အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ…….. Leave a comment

အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ

မုန်လာဥဖြူ
မုန်လာဥဖြူကလည်း လေထိုးလေအောင့်၊ အစာအိမ်နာတာတွေ ဖြစ်စေနိုင်တာမို့လို့ အစာအိမ်ရှိတဲ့သူတွေ အနေနဲ့ ရှောင်ရှားသင့်ပါတယ် ။

ပိန်းဥ
ပိန်းဥကို တော်တော်များများက ချက်စား ၊ ကြော်စားရတာနှစ်သက်ပါတယ် ။ တကယ်လည်းစားကောင်းပြီးလူကြိုက်များလှပါတယ် ။ ဒါပေမယ့် ပိန်းဥကလည်း အစာအိမ်ရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားစာထဲမှာပါဝင်ပါတယ် ။

ပိန္နဲသီး
ပိန္နဲသီးက လူတွေကို အကျိုးပြုစေတဲ့ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် အအေးမိနှာစေး၊ ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ပြင်ပဘတ်တီးရီးယား ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ပိန္နဲသီး က ဂတ်စ်ထုတ်လုပ်နိုင်စွမ်း တိုးလာစေတာကြောင့် အစာအိမ်နာတာ၊ လေအောင့်တာတွေဖြစ်လာနိုင်ပါတယ်။

ကုလားပဲ
ကုလားပဲကလည်း အစာအိမ်မှာ ဂတ်စ်များလာစေပြီး လေထိုးလေအောင့်ဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေစားမယ်ဆိုရင်လည်း ပမာဏကန့်သတ်ပြီး စားပေးသင့်ပါတယ် ။

ပဲနီစေ့
ပဲအမျိုးမျိုးက အာဟာရ အမျိုးမျိုးပေးတဲ့အတွက် တော်တော်များများစားသုံးကြပါတယ် ။ ပဲနီစေ့ကလည်း လေထိုးလေအောင့်ဖြစ်စေတာမို့ အစာအိမ်ရှိသူတွေ အနေနဲ့​ရှောင်ရှားသင့်ပါတယ် ။

“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

#LifePlus
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *