အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ……. Leave a comment

အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

သဘာဝပစ္စည်းတွေက ကောင်းကျိုးတွေအများကြီးရှိသလို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသုံးစွဲမိပါကလည်း ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ် ။ အိမ်မှာအလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေကိုအလွန်အကျွံ သုံးမိပါကဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို LifePlus ကာကာလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။

၁ ။ အုန်းဆီ
အုန်းဆီက ဆံသားကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ် ။ သို့ပေမယ့် အလွန်အကျွံသုံးစွဲရင်တော့ ဆံသားကိုခြောက်သွေ့စေနိုင်ပါတယ် ။

၂ ။ ကြက်ဥအကာ
ကြက်ဥအကာက အသားရေကိုလည်း ကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်။ မကြာခဏ အသုံးြပုရင်တော့ ချွေးပေါက်ပိတ်စေနိုင်ပါတယ် ။

၃ ။ သကြား
သကြား နှင့်ဆားကိုတော့ Scrub တိုက်ရမှာအသုံးပြုလေ့ရှိကြပါတယ် ။ ပုံမှန်တိုက်ပေးရင်တော့ အသားအရေကုိ ကြည်လာစေပေမယ့် မကြာခဏ အသုံးပြုပါက ပွန်းရှမူကြောင့် ဒဏ်ရာအသေးစားတွေဖြစ်လာနိုင်ပါတ​ယ် ။

၄ ။ သံပရိုရည်
သံပရိုရည်ကတော့ အိမ်တော်တော်များများမှာ ဆောင်ထားပြီး အသားအရေအတွက် မကြာခဏ သုံးလေ့ရှိတဲ့ အိမ်တွင်းနည်းလမ်းဖြစ်ပါတ​ယ် ။ အလွန်အကျွံသုံးစွဲမိပါက အသားအရေ မဲညစ်တာ ၊ အပူလောင်တာမျိုးတွေဖြစ်တတ်တာာမို့ အလွန်အကျွံသုံးစွဲခြင်းကို သတိထားသင့်ပါတယ်ရှင် ။

#LifePlus_BeautyTips
#EnrichingHealth
#EnhancingBeauty

See less

Leave a Reply

Your email address will not be published. Required fields are marked *