တကျော့ပြန်ခေါင်းထောင်လာတဲ့ BA 5 🦠 Leave a comment

ခုကာလတွေအတွင်းမှာ တော်တော်များများပြန်ဖျားလာကြတာကို သထိထားမိကြလား? 🤧🤒

နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတဲ့ လက္ခဏာတွေနဲ့အတူ တောက်လျှောက် လူတွေကို စိတ်ဒုက္ခပေးလာတဲ့ ကိုဗစ်ရဲ့ နောက်မျိုးကွဲတစ်ခုဖြစ်တဲ့ BA4, BA5 ဆိုတာကလည်း တကျော့ပြန်လာခဲ့ပါပြီ….😷🤧

ဒါကြောင့် တကျော့ပြန်လာတဲ့ ရန်သူအကြောင်းကို ဘယ်လိုကာကွယ်ကြမလဲ? ဖြစ်လာရင်ရောဘာတွေလုပ်ရမလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးပါ့မယ့်နော်👩🏻‍⚕️🩺

BA 5 ဆိုတာဘာလဲ 🦠

BA5 ဆိုတာ ကိုဗစ်ရောဂါပိုး မျိုးစိတ်တစ်ခုပါပဲ ။အိုမီခရွန်ရဲ့ နောက်ဆုံးတွေ့ထားတဲ့မျိုးကွဲတွေထဲက တစ်ခုပါ 🦠

တခြားမျိုးကွဲတွေထက် ပိုကူးလွယ်လား 🦠

Virus ရဲ့ မျက်နှာပြင်မှာ ရှိတဲ့ spike protein ပြောင်းလဲမှုကြောင့် အရင်မျိုးစိတ်တွေထက် ပိုပြီး ကူးစက်နိုင်ခြေ ရှိတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တခြားမျိုးကွဲတွေထက် ပိုဆိုးတာမျိုးတော့ မတွေ့ရှိရသေးပါဘူး
ပေါ့ဆပြီးနေသင့်တာမျိုးလည်း မဟုတ်ပါဘူးနော်။

ဘယ်လိုလက္ခဏာတွေခံစားရမလဲ 🦠

အရင် ကိုဗစ်မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။
-နှာရည်ယိုတာ
-ချောင်းဆိုးတာ
-လည်ချောင်းနာတာ
-ဖျားတာ၊ခေါင်းကိုက်တာ
-ကြွက်သားနာကျင်ကိုက်ခဲတာ
-နုံးတာ တွေ ခံစားရနိုင်ပါတယ်
ရောဂါလက္ခဏာမပြတာမျိုးလည်း ရှိနိုင်ပါတယ် 🦠

ကာကွယ်ဆေးထိုးထားလည်း ထပ်ဖြစ်နိုင်လား🦠

အရင်က ကိုဗစ်ဖြစ်ထားတာတွေ၊ကာကွယ်ဆေးထိုးထားတာတွေရဲ့ ခုခံအားရပေမယ့်လည်း
BA5 ရဲ့ မျိုးဗီဇပြောင်းလဲမှုက ခန္တာကိုယ်ခုခံအားစနစ်ကို ထိုးဖောက်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ပေါ့လို့တော့မရပါဘူးနော် 🦠

ဒါပေမယ့် ကာကွယ်ဆေးထိုးထားသူတွေမှာ မထိုးထားတဲ့သူတွေ ထက်စာရင် ဆိုးဆိုးရွားရွားခံစားရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ် ‼️

မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့
-mask တပ်ပါ
-တခုခုကို ကိုင်တွယ်ပြီးတိုင်း အပြင်ကနေ ပြန်ရောက်တိုင်း လက်ဆေးပါ
-မသန့်ရှင်းတဲ့လက်နဲ့ မျက်စိ၊နှာခေါင်း၊ပါးစပ်တို့ကို ထိတွေ့တာမျိုး မလုပ်ပါနဲ့
-လူနေထူထပ်တဲ့နေရာ၊ လူစုလူဝေးထဲ သွားလာခြင်းကို ရှောင်ကြဉ်ပါ
-လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ
-ကာကွယ်ဆေးတွေထိုးထားပါ 🦠

ကိုဗစ်လို့ ယူဆရတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်လည်း စိတ်အရမ်း မခြောက်ခြားဘဲ
-အာဟာရပြည့်ဝအောင်စားပါ
-အိပ်ချိန်အပြည့်အဝအိပ်ပါ
ခံစားရတဲ့ လက္ခဏာတွေ သက်သာဖို့ ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

တကယ်လို့ ကိုယ်က ဖျားနေပြီ ဒါပေမယ့် ရာသီတုပ်ကွေးရဲ့လက္ခဏာလား၊ ကိုဗစ်ရဲ့ လက္ခဏာလားဆိုတာ သေချာ မခွဲခြားတတ်ဘူးဖြစ်နေတယ်ဆိုရင် HOPE TeleCare Myanmar ရဲ့ Messenger မှာ အခမဲ့ သွားရောက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်💗

Leave a Reply

Your email address will not be published. Required fields are marked *