိုက်ခိုက်‌တုန်အောင်ချမ်းခြင်း
– အစားစားချင်စိတ်မရှိခြင်း
– ရင်ဘက်အောင့်ခြင်း (အသက်ရှူသောအခါနှင့် ချောင်းဆိုးသောအခါတွင် ပိုအောင့်ခြင်း)

အဆုတ်ရောင်ရောဂါကိုဘာကဖြစ်စေတာလဲ?

အဆုတ်ရောင်ရောဂါကို အဓိက ဖြစ်စေတာက ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ပါတယ်။

ဘတ်တီးရီးယားပိုးအပြင် တခြားဖြစ်စေသော အကြောင်းရာများမှာ –
၁။ ဗိုင်းရပ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ (ဥပမာ – ကိုဗစ်ဗိုင်းရပ်ပိုး)
၂။ တစ်ခုခုကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ရှူမိသောအခါ ဖြစ်သော အဆုတ်ရောင်ရောဂါ (ဥပမာ – ပဲစေ့) ထိုသို့ဖြစ်ပါက စက်ကိရိယာရဲ့အကူညီကို သုံးပြီး ဖယ်ရှားဖို့ လိုအပ်ပါတယ်။
၃။ မှိုကြောင့်ဖြစ်သောအဆုတ်ရောင်ရောဂါ – ၎င်းသည် ကိုယ်ခံအားစနစ်အားနည်းသော သူများကို ပိုပြီး သက်ရောက်စေနိုင်ပါတယ်။
၄။ ဆေးရုံ တက်ရောက်ကုသခံစဉ် အဆုတ်ရောင်ရောဂါပိုးကူးစက်ခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ရောင်ရောဂါ ဝင်လွယ်သော သူများဖြစ်သည့်
– ‌ကလေးငယ်များ
– အသက်ကြီးသူများ
– ဆေးလိပ်သောက်သောသူများ
– ပန်းနာရင်ကြပ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း မကောင်းသူများ
– ခုခံအားစနစ်အားနည်းသူများ စသောသူများသည် အထူးသတိထားပြီး နေထိုင်သင့်ပါတယ်။

အဆုတ်ရောင်ရောဂါကို ကာကွယ်ရန်အတွက်
– နှာခေါင်းစည်းအုပ်ပါ။
– နှာချေ၊ချောင်းဆိုးပြီးတိုင်း လက်ကိုင်ပုဝါ သို့ တစ်ရှူးအသုံးပြုပါ။ (အသုံးပြုပြီးသော တစ်ရှူးများကိုလည်း ချက်ချင်း စနစ်တကျစွန့်ပစ်ပါ)
– လက်ကိုသေချာစွာဆေးကြောပါ။

အထက်ပါနည်းများအပြင် ဆေးလိပ်မ‌သောက်ခြင်းကလည်း အဆုတ်ကို ထိခိုက်မှုပိုနည်းပါးစေပါတယ်။
အရက်အလွန်အကျွံသောက်ခြင်းကလည်း အဆုတ်ရဲ့ ခုခံစွမ်းအားကို လျော့ကျစေနိုင်သောကြောင့် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
#LifePlus_WorldPneumoniaDay
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *