အဆီပြန်သောအသားအရေထိန်းသိမ်းနည်းများ Leave a comment

သင်ဟာ မျက်နှာအဆီပြန်တတ်တဲ့သူလား ?

အမှန်တော့ အဆီထွက်တာက အဆီဂရင်းကနေ အဆီတွေထုတ်လွတ်ပေးတာကြောင့်ပါ ။ အဆီထွက်တာကို လူတော်တော်များများက သဘောကျလေ့မရှိပေမယ့် အိုမင်းရင့်ရော်မူကို ကာကွယ်ပေးတဲ့ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့်လည်း အဆီတွေအလွန်အကျွံ ထွက်တယ်ဆိုရင်တော့ သတိထားရပါမယ် ။

ဒီလို အဆီပြန်တတ်သူတွေအတွက် ဒီနည်းလမ်းလေးတွေ အသုံးပြုပြီးတော့ သက်သာအောင် ထိန်းသိမ်းလို့ရပါတယ် ။

( ၁ ) မျက်နှာကိုသေချာသစ်ပါ ။🫧🫧🫧
မျက်နှာကိုသေချာသစ်ပေးတာဟာ အဆီပြန်တတ်တဲ့သူတွေတင်မဟုတ်ဘဲ အသားအရေပြဿနာရှိသူတွေအနဲ့ပါ ကောင်းမွန်တဲ့ အလေ့အကျင့်ပါ ။ တစ်နေ့ကို အနည်းဆုံး ( ၂ ) ကြိမ်သစ်ပေးပါ ။ အဆီပြန်တတ်တဲ့သူတွေအနေနဲ့ မျက်နှာသစ်ဆေး ရွေးချယ်ရမှာလည်းအရေးကြီးတာမို့ မျက်နှာသစ်ဆေးကိုလည်း ဂရုစိုက်ပြီး ရွေးချယ်သင့်ပါတယ် ။

( ၂ ) ပျားရည်ကို အသုံးပြုပါ ။ 🍯🐝🐝
ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပေးတာဟာ မျက်နှာအတွက် အရမ်းကိုကောင်းမွန်ပါတယ် ။ အဆီပြန်တဲ့ အသားအရေတွေဟာ ဝက်ခြံထွက်လွယ်ပါတယ် ။ ပျားရည်ဟာ မျက်နှာပေါ်က ဘတ်တီးရီးယားတွေကို သေစေနိုင်တာမို့ ဝက်ခြံထွက်တာကိုလည်းသက်သာစေသလို အဆီြပန်တာကိုလည်း သက်သာစေပါတယ် ။

( ၃ ) ကြက်ဥအကာနှင့် သံပုရာ အသုံးပြုပီးပေါင်းတင်ပါ။ 🥚🥚🥚
ကြက်ဥအကာနဲ့ မျက်နှာကိုပေါင်းတာကလည်း အဆီပြန်ခြင်းကို သက်သာစေပါတယ် ။ သံပုရာသီးမှာ ပါဝင်တဲ့့ဓာတ်ကြောင့် အဆီပြန်ခြင်းကို ထိထိရောက်ရောက် သက်သာစေပါတယ် ။

( ၄ ) ရှားစောင်းလက်ပတ် အသုံးပြုပီးပေါင်းတင်ပါ။ 🍃🍃🍃
ရှားစောင်းလက်ပတ်က အေးမြစေပြီးတော့ အသားအရေပူတာကို သက်သာစေပြီး အဆီြပန်ခြင်းကို ထိရောက်စွာ သက်သာစေပါတယ် ။

အဆီပြန်တဲ့ အသားအရေအကြောင်းနဲ့ အဆီပြန်တာကို သက်သာစေယ့်အခြေခံကျတဲ့ နည်းလမ်းလေးတွေကိုဒီတစ်ပတ် BeautyTips အစီစဉ်ကနေ LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ် ။

“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

#LifPlus_Beautytips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *