အရိုးပွရောဂါဆိုတာ ဘာလဲ? Leave a comment

အရိုးတွေ အားနည်းလာပြီး ကျိုးလွယ် ကြေလွယ်ဖြစ်လာခြင်းကိုအရိုးပွရောဂါလို့ခေါ်ပါတယ်….
အရိုးပွရောဂါကို တစုံတခုကြောင့် အရိုးကျိုးသွားတဲ့အခါမှသာ ရောဂါရှာဖွေတွေ့ရှိတတ်သော်လည်း သက်ကြီးပိုင်းတွေမှာ ကျောရိုးက အရိုးလေးတွေ ကျိုးသွားတာကြောင့် ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ ခါးကုန်းလာခြင်းမျိုးမှာလဲ တွေ့ရှိရတတ်ပါတယ်
အရိုးပွ ရောဂါကို အရိုးအားဆေးတွေသောက်သုံးခြင်းဖြင့် ကုသနိုင်ပါတယ်
အမျိုးသမီးများမှာ သွေးဆုံးပြီးနောက်ပိုင်း အရိုးလေးတွေ အားနည်းလာတတ်သောကြောင့် အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်
တခြား ဘယ်လိုအချက်တွေကြောင့် ဖြစ်နိုင်သေးလဲ?
-steroid လို့ခေါ်တဲ့ အရောင်ကျဆေးတွေကို ရေရှည်သုံးစွဲနေရတဲ့ လူနာတွေ
-family history ရှိသူများ
-ကိုယ်အလေးချိန် မပြည့််ဝသူများ
-ဆေးလိပ်အလွန်အကျွံသောက်သည့်သူများ
-ပုံမှန် ကိုယ်လက်လှုပ်ရှားမှုမရှိသူများမှာလဲ တွေ့ရတတ်ပါတယ်
အရိုးပွရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
-အရိုးလေးတွေ သန်မာလာအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း
-အရိုးသန်မာစေသော calcium, vitamin D ပါဝင်သော salmon, နို့နှင့် နို့ထွက်ပစ္စည်းများ, ဟင်းနုနွယ်, broccoli စသော အရွက်များ, အစေ့အဆံများ စားသောက်ပေးခြင်း
-Vitamin D ဟာလဲ ခန္ဓာကိုယ်မှ calcium စုပ်ယူမှုကိုအားပေးတာကြောင့် vitamin D ရရှိဖို့လဲလိုအပ်ပါတယ်
မနက်ခင်း နေထွက်ခါစ နေရောင်ခြည်နုနုလေးမှာလဲ vitamin D လုံလောက်စွာပါဝင်တာကြောင့် ထိတွေ့ပေးသင့်ပါတယ်..
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာမို့ အရိုးပွရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြပါစို့..
References
https://www.nhs.uk/conditions/osteoporosis/
https://www.mayoclinic.org/…/symptoms-causes/syc-20351968
#LifePlus_HealthTip
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *