ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့်… Leave a comment

ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့် လူသားတို့အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်း ပါ၀င်ဖွဲ့စည်းထားပါတယ်။ အခြေခံ ဆဲလ်များအတွက် ရေဟာမရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ရေသောက်ခြင်းသည် အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်ပါ လူသားတို့၏နေ့စဉ်ဘ၀ကို ကောင်းကျိုးများ သက်ရောက်မှုရှိပါသည်။ ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအလှအပဆိုင်ရာအကျိုးကျေးဇူးများမှာ အသားအရေကြည်လင်စေခြင်း၊ ချွေးပေါက်ကျဉ်းစေခြင်း၊ ၀က်ခြံထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အရေးအကြောင်းများအား လျော့နည်းစေခြင်း၊ နေလောင်ခြင်းကို လျှင်မြန်စွာသက်သာစေခြင်း စတဲ့အချက်များကို ရရှိစေနိုင်ပါတယ်။
ရေကိုလုံလောက်စွာသောက်ခြင်းအားဖြင့် ရရှိနိုင်သော ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁.    ဝိတ်ကျစေတယ်။
၂.    ကျောက်ကပ်တွင်ကျောက်တည်ခြင်းကို ဟန့်တားပေးတယ်။
၃.   အသားအရေဝင်းပစိုပြေစေတယ်။
၄.   ခန္ဓာကိုယ်တွင်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
၅.   နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။
၆.   အဆစ်အမြစ်နာကျင်ယောင်ရမ်းခြင်းကို ကာကွယ်ပေးတယ်။
၇.   ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတယ်။
၈.   ဝမ်းမှန်စေတယ်။
၉.   ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတယ်။
၁၀. နေ့စဉ်စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးတယ်။
အားလုံးပဲ နေ့စဉ် ရေကို များများသောက်ကြပါစို့နော်…..

Leave a Reply

Your email address will not be published. Required fields are marked *