ဗီတာမင် B12 အကြောင်း သိကောင်းစရာ… Leave a comment

တစ်ခုခုပြောတော့မယ်ဆို ပါးစပ်ဖျားလေးမှာတင် မေ့မေ့နေတတ်တယ်?
အာရုံကြောတွေမကောင်းတာ ဘာဗီတာမင်ချို့တဲ့နေလို့လဲ ?
ခဏခဏမေ့နေတတ်တာ ဘာကြောင့်လဲ ?
ဒီလိုမေးခွန်းပေါင်းများစွာနဲ့ အဖြေစဉ်းစားရခက်နေတဲ့သူတွေ ရှိကြပါသလား ❓❓❓
ဒီလိုတွေဖြစ်ရတာဟာ ဗီတာမင် B12 ချို့တဲ့လို့ ဖြစ်ပါတယ်။ ထို့ကြောင့် ဗီတာမင် B12 နဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်…
ဗီတာမင် B12 ဆိုတာ…❓
နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ အမဲသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေမှ တဆင့်ရရှိနိုင်ပါတယ်။ ဦးနှောက်၊ အာရုံကြော၊ သွေးဆဲလ်တွေအတွက် အရေးပါတဲ့ဗီတာမင်တစ်မျိုးဖြစ်ပြီးတော့ ခန္ဓာကိုယ်မှ
တဆင့်အလိုအလျောက် မရရှိနိုင်တဲ့အတွက် အစားအစာ၊ ဆေးဝါးများသောက်သုံးမှသာ ရရှိနိုင်တဲ့ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ်။
ဗီတာမင် B12 ချို့တဲ့တဲ့အခါ…❓
     ✅ လက်နဲ့ခြေထောက်တွေ ခဏခဏထုံမယ်၊
     ✅ လမ်းလျှောက်ရတာ အခက်အခဲဖြစ်မယ်၊
     ✅ စိတ်အခြေအနေ ပြောင်းလဲလွယ်မယ်၊
     ✅ သွေးအားနည်းမယ်၊
     ✅ မှတ်မိနိုင်စွမ်းအား လျော့လာမယ်၊
     ✅ စဉ်းစားနိုင်စွမ်း နှေးလာမယ်၊
     ✅ မကြာခဏ မောပန်းနေမယ်၊
     ✅ အမြဲလိုလိုအားနည်းမယ်၊ အားပျော့နေမယ်ဆိုရင်တော့ သင့်မှာဗီတာမင် B12 ချို့တဲ့နေတာပဲဖြစ်ပါတယ်…
 ဗီတာမင် B12 ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်…❓
  • အမဲသား၊ ကြက်သားများများစားပေးပါ၊
  • နို့နဲ့နို့ထွက်ပစ္စည်း များများစားပေးပါ၊ သောက်ပေးပါ၊
  • အုတ်ဂျုံ၊ ကွေကာအုတ် မကြာမကြာစားပေးပါ၊
  • ကြက်ဥ၊ ဘဲဥ ပုံမှန်စားပေးပါ၊
  • Vitamin B12 ဖြည့်တင်းပေးနိုင်မယ့် အားဖြည့်ဆေးများ သောက်ပြီးဖြည့်တင်းပေးနိုင်ပါတယ်။
အားလုံးပဲဗီတာမင် B12 ပြည့်ဝပြီးပျော်ရွှင် ကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်…
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *