၀က်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်များအတွက်… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

နေ့စဉ်ပုံမှန်အသားအရေကို သေချာထိန်းသိမ်းခြင်းသည် လူသားတိုင်းအတွက် အရေးကြီးတဲ့နေရာမှာ ပါ၀င်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ လှပတဲ့အသားအရေ ပိုင်ရှင်လေးဖြစ်စေဖို့အတွက် မိမိတို့၏ အသားအရေကို နေ့စဉ်ထိန်းသိမ်း စောင့်ရှောက်သင့်ပါတယ်။ အထူးသဖြင့် ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ ဆိုရင်တော့ဖြင့် အခြားသောအသားအရေ ပိုင်ရှင်များထက် ပိုပြီးဂရုစိုက်သင့်ပါတယ်နော်။ တချို့သောသူတွေက အသားအရေက နုနယ်တာကြောင့်အပြင် ဖုန်မှုန့်၊ အညစ်အကြေးတွေကြောင့် ဝက်ခြံပိုထွက်လွယ်ပါတယ်။ ဝက်ခြံဆိုတာဟာ ဟော်မုန်းမညီမျှမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဓာတ်မတည့်မှုတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားပြဿနာတစ်ခုပဲဖြစ်ပါတယ်။

ဝက်ခြံဖြစ်ခြင်းကြောင့် အဆီဂလင်း နှင့် မွှေးညှင်းပေါက်ကို ထိခိုက်စေသောရောင်ရမ်းမှု အခြေအနေတစ်မျိုး ဖြစ်နိုင်ပါတယ်။ ၀က်ခြံသည်အမွှေးအိတ်များတွင် အဆီနှင့်အရေပြားဆဲလ်သေများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှအဆီများကို ပိုမိုထုတ်လုပ်သောအခါ အဲဒီ့အဆီများနှင့် အရေပြားဆဲလ်သေများသည် အမွှေးအိတ်များတွင် စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားမှုကို အားပေးကူညီသောကြောင့် ၀က်ခြံဖြစ်လာရခြင်းဖြစ်ပါတယ်။ ၀က်ခြံပေါက်ခြင်းကိုအားပေးတဲ့ အဓိကအကြောင်းရင်း (၄) ချက်ကတော့ – အဆီအထွက်များခြင်း၊ အရေပြားဆဲလ်သေများရှိခြင်း၊ ချွေးပေါက်များတွင် အညစ်အကြေးများဖြင့် ပိတ်နေခြင်းနှင့် ဘက်တီးရီးယားပိုးမွှားများကြောင့် ၀က်ခြံဖြစ်နိုင်ပါတယ်။

၀က်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်များအတွက် ရှောင်ကြဉ်သင့်တဲ့ အစားအသောက်များကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

နံပါတ်တစ် အနေနဲ့ အလွန်အမင်း စပ်သောအစားအစာများကို မစားသင့်ပါဘူးနော်။

နံပါတ်နှစ် အနေနဲ့ Fast Food များကို မစားသင့်ပါဘူးနော်။

နံပါတ်သုံး အနေနဲ့ နို့ထွက်ပစ္စည်းများကို မစားသင့်ပါဘူးနော်။  ထိုအစားအသောက်တွေစားသုံးခြင်းက ၀က်ခြံပိုထွက်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံးမစားဘဲနေခြင်းဖြင့် ၀က်ခြံတွေ ပိုထွက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာလှပ နိုင်ကြပါစေနော်…

Leave a Reply

Your email address will not be published. Required fields are marked *