ဝက်ခြံအမာရွတ်တွေသက်သာပျောက်ကင်းဖို့… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…
ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ စိတ်ဖိစီးမှုခံစားရတာ၊ အပူအစပ်အစားများတာ၊ သန့်ရှင်းမှုမရှိတာ၊ အသုံးပြုတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေနဲ့ဓာတ်မတည့်တာ စသဖြင့်အကြောင်းမျိုးစုံကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဝက်ခြံထွက်တဲ့နေရာတွင် ပိုးဝင်ယောင်ရမ်း အနာဖြစ်ခြင်း၊ ဝက်ခြံကို လက်ဖြင့်မကြာခဏ ဆွခြင်း၊ ကိုင်တွယ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းတို့ကြောင့် အရေပြားတစ်ရှူးများ ထိခိုက်ပျက်စီးပြီး အမာရွတ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း (သို့မဟုတ်) ဝက်ခြံတွေကို ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်းနဲ့ အနာတရဖြစ်စေခြင်းတွေကြောင့် အမာရွတ်တွေကျန်ခဲ့တတ်ပါတယ်။ အမာရွတ်အသေးစားတွေကတော့ သူ့အလိုလိုပျောက်သွားနိုင်ပြီး ထင်ရှားတဲ့အမာရွတ်တွေကတော့ တစ်ဘဝလုံးစာမျက်နှာပေါ်မှာ ကြည့်မကောင်းပဲကျန်ရစ်ခဲ့ရမှာပါ။
အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမှတ်တွေဟာ မိမိကိုယ်ကိုယုံကြည်မှုနဲ့ အခြားသောယုံကြည်မှုဆိုင်ရာ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ဝက်ခြံပေါက်ခြင်းက ပေါက်နေတဲ့အချိန်မှာသာမက ပျောက်သွားပြီးတဲ့အခါမှာလဲ အမာရွတ်ထင်စေတဲ့အတွက် မျက်နှာအသားအရေအလှအပကို အထိခိုက်ဆုံးပြဿနာလည်းဖြစ်ပါတယ်။ ဝက်ခြံရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီးအမာရွတ်တွေရဲ့ ပျောက်ကင်းနိုင်စွမ်းသည် ရက်သတ္တပတ်၊ လ ဒါမှမဟုတ် နှစ်နဲ့ချီပြီးကြာတတ်တဲ့အတွက် စိတ်ဖိစီးမှုကင်းအောင်နေရန် လိုအပ်ပါတယ်။ ဝက်ခြံအများစုက ဟော်မုန်းဓါတ်များကြောင့် ပေါက်လာတာဖြစ်လို့ မပေါက်‌အောင်ရှောင်လွဲရန် လုပ်ဆောင်လို့မရပေမယ့် ဝက်ခြံအမာရွတ်ဟောင်းများကို လျော့ပါးသွားအောင်၊ ပျောက်ကင်းသက်သာသွားအောင် လိုက်နာရမယ့်အချက်လေးတွေကို လုပ်ဆောင်သင့်ပါတယ်။
ဝက်ခြံအမာရွတ်တွေသက်သာပျောက်ကင်းဖို့ အောက်ပါအချက်လေးတွေကို လိုက်နာရန်လိုအပ်ပါတယ်။
  • Baking Soda ဖြင့် တစ်ပတ်ကို ၂ ကြိမ်ခန့် Scrub လုပ်ပေးပါ။
  • Tea Tree Oil ပါဝင်သော Skincare product ကိုအသုံးပြုပါ။
  • Vitamin-C ပါ၀င်သော Serum ကိုအသုံးပြုပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *