What is Multiple Personality Day? Leave a comment

နှစ်စဉ် March လ 5 ရက်နေ့သည် “Multiple Personality Day” ဖြစ်ပါတယ်။
What is Multiple Personality Day?
Multiple Personality Disorder ရဲ့ အဓိပ္ပာယ်လေးကို အရင်ရှင်းပြချင်ပါတယ်။ Multiple Personality Disorder ကို နောက်တစ်နည်း Dissociative Identify Disorder (DID) လို့လည်းခေါ်ကြပါတယ်။ Dissociative Identify Disorder က ဆေးပညာအရ မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်လာတာမျိုး၊ စိတ်နဲ့လူနဲ့မကပ်တော့တာမျိုး နဲ့ကိုယ့်ကိုကိုယ် သိမြင်နားလည်နိုင်ခြင်း မရှိတော့တာတွေ ဖြစ်ပါတယ်။ DID လို့ပဲ အတိုကောက်သုံးပြီးဆက်လက်ရေးပါ့မယ်။ DID က ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ခါတစ်လေကျရင် DID က တစ်ပတ် သို့ တစ်လကျော်အကြာ နဲ့ပျောက်သွားနိုင်ပြီး တစ်ခါတစ်လေကျရင်လည်း ပျောက်ကင်းဖို့ အချိန်ကြာနိုင်ပါတယ်။
DID ရဲ့ ရောဂါလက္ခဏာများကတော့?
– မိမိကိုယ်ကိုစိတ်နဲ့လူနဲ့မကပ်သလိုခံစားရခြင်းနဲ့ မိမိပတ်ဝန်းကျင်နဲ့ပါ စိတ်ခံစားမှုဝေးကွာနေခြင်း။
– အချိန်ကာလအချို့ကို မေ့နေတတ်ခြင်း၊ ဖြစ်စဉ်တွေနှင့်၊ လူတွေကိုပါမေ့နေတတ်ခြင်း။
– မိမိကိုယ်ကိုမသိတော့ခြင်း။
– တစ်ခုခုထိခိုက်မိလျှင် ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုအနည်းငယ် သို့ လုံးဝမရှိတော့ခြင်း စသည်တို့ဖြစ်ပါတယ်။
DID ဟာ စိတ်ဖိစီးမှုအလွန်အကျွံဖြစ်တာကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ တစ်ခါတစ်လေကျရင် DID က ငယ်စဉ်ကလေးဘဝက စိတ်ဒဏ်ရာရဖူးတဲ့သူတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။
DID ကဘာကြောင့်ဖြစ်ရတာလဲ?
DID ကဘာကြောင့်ဖြစ်ရတာလဲဆိုတာတော့ တပ်အပ်ပြောလို့မရသေးပါဘူး။ တစ်ချို့တွေကတော့ စိတ်ဖိစီးမှု အလွန်အကျွံများတဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ချို့သူတွေကတော့ ငယ်စဉ်ဘဝက လိင်ပိုင်းဆိုင်ရာ သို့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုကို ခံစားရခဲ့တဲ့အခါမှာ ဖြစ်ပေါ်နိုင်ပါတယ်။ တစ်ချို့ကတော့ ပြန်ပေးဆွဲခံခဲ့ရတာမျိုးနဲ့ တစ်ခါတစ်လေမှာ အန္တရာယ်ဖြစ်စေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့တာတွေကြောင့် အထက်ဖော်ပြပါစိတ်ဖိစီးမှုတွေကို ခံစားနေရပါက “ဒါကအခုလက်ရှိမှာတကယ်မဟုတ်တော့ဘူး” “ငါ့မှာ အဲ့ဒီကိစ္စတွေဖြစ်မနေဘူး” လို့တွေးပြီး မိမိရဲ့စိတ်ကိုအနားယူစေခြင်းကလည်း DID ကနေသက်သာစေနိုင်ပါတယ်။
ကုသမှုတွေကဘာတွေလဲ?
DID ကိုခံစားနေရတဲ့ လူအများစုက ဆေးသောက်ခြင်း သို့ စိတ်ပျော်ရွှင်မှု (စိတ်ပျော်ရွှင်အောင်ထောက်ပံ့ပေးမှုကိုရရှိခြင်း) ဖြင့်သက်သာပျောက်ကင်းနိုင်ပါတယ်။ (ဥပမာ – စကားပြောခြင်းဖြင့်ကုသပေးခြင်း) စကားပြောခြင်းဖြင့်ကုသခြင်းကို DID အတွက်မကြာခဏသုံးလေ့ရှိပါတယ်။ စကားပြောခြင်းဖြင့်ကုသပေးခြင်း (နှစ်သိမ့်ဆွေးနွေးပေးခြင်း) ရဲ့ ရည်ရွယ်ချက်က DID ကိုခံစားနေရသူအတွက် နှစ်သိမ့်မှုကိုဖြစ်စေခြင်း၊ စိတ်ဖိစီးမှုကို လျော့ချနိုင်ရန် လေ့ကျင့်ပေးခြင်း၊ အားပေးခြင်းတို့ဖြစ်ပါတယ်။ ဆေးဝါးဖြင့်ကုသခြင်းအတွက်တော့ ဆရာဝန်က လူနာရဲ့ အခြေအနေပေါ်လိုက်ပြီး ဆေးကို ပေးနိုင်ပါတယ်။ အကယ်၍ မိမိအ‌နေဖြင့်လည်း DID ခံစားနေရသူများကို ကူညီပေးချင်ပါက သူတို့ရဲ့ ပြဿနာများကို နားထောင်ပေးခြင်းက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ (မိမိဘက်ကနေ ဖြေရှင်းမှုနည်းလမ်းများစွာရှာပေးခြင်းနဲ့ သူတို့ရဲ့ပြဿနာများကို ဆုံးဖြတ်ပေးခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်)။ ထို့ကြောင့် DID ကိုခံစားနေရသူများကလည်း စိတ်ဖိစီးမှုများကင်းဝေးနိုင်ရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လျော့ချနိုင်သလို DID ရောဂါရှိသူများကို နှစ်သိမ့်အားပေးစကားပြောခြင်း၊ ထိုသူတို့ရဲ့စကားများအား နားထောင်မှုပေးခြင်းဖြင့် DID အားလျော့ကျအောင်ကူညီပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *