World Health Day Leave a comment

ကမ္ဘာ့ကျန်းမာရေးနေ့ (“World Health Day”) ကို နှစ်စဉ်ဧပြီလ (၇)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျင်းပလေ့ရှိကြပါသည်။ ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ပထမဆုံးကမ္ဘာ့ကျန်းမာရေး ညီလာခံကိုကျင်းပခဲ့သည်။ ထိုညီလာခံတွင် ၁၉၅၀ ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးနေ့ကို နှစ်စဉ် ဧပြီလ (၇) ရက်နေ့တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင်ကျင်းပခြင်းအားဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်သည့်နေ့ကို အမှတ်ရစေရန်၊ ကမ္ဘာ့ကျန်းမာရေး၏အရေးကြီးပုံကို လူထုကအာရုံစိုက်မှုကို ရရှိစေရန် ရည်ရွယ်၍ကျင်းပခဲ့ပါသည်။
ကမ္ဘာ့ကျန်းမာရေးနေ့ရဲ့  2022 နှစ်အတွက် ဆောင်ပုဒ်လေးကတော့ “Our Planet, Our Health” ပါ။ ဒီဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်နဲ့ လူသားတိုင်းနေကောင်း ကျန်းမာဖို့ရည်ရွယ်ပါတယ်။ အခုဆိုရင်ကမ္ဘာမြေကြီးဟာ Corona virus pandemic လည်းဖြစ်ပွားလျက်ရှိနေပြီး လေထုညစ်ညမ်းမှု၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသဖြင့် ရောဂါဖြစ်ပွားနှုန်းတွေကလည်း များပြားလာပါတယ်။ World Health Day 2022 မှာ WHO က လူသားတွေနှင့် ကမ္ဘာမြေကြီးရဲ့ကျန်းမာရေးအတွက်အာရုံစိုက်ဖို့ အလွန်အမင်းအရေးကြီးနေကြောင်း ပြောဆိုထားပါတယ်။ လူသားတွေရဲ့ကျန်းမာရေးအတွက် သင့်တော်တဲ့ပတ်ဝန်းကျင် ဖန်တီးဖို့ကိုလည်းအကြံပြုထားပါတယ်။
WHO ခန့်မှန်းချက်အရနှစ်စဥ်လူပေါင်း 13 millions နီးပါးသည် ကာကွယ်လို့ရတဲ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးနေရတာဖြစ်ပါတယ်။ ဥပမာ- ရာသီဥတုဖောက်ပြန်မှုသည် အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားတဲ့ ပြဿနာတွေက ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်။ လူသားတွေရဲ့  90% လောက်ဟာ မသန့်ရှင်းတဲ့လေကိုရှုနေရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ Plastic တွေအလွန်အမင်းအသုံးပြုမှုတွေဟာ ကျန်းမာရေးကိုဒုက္ခပေးစေပါတယ်။ အသင့်စားထုတ်ကုန်များ၊ အစားအသောက်များ၊ အဖျော်ယမကာတွေကို စားသုံးမှုများခြင်းသည်လည်း အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါများကိုဖြစ်ပွားစေနိုင်ပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းအသီးသီးနှင့်တူတူ မိမိတို့တစ်တွေလည်း သန့်ရှင်းသော၊ ကျန်းမာသော ကမ္ဘာမြေကြီးဖြစ်လာဖို့ အတူတူပူးပေါင်းဆောင်ရွက်ကြပါစို့နော်။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlusမှာ ဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *