အပူချိန်မြင့်မားလွန်းလို့ ပင်ပန်းနွမ်းလာတဲ့အခါ… Leave a comment

ခုရက်ပိုင်းရာသီကလည်း အရမ်းပူတယ်၊ ချွေးတအားထွက်တော့ အားမရှိသလိုနုံးတယ်၊ မူးတယ် ဆိုတာတွေအဖြစ်များလာကြတာမို့ အထူးဂရုပြုပီးနေထိုင်ကြရပါမယ်။ Heat related illness ဖြစ်နိုင်တာတွေကတော့ Heat Cramps နေပူထဲမှာ Exercise လုပ်သူတွေ မှာခြေသလုံးကြွက်တတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Heat exhaustion ရေဓာတ်နှင့်ဆားဓာတ် ဆုံးရှူံးခြင်းတွေဖြစ်တတ်ပါတယ်။ သေချာမကုသရင် Heat stroke ရသွားတတ်ပါတယ်။ Heat stroke ဆိုတာခန္ဓာကိုယ်ရဲ့အပူထိန်းညှိတဲ့စနစ် ပျက်စီးသွားတာပဲဖြစ်ပါတယ်။ ချွေးလည်းမထွက်တော့ပဲ အသားအရေက ပူခြောက်ခြောက်ကြီးဖြစ်ပြီး သတိလစ်သွားတာမျိုးပါ။

Heat stroke ဖြစ်ရင်အပူချိန် အရမ်းမြင့်တက်ခြင်း၊ Heart rate မြန်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရေဆာပြီး ဆီးသွားနည်းလာခြင်း၊ ကြွက်သားများနာကျင် ကိုက်ခဲလာခြင်းတွေ ဖြစ်တတ်ပါတယ်။ ချက်ချင်း ဆေးကုသမှုမခံယူရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ Heat stroke ဖြစ်လျှင် အေးသောနေရာကိုပြောင်းရွေ့ပါ၊ အဝတ်ထူများရှိလျှင်ဖယ်ရှားပေးပါ ၊ရေပတ်ဝတ်ကပ်ပေးပါ၊ ရေများများတိုက်ပေးပါ (Ion ပါတဲ့ Sport drink(or) ဓါတ်ဆားရည်တိုက်​ပေးပါ)။ မသက်သာလျှင် နီးစပ်ရာဆေးရုံ ဆေးခန်းသို့သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

Heat stroke မဖြစ်အောင် ဆောင်ရန် ရှောင်ရန်လေးတွေပြောပြပေးချင်ပါတယ်။

၁. ရေဓါတ်ခမ်းခြောက်နိုင်တာမလို့ ရေများများသောက်ပေးပါ။ အရည်ရွှမ်းသော အသီးအနှံများများစားပါ။

၂.  အရောင်နုပီး ပွယောင်းသော ချည်ထည်အင်္ကျီများကို ဝတ်ဆင်ပါ။

၃. အပြင်သွားလျှင် Suncream လိမ်းပါ။ ဦးထုပ် သို့မဟုတ် ထီးဆောင်းပါ။

၄. တတ်နိုင်သမျှ အရိပ်ရသောနေရာတွင်သာ နေပေးပါ။

၅. နေပူထဲကပြန်လာပြီးလျှင် ရေချက်ချင်းချိုးခြင်းကို ရှောင်ကြဥ်ပေးပါ။

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ။

#LifePlus_HealthTips

#SuSuHlaing_Pharmacist

#EnrichingHealth

#EnhancingBeauty

 

Leave a Reply

Your email address will not be published. Required fields are marked *