ခြေထောက်အသားမာရှိသူများအတွက်… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အသားမာပေါက်ရခြင်းအကြောင်းအရင်းကတော့ မိမိတို့ရဲ့ အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်းနဲ့အရေပြားက မာပြီးထူလာခြင်းဖြစ်ပါတယ်။ တစ်ခုခုနဲ့ ပွတ်တိုက်မှုတွေ များတဲ့နေရာ ဒါမှမဟုတ် တစ်ခုခုကြောင့် ဖိအားများတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးဖြစ်ပါတယ်။ အဲ့နေရာတွေမှာ အရေပြားဆဲလ်လေးတွေ သေသွားလို့ ဖြစ်လာရခြင်းဖြစ်ပါတယ်။ အသားမာက အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့ လက်ချောင်းတွေမှာ အဖြစ်များပါတယ်။ အသားမာက မနာကျင်တတ်ပါဘူး။ အသားမာ၏အဖြစ်အများဆုံးလက္ခဏာတွေကတော့…..

  • အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊
  • မာပြီးတော့ ခုံးနေခြင်း ၊
  • အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊
  • အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။
အသားမာဖြစ်ခြင်းသည် အရေပြားဆဲလ်သေတွေအထပ်ထပ်စုပုံနေခြင်း သို့မဟုတ် အရေပြားထိခိုက်မှုကိုကာကွယ်ဖို့ အရေပြားပိုထူလာတဲ့အခြေအနေဖြစ်လို့ ကုသပြီးပျောက်ကင်းသွားရင်တောင် ပြန်ဖြစ်နိုင်ပါသေးတယ်။ ပိုမိုဆိုး၀ါးတဲ့အခြေအနေဖြစ်လာမယ်ဆိုရင်တော့ အရေပြားဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသသင့်ပါတယ်။ ခြေထောက်အသားမာရှိသူများ အသားမာပျောက်ကင်းစေဖို့အတွက် လုပ်ဆောင့်သင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်နော်။
(၁) အသားမာရှိသောနေရာကိုရေနွေးဖြင့် ၁၀မိနစ်ခန့်စိမ်ပါ။
(၂)  Pumice-stone(ရေမြှုပ်ကျောက်)ဖြင့်အသားမာကိုပွတ်တိုက်ပေးပါ။
(၃) အသားမာရှိသောနေရာကို Moisture လူးပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *