ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေ ရှောင်ရမယ့် အချက်များ… Leave a comment

နှစ်စဉ် မေလ(၃)ရက်နေ့ဟာ “World Asthma Day” နေ့ဖြစ်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတလေး‌‌တွေ မျှဝေပေးသွားပါမယ်နော်…..
ပန်းနာရင်ကျပ်ဆိုတာ လေပြွန်ကျဥ်းမြောင်းရောင်ရမ်းပြီး ချွဲသလိပ်တွေ အများအပြားဖြစ်နေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်.. ဒီအခြေအနေမှာ အသက်ရှုရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုလျှင် တရွှီးရွှီးမြည်တာမျိုးတွေ ဖြစ်တတ်ပါတယ်.. နေထိုင်ရာပတ်ဝန်းကျင်ကြောင့် ပန်းနာရင်ကျပ်၊ ရောဂါလက္ခဏာ ရလာတာမျိုးလည်းရှိနိုင်ပါတယ်..
ပန်းနာရင်ကျပ် ရောဂါလက္ခဏာတွေကတော့..
– အသက်ရှုမြန်ခြင်း၊
– ရင်ဘတ်အောင့်ခြင်း၊
– ချောင်းဆိုးခြင်း၊
– ချွဲကျပ်ခြင်း တွေကို တွေ့ရပါတယ်။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
ပန်းနာရင်ကျပ်ဝေဒနာခံစားနေရတဲ့သူတွေမှာတော့ အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ပန်းနာရင်ကျပ်လက္ခဏာ အမျိုးအစား(၄)မျိုးကတော့..
(၁) Occupational asthma – လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်တဲ့ ပန်းနာရင်ကျပ် လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ အလုပ်ခွင်မှာနေ့စဉ်ထိတွေ့နေတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ပန်းနာရင်ကျပ်လက္ခဏာ တစ်မျိုးဖြစ်တယ်။
(၂) Allergy- induced asthma – ဓာတ်မတည့်တဲ့ အရာတွေကြောင့်ဖြစ်တဲ့ ပန်းနာရင်ကျပ် လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ လေထဲမှာပါလာတဲ့ ဖုန်မှုန့်၊ ဝတ်မှုန်တွေ၊ တိရိစ္ဆာန်အမွှေးတွေနဲ့ ထိတွေ့မှုကနေတဆင့် ပန်းနာရင်ကျပ် ရောဂါဖြစ်နိုင်တယ်။
(၃) Exercise – induced asthma – လေ့ကျင့်ခန်းပြုလုပ်ခြင်းကနေ ဖြစ်လာတဲ့ ပန်းနာရင်ကျပ် လက္ခဏာတစ်မျိုးပါ။ ပြင်းထန်စွာကိုယ်လက်လုပ်ရှားမှု ပြုလုပ်ခြင်းက အေးမြခြောက်သွေ့တဲ့အချိန်မှာ ရောဂါလက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ရှောင်ရမယ့် အချက်တွေကတော့..
– ရေအေး သောက်သုံးခြင်း၊
– အဆီများသော အစားအစာ၊
– ဆီကြော် အစားအစာ၊
– အချိုလွန်ကဲသော အစားအစာ၊
– အသင့်စား အစားအစာတွေ၊ တာရှည်ခံဆေးတွေ၊ ဓာတုဗေဒဆိုးဆေးပါဝင်တဲ့ အစားအစာ စတာတွေကိုသတိပြု ရှောင်ကြဥ်စားသုံးရမှာဖြစ်ပါတယ်။
– ဆေးလိပ်သောက်ခြင်းကိုလည်း အဓိကရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏လို့ဆိုသလို ပန်းနာရင်ကျပ်ရောဂါမဖြစ်အောင် အစားအသောက်၊ နေထိုင်မှုပတ်ဝန်းကျင်စသည်ဖြင့် သတိပြုနေထိုင်စားသုံးရန် တိုက်တွန်းလိုက်ပါတယ်နော်…
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

Leave a Reply

Your email address will not be published. Required fields are marked *