မျက်တောင်မွှေးလေးတွေကို ဂရုစိုက်ဖို့ နည်းလမ်းများ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပုံဖော်ပေးနိုင်တာကတော့ အဓိကကတော့ မျက်လုံးလေးတွေပါပဲ။ မျက်တောင်ဆိုတာဟာ မျက်လုံးရဲ့မျက်ခမ်းနေရာ (Eye lids) မှာ ပေါက်တဲ့အမွှေးဖြစ်ပါတယ်။ အင်္ဂလိပ်လို Eyelash လို့ခေါ်ပါတယ်။ ရှည်လျားကော့ညွတ် ထူထဲတဲ့မျက်တောင်ကို ပိုင်ဆိုင်ထားတဲ့သူဆိုရင်လူအများကြားမှာ ပိုပြီးသိသာထင်ရှားပါတယ်။ မျက်တောင်မွှေးဟာ မျက်လုံးကိုအမှုန်အမွှားလေးတွေကနေကာကွယ်ပေးနိုင်ပြီး လှပထူးခြားတဲ့မျက်တောင်တစ်စုံဟာဆိုရင် အလှအပဆိုင်ရာ စွဲဆောင်မှုတစ်ခုအနေနဲ့ အသိအမှတ်အပြုခံရပါတယ်။

ကိုယ့်ရဲ့ မျက်၀န်းအလှကို ပံ့ပိုးပေးနိုင်တဲ့ မျက်တောင်ကော့ကော့ရှည်ရှည်လေးတွေကို ပျက်စီးမှုမရှိရလေအောင် ထိန်းသိမ်းသင့်ပါတယ်။ အလှအပရေးရာ သိသင့်သိထိုက်သော အ‌ကြောင်းအရာများထဲမှ မိမိရဲ့ မျက်တောင်မွှေးလေးတွေကို ဂရုစိုက်ဖို့ နည်းလမ်းလေးများကို အမျိုးသမီးတိုင်း သိထားသင့်ပါတယ်။ ရှည်လျားကော့ညွတ် ထူထဲတဲ့ မျက်တောင်မွှေးလေးတွေကို အမျိုးသမီးတိုင်းလိုချင်ကြမှာ အသေအချာပါပဲရှင့်။ အဲ့ဒီလို မျက်တောင်မွှေးလေးတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်နော်။

၁. Eyelash Serum ပုံမှန်အသုံးပြုပေးပါ။

၂.  Eye Make-up Remover ဖြင့်မျက်လုံးနဲ့ မျက်တောင်ကိုသန့်စင်ပေးပါ။

၃. Collagen သောက်သုံးပါ။

အမျိုးသမီးတိုင်း ကျန်းမာ လှပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *