သန်စွမ်းကျန်းမာ ပျော်ရွှင်ရာ နည်းလမ်းကောင်း အဖြာဖြာ…… Leave a comment

အားလုံးပဲ မင်္ဂလာပါ
ဒီနေ့မှာတော့ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ဘယ်လိုနေထိုင်ပြုမူစားသောက်ရမလဲ အကြောင်းလေးပြောပြပေးပါမယ်။
1. ပထမဆုံးအနေဖြင့်သင့်တင့်မျှတသော အစားအသောက်များကို ရွေးချယ်စားသောက်ရန်လိုအပ်ပါသည်။ လူတစ်‌ယောက်သည် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံတို့ကို့ ပန်းကန်းလုံးနှစ်လုံးခွဲစာ အနည်းဆုံးစားသောက်ရန် လိုအပ်ပါသည်။အစေ့အနှံ့ချွတ်ထားသော ဂျုံစေ့ ပြောင်းစေ့ တို့နှင့် ပြုလုပ်ထားသော ပေါင်မုန့် ၊ cereals ၊ ပါစတာတို့ကို ‌ရွေးချယ်စားသုံးမည့် အစား အစေ့အနှံ့မချွတ်ထားသော ဂျုံစေ့ ပြောင်းစေ့ တို့နှင့် ပြုလုပ်ထားသော အစားအသောက်များကို ‌ရွေးချယ်စားသုံးခြင်းသည် ခန္ဓာကိုယ်အတွင်း အဆီများကို လျော့ချနိုင်ပါသည်။ နီသောအသားများဖြစ်သော အမဲသား ၊ ဝက်သား ၊ သိုးသားများကို လျော့၍စားသုံးပြီး ငါး ၊ ကြက်သား ၊ ပဲများ ကို များများရွေးချယ်စားသုံးပေးပါ။ သကြားဓာတ်များသော အချိုရည်များကို လျော့၍ သောက်သုံးပေးပါ။ရေကို များများ သောက်ပေးပါ။ ကယ်လိုရီများသော အာလူးကြော်၊ ရေခဲမုန့် ၊ ဆီကြော်မုန့်များ ကို လျော့၍ စားပေးပါ။
2. ဒုတိယအနေဖြင့် ကိုယ့်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပုံမှန် တိုင်းတာရန် လိုအပ်ပါသည်။ မိမိ၏ ခန္ဓာကိုယ် အလေးချိန်ကို နေ့စဥ် သို့မဟုတ် အပတ်စဥ် တိုင်းတာခြင်းဖြင့် မိမိခန္ဓာကိုယ် အလေးချိန် အတက်အကျကို သိနိုင်ပြီး ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးပါ။
3. တတိယအချက်ကတော့ လေ့ကျင်ခန်းကို ပုံမှန်လုပ်ဆောင်ရန် လိုအပ်ပါသည်။ အပြင်ထွက်ရန် မလွယ်ကူသော လူကြီးများအနေဖြင့် အိမ်တွင်း Workouts များ လုပ်နိုင်ပါသည်။ တစ်နေ့လျှင် နာရီဝက် အနည်းဆုံး အပျော့စားလေ့ကျင့်ခန်း ဖြစ်သော လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းများ စသော လေ့ကျင့်ခန်းများကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ အကြောလျော့ခြင်း၊ ‌ယောဂ လေ့ကျင့်ခန်း များလုပ်ဆောင်ပေးပါ။ ပြင်းထန်သော ခန္ဓာကိုယ်လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ် ကြွက်သားများ ပျက်စီးဆုံးရှုံးနိုင်ပါသည်။
4. စတုတ္ထအချက်ကတော့ ရုံးသမားများ အနေဖြင့် အထိုင်များခြင်း ၊ screen time များခြင်းကို လျော့ချပေးပါ။ရုံးသမားများအနေဖြင့် computer ရှေ့တွင် အချိန်အကြာကြီးနေခြင်းနေခြင်းသည် ဆီးချိုးရောဂါနှင့် နှလုံးရောဂါများ ဖြစ်နိုင်ချေ များပါသည်။ထို့ကြောင့် နားသောအချိန်များတွင် လမ်းလျှောက်ခြင်း တို့ဖြင့် ဖြေလျော့ပေးပါ။
5. ပဥ္စမအချက်ကတော့ ကောင်းမွန်သော အိပ်စက်ခြင်းကို လုပ်ဆောင်ပေးပါ။အိပ်စက်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးကြီးသော အရာဖြစ်ပါတယ်။ကိုယ်ခံအားကောင်းမွန်စေရန် တစ်နေ့လျှင် အနည်းဆုံး 6-8နာရီ ခန့် အိပ်စက်ရန် လိုအပ်ပါသည်။အိပ်ရေးမလုံလောက်လျှင် ခန္ဓာကိုယ် အားအင်ပင်ပန်းနွမ်းလျပြီး နှုံးဝေမှုများ ဖြစ်ပေါ်နိုင်ပါသည်။
6. နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်ခြင်း ၊ အရက်သေစာ သောက်ခြင်း ၊ ကွမ်းယာစားခြင်း များကို လျော့ချပေးပါ။ အရက်သေစာများ အများအပြားသောက်ခြင်းသည် အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါများကို ဖြစ်ပေါ်ရန် အလားအလာများပါသည်။ထိုမှတစ်ဆင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေများ ဖြစ်ပေါ်နိုင်ပါသည်။
7. သတ္တမအချက် ကတော့ ပြုံးခြင်း နှင့် ရယ်မောခြင်း ကို များများလုပ်ဆောင်ပေးပါ။ကျွန်ုပ်တို့ ရယ်မောသော အခါ အသက်ကို ပုံမှန်ရှုတာထက် နည်းနည်းပိုရှုမိတတ်ကြပါတယ်။နှလုံးကြွက်သားနှင့် အဆုတ်တို့ကို နိုးဆော်ပေးပါတယ်။ကျွန်ုပ်တို့ ဦးနှောက်ကလည်း Endophins Hormone ထုတ်လုပ်မှုများ ထွက်ပေါ်လာပါတယ်။
ကျန်းမာသန်မာ ပျော်ရွင်သော ဘဝများ ပိုင်ဆိုင်နိုင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *