Autism တစ်ဦးတိုင်းစီမှာ မတူညီတဲ့ အမူအကျင့် လက္ခဏာတွေရှိကြလား? Leave a comment

ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ် ၅၉‌ယောက်တွင် တစ်‌ယောက်သည် Autism ‌ဖြစ်နေကြပြီး ထိုကလေးငယ်များအား ပိုမိုသတိပြုမိစေရန်နှင့် သူတို့‌လေးတွေအား‌ ဖေးမကူညီနားလည်‌ပေးနိုင်ရန် ရည်ရွယ်၍ 2008 ခုနှစ်မှ စတင်ကာ April လ 2 ရက်နေ့ကို World Autism Awareness Day ဟုသတ်မှတ်ခဲ့ကြသည်။ ထိုနေ့၏အရောင်မှာ အပြာရောင်ဖြစ်ပြီး အပြာရောင်မီးလုံးများထွန်းခြင်း ၊ အထိမ်းအမှတ်နေ့စာလုံးပါ အပြာရောင်အကျီများ ၊ ဖဲပြားများ၀တ်ဆင်ခြင်းများ ပြုလုပ်ကြသည်။ Autism ဆိုတာ လူတစ်ဦး၏ တွေးခေါ်မှု ၊ စိတ်ခံစားမှု ၊ တခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှု စတာတွေအပေါ်  အကျိုးသက်ရောက်သော အခြေအနေတစ်မျိုးဖြစ်သည်။ Autism တစ်ဦးတိုင်းစီတွင်မတူညီသော အမူအကျင့်လက္ခဏာများ ရှိကြသောကြောင့် Autism ကို Autism Spectrum Disorder ဟုခေါ်ဝေါ်ကြခြင်းဖြစ်သည်။
Autism ဖြစ်နေသောသူတစ်ဦးသည်…
၁။  စိတ်ခံစားမှု ပုံမမှန်ခြင်း။
၂။   အပြုအမူ ပုံမမှန်ခြင်း။
၃။  စကားပြောနှင့် ပေါင်းသင်းဆက်ဆံရေး ပုံမမှန်ခြင်း လက္ခဏာများ ရှိတတ်သည်။
Autism ရောဂါသည် Autism မွေးချင်းရှိခြင်း၊ အသက်အရွယ်ကြီးသော မိဘမှမွေးခြင်း၊ မျိုးရိုးဗီဇကြောင့်ဖြစ်သော Fragile X syndrome, Rett Syndrome, Down syndrome ရှိခြင်း၊ ပေါင်မစေ့ပဲ မွေးဖွားလာခြင်းတို့ကြောင့် ဖြစ်စေနိုင်သည်။ Autism Spectrum Disorder သည်ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသော်လည်း ကောင်းမွန်သောကုသမှု၊ သင်ကြားမှုများပေးခြင်းဖြင့် သာမာန်လူတစ်ယောက်ကဲ့သို့ အဆင်ပြေအောင် နေထိုင်သွားနိုင်ရန် အများကြီး အထောက်အကူပြုနိုင်ပါသည်။ ကျန်းမာပျော်ရွှင်သောမိသားစု ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Source – Google,  novahealth.com

Leave a Reply

Your email address will not be published. Required fields are marked *