ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး Leave a comment

ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး💓
ကြက်ဥအကာကို အုန်းဆီ စားပွဲတင်ဆား ၂ဇွန်းနဲ့ရောမွှေပီး ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၂၀ ပွတ်လိမ်းပီး ခေါင်းလျှော်ချလိုက်ပါ။
ဒီနည်းလမ်းက အိမ်မှာရှိတဲ့သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်နိုင်တာဖြစ်ပြီး ဆံပင်သစ်တွေထွက်စေတာမို့ ဆံပင်ကို ပိုပြီးအုံထူလာစေပါတ​ယ် ။
ပျားရည်ခွက်တဝက်စာနဲ့ သံလွင်ဆီခွက်လေးပုံတပုံစာကို ရောမွှေပီး microwave မှာ မိနစ်၂၀ထားပါ အေးသွားတဲ့အခါ ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၃၀သုပ်လိမ်းထားပီး ခေါင်းလျှော်ချလိုက်ပါ။
ပျားရည်နဲ့သံလွွင်ဆီကလည်း ဆံပင်အုံထူဖို့အတွက် အထောက်ကူပြုပေးတာကြောင့် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ။
ရှားစောင်းလက်ပတ်အတွင်းသားကို စားပွဲတင်ဇွန်း၂ဇွန်းစာယူပီးချေပေးပါ သံလွင်ဆီ စားပွဲတင်ဆား ၁ဇွန်းနဲ့ရောမွှေပါ။ ထိုမွှေထားတဲ့ ရှားစောင်းလက်ပတ်ကို ဆံသားမှာသေချာလေးသုတ်လိမ်းပီး မိနစ် ၃၀ထားပီး ခေါင်းလျှော်ချလိုက်ပါ။
အထက်ဖော်ပြပါဘာဝပစ္စည်းလေးတွေက အိမ်တွင်းသဘာဝနည်းလမ်းလေးတွေဖြစ်ပြီး တန်ဆေးလွန်ဘေးမို့ ချင့်ချိန်အသုံးပြုဖို့ကို မင်မင်က အကြံပြုချင်ပါတယ် ။
“ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

Leave a Reply

Your email address will not be published. Required fields are marked *