LifePlus မိသားစုရဲ့ ရေဘေးသင့်ပြည်သူများအတွက်အလှူ

က​လော၊ အင်းလေးဘက်ရှိ ရေဘေးသင့်မိသားစုများကို လှူဒါန်းရန်အတွက် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐊𝐢𝐭𝐜𝐡𝐞𝐧 မှ တစ်ဆင့် …. 𝐋𝐢𝐟𝐞𝐏𝐥𝐮𝐬 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 မှ ”ငွေကျပ် သိန်း ၁၁,၀၀၀,၀၀၀ နှင့် ညီမျှသော ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အသင့်စား စားသောက်ကုန်များနဲ့ အဝတ်အထည်များအပြင် လူသုံးကုန် အိမ်ထောင်စု (၅၀၀) စာ Package ”

Read More
Leave a comment

နေ့စဉ်ပုံမှန် နွားနို့တစ်ခွက်သောက်ပေးမယ်ဆိုရင်……….

တစ်နေ့တစ်ခွက် နို့ပုံမှန်သောက်ပေးမယ်ဆိုရင်……….. အရိုးနဲ့သွားတွေကျန်းမာကြံ့ခိုင်ပြီး သန်မာစေမယ် ကိုယ်ခံအား ကောင်းမွန်စေမယ် အိပ်ယာမဝင်ခင် ၂ နာရီအလိုမှာသောက်သုံးမယ်ဆိုရင် နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာဟာရပြည့်ဝပြီး အားအင်ပြည့်စေတယ် အသားအရေလေးကို ဖြူစင်ဝင်းပစေတယ် တကယ်လို့ ကိုယ်ဟာ နွားနို့နေ့စဥ် ဝယ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် နွားနို့အစားထိုး ထုတ်လုပ်ထားတဲ့ Milk Powder တွေကို သောက်သုံးလို့ရပါတယ်ရှင့်… #ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ #LifePlus #Healthtips

Read More
Leave a comment

ရေမွှေးဆွတ်တဲ့အခါ အနံ့ကြာကြာစွဲနေအောင်……….

ရေမွှေးဆွတ်တဲ့အခါ အနံ့လေးတွေကြာကြာစွဲနေ ဖို့အတွက်………. သွေးခုန်နှုန်းရှိတဲ့နေရာတွေကို စွတ်ပေးပါ အများကြီးမစွတ်ပါနှင့် ရေချိုးပြီးသည့်နောက် စွတ်ပါ Lotion လိမ်းပြီးနောက် စွတ်ပါ စွတ်ပြီးသည့်နောက် အတင်းအကြပ် မပွတ်ပစ်ပါနှင့်နော်.. #ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ #LifePlus #Beautytips #EnrichingHealth #EnhancingBeauty #KnowledgeSharing

Read More
Leave a comment

ယောဂဆော့ခြင်းရဲ့ အကျိုးကျေးဇူး…………

ကျန်းမာခြင်းဟာ အလှတရား စစ်စစ်မို့လို့ နုပျိုလှပအောင် နေကြဖို့ မမေ့နဲ့နော် အားလပ်ရက်တွေမှာ ယောဂဆော့ကြရအောင်…….. #ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ #LifePlus #Healthtips #Beautytips #EnrichingHealth #EnhancingBeauty #KnowledgeSharing

Read More
Leave a comment

လှပနုပျိုပြီး သွယ်လျတဲ့ ခန္ဓာကိုယ်လေးရရှိဖို့…………

လှပနုပျိုတဲ့ ခန္ဓာကိုယ်လေးရရှိစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ဖို့ မမေ့နဲ့နော်… ကယ်လိုရီလျှော့ချပါ အဆီနည်းတဲ့အစားအစာ ရွေးချယ်စားသောက်ပါ လေ့ကျင့်ခန်းလုပ်ပါ လမ်းလျှောက်ပါ ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားများ ရွေးချယ်ဝတ်ဆင်ပါ #ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ #LifePlus #Healthtips #Beautytips #EnrichingHealth #EnhancingBeauty #KnowledgeSharing

Read More
Leave a comment

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး (ရန်ကုန်မြို့)တွင် စုပေါင်းသွေးလှူဒါန်းခြင်း

‘သင့်သွေးဖြင့် အသက်ကယ်ပါ” ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး လိုအပ်သူများကို သွေးလှူခြင်းဖြင့် မွန်မြတ်တဲ့ အလှူဒါနပြုလုပ်ကြရအောင် ✨💝 LifePlus Health & Beauty ရဲ့ LifePlus Cares Activity အနေဖြင့် LifePlus ဝန်ထမ်းများမှ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး (ရန်ကုန်မြို့)တွင် စုပေါင်းသွေးလှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပြီး LifePlus မှ သွေးလှူဒါန်းသော ဝန်ထမ်းများအား အာဟာရဖြစ်စေမည့်

Read More
Leave a comment

5th Year Anniversary Donation and Tree Planting at Pan Pyoe Lett Monastic Education School and Monastery

LifePlus ရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျောက်တန်းစံပြရွာ၊ပဲခူးမြို့နယ်ရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်း ကို ပျော်ပျော်ပါးပါး ခရီးသွားရင်း CSR Activity အနေဖြင့် လူထုအကျိုးပြု သစ်ပင်စိုက်ပျိုးခဲ့ကြပုံလေးတွေနဲ့ LifePlus မိသားစုမှ စုပေါင်းအလှူပြုလုပ်ခဲ့ကြပုံလေးတွေ ကို တင်ဆက်ပေးလိုက်ပါတယ်။ အလှအပနဲ့ ကျန်းမာရေးဆိုတာ လူသားတိုင်းနဲ့ ယှဥ်တွဲနေတာဖြစ်လို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေဖို့ LifePlus က အမြဲရှိနေပေးမှာပါနော်…❤❤❤

Read More
Leave a comment

ကိုယ့်မျက်နှာလေးအတွက် မေ့မထားသင့်တဲ့ Skincare Steps…………….

လှပတဲ့ မျက်နှာလေး ရချင်တယ်ဆိုရင်တော့ ဒီ Skincare step by step လေးတွေကို လုံးဝမေ့လို့မဖြစ်ဘူးနော်… #LifePlus #Healthtips#Beautytips#EnrichingHealth#EnhancingBeauty#KnowledgeSharing

Read More
Leave a comment

သားသားမီးမီးလေးတွေ ကျန်းမာပျော်ရွှင် ဉာဏ်ရည်ထက်မြက်ဖို့……………….

သားသားမီးမီးလေးတွေ ကျန်းမာပျော်ရွှင် ဥာဏ်ရည်ထက်မြက်ပြီး အလေ့အကျင့်ကောင်းလေးတွေရှိလာစေဖို့ ဖေဖေမေမေတို့မှာ တာဝန်ရှိတယ်နော်.. -အာဟာရမျှတစွာကျွေးပါ (ပင်လယ်ငါးဉအမျိုးမျိုး,အသီးအနှံ၊‌အစေ့အဆံ၊ဟင်းသီးဟင်းရွက်၊အုတ်ဂျုံ ၊ အသား ) -လိုအပ်သည့် ကျန်းမာရေးကာကွယ်ဆေးများ ထိုးနှံပေးပါ -အိပ်ချိန်မှန်မှန်အိပ်ခိုင်းပါ -လွတ်လပ်စွာ ဆော့ကစားခိုင်းပါ -ကျန်းမာရေးလေ့ကျင့်ခန်းများ အတူတူပြုလုပ်ပေးပါ -အပြုအမူကောင်းများဝေမျှပါ။ #LifePlus #Healthtips#Beautytips#EnrichingHealth#EnhancingBeauty#KnowledgeSharing

Read More
Leave a comment

မိုးရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်ကြမလဲ?

မိုးရာသီတုပ်ကွေး ကိုဘယ်လိုကာကွယ်နိုင်မလဲMask တပ်ပါ။ လူအရမ်းထူထပ်တဲ့ နေရာတွေကိုရှောင်ရှားပါ။လက်ကို မကြာခဏ ဆေးကြောပေးပါ။ လက်ဖြင့်နှာခေါင်း/မျက်လုံးများကို ပွတ်သပ်ခြင်းကိုရှောင် ကြဉ်ပါ။တစ်နေ့ကို (၈) နာရီလောက်အနည်းဆုံးအိပ်ပေးပါ။ခုခံအားကို ထပ်ကျစေတဲ့ ၊ဥပမာ -အရက်အလွန်အကျွံသောက်ခြင်းမျိုးကိုရှောင်ရှားပါ။တုပ်ကွေး(Flu) ကာကွယ်ဆေးထိုးပါ။ဘယ်လိုလူမျိုးတွေက တုပ်ကွေး(Flu) ကာကွယ် ဆေးမထိုးသင့်ဘူးလဲFlu ကာကွယ်ဆေးကို အရင်က ဓာတ်မတည့်ခြင်းဖြစ်ဖူးသူ (သို့မဟုတ်)Flu ကာကွယ်ဆေးထဲကပါဝင် မှုတစ်ခုခုကို ဓာတ်မတည့်ခြင်းဖြစ်ဖူးသူများအသက် ( ၆ )လအောက် ကလေးငယ်များ

Read More
Leave a comment

ခေါင်းပုံမှန်လျှော်ခြင်းရဲ့ကောင်းကျိုး……….

တစ်ပတ်ကို ခေါင်းနှစ်ကြိမ်ထက်မနည်း လျှော်ပေးဖို့တော့ မမေ့ရဘူးနော်ဦးရေပြားနဲ့ဆံသားလေးတွေလန်းဆန်းနေမှ စိတ်လက်ပေါ့ပါးနေမှာမို့ ခေါင်းသန့်ရှင်းရေးလေးတော့ မမေ့မလျော့လုပ်ပေးကြမယ်နော်   #ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ#LifePLus #beautytips#Knowledgesharing#EnrichingHealth#EnhancingBeauty

Read More
Leave a comment

သတိပြုသင့်တဲ့ကာလဝမ်းရောဂါ………..

#သတိပြုသင့်တဲ့ကာလဝမ်းရောဂါ#ဝမ်းရောဂါ ဘာလို့ဖြစ်ရသလဲ?တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းနဲ့ သောက်သုံးရေ မသန့်ရှင်းမှုတို့အပြင် ယင်နားစာများ (သို့) မသန့်ရှင်းသော အစားအစာများစားသုံးခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။#ဝမ်းရောဂါပိုး ကူးစက်မှုလက္ခဏာများမှာ– အဖြူရောင် ဆန်ဆေးရည်ကဲ့သို့ ဝမ်းအရည်များ တရစပ်သွားခြင်း– အော့အန်ခြင်း– ကြွက်တက်ခြင်း– အားအင်ချိနဲ့ခြင်း– ရေဓာတ်ခန်းခြောက်ခြင်း တို့ ဖြစ်တတ်ပါတယ်….#ဝမ်းရောဂါ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်ကြမလဲ?– လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် မကြာခဏ ဆေးကြောပေးပါ– တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ပေးပါ– ရေကိုကြိုချက်၍သောက်ပါ (လိုအပ်ပါက ဓာတ်ဆားရည်သောက်သုံးပေးပါ)–

Read More
Leave a comment

ဘာကြောင့် ဗောက်ထရသလဲ…

ဗောက်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ .. မကြာခဏ ဆံပင်ဖြောင့်တာ၊ကောက်တာတွေအပြင် ဆံပင်ကို ပုံသွင်းဖို့ ဂျဲလ်တွေ ခရင်မ်တွေ အများအပြားသုံးစွဲခြင်းတွေကြောင့် ဗောက်ရောဂါဖြစ်ပွားစေနိုင်ပါတယ်.. တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းပြီး ခေါင်းမလျှော်တဲ့ ရက်ကြာလွန်းတာတွေအပြင် မျိုးရိုးဗီဇ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်း တစ်ခါတစ်ရံ​ ဗောက်ထနိုင်ပါတယ်.. ဗောက်ရောဂါအလွန်ဆိုးဝါးတဲ့အခါ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသသင့်ပါတယ်။ တကယ်လို့ ​ပြဖို့ အခြေအနေမပေးတဲ့အခါမျိုးတွေမှာ အိမ်မှာအလွယ်တကူဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်… #အုန်းဆီ ဗောက်ရှင်းတဲ့

Read More
Leave a comment

”ကျန်းမာရေးနဲ့ အလှတရား”ဆိုတာ အမျိုးသား၊အမျိုးသမီးတိုင်းနဲ့ သက်ဆိုင်တာမို့ အမျိုးသားတွေဟာလည်း ကျန်းမာလှပနေဖို့ လိုအပ်ပါတယ်နော်..

ကျန်းမာလှပနေဖို့အတွက် တကူးတက အချိန်ပေးပြီး လုပ်ဆောင်စရာမလိုဘဲ အလွယ်တကူ ရိုးရိုးရှင်းရှင်းနဲ့ လိုက်နာလို့ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ အားလပ်ချိန်တွေမှာ နေ့စဥ်ပုံမှန်လမ်းလျှောက်ပေးပါ။ကိုယ်ဝါသနာပါတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်တာမျိုး (သို့) ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု ကို ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့အတွက် လုပ်ဆောင်ပေးပါ… အာဟာရသင့်တင့်မျှတအောင်စားသုံးပါ ခန္ဓာကိုယ်နဲ့ အသားအရေလှပဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေရရှိဖို့ ဟင်းသီးဟင်းရွက်နဲ့ အသားမျိုးစုံကို ညီညွတ်မျှတအောင် စားသုံးပေးပါ… မကောင်းတဲ့အကျင့်ဆိုးတွေကိုဖျောက်ပါ ပျင်းရိတတ်တဲ့

Read More
Leave a comment

အခုလို နွေအကုန် မိုးအကူးကာလမှာ မိုးဖွဲလေးခဏ မိရုံနဲ့ ဖျားနာနေကြတာ ဘာဖြစ်လို့များပါလိမ့်နော်…

အခုလို နွေအကုန် မိုးအကူးကာလမှာ မိုးဖွဲလေးခဏ မိရုံနဲ့ ဖျားနာနေကြတာ ဘာဖြစ်လို့များပါလိမ့်နော်…အမှန်က ကိုယ်ခံအားနည်းလို့ပဲ ဖြစ်ပါတယ်။အသက်အရွယ် ကြီးကြီးငယ်ငယ် ပြင်ပမှ ရောဂါပိုးမွှားတွေ ဝင်မလာအောင် ခုခံဖို့ ကိုယ်ခံအားကောင်းနေဖို့နဲ့ ကျန်းမာရေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ကိုယ်ခံအားကောင်းနေဖို့ဆိုရင်တော့…တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါအစားအစာများကို အာဟာရပြည့်ဝအောင် စားသုံး​ပေးပါကူးစက်ရောဂါတွေ မဖြစ်ပွားအောင် အပြင်က ပြန်လာတိုင်း ခြေလက်အမြဲဆေးပါထို့နောက်နွေးထွေးအောင်နေပါVitamin C စားသုံးပေးပါရေဓာတ်က လူ့ခန္ဓာကိုယ်အတွက်အရေးကြီးလို့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးပါပိုးမွှားတွေ ငြိတွယ်မနေအောင် အဝတ်အစားများကို

Read More
Leave a comment

အသက် နှစ်ဆယ်ဝန်းကျင်ရောက်ပြီဆိုတာနဲ့ သေချာပေါက် သိထားသင့်တဲ့ Collagen (ဖြည့်စွက်စာ) အကြောင်းနဲ့ စားသုံးသင့်တဲ့ သဘာဝ Collagen အကြောင်း

အသက် နှစ်ဆယ်ဝန်းကျင်ရောက်ပြီဆိုတာနဲ့ သေချာပေါက် သိထားသင့်တဲ့ Collagen (ဖြည့်စွက်စာ) အကြောင်းနဲ့ စားသုံးသင့်တဲ့ သဘာဝ Collagen အကြောင်း ခန္ဓာကိုယ်ရဲ့ Collagen ထုတ်လုပ်မှုတွေဟာ အသက် ၂၅ နှစ်ကျော်ပြီဆိုတာနဲ့ တစ်နှစ်ကို ( ၁ ) ရာခိုင်နှုန်း အနေအထားဖြင့် ကျဆင်းလာတတ်ပါတယ်။ ဒါကြောင့် Collagen ( သို့) Collagen ဓာတ်များများပါတဲ့

Read More
Leave a comment

မကြာခဏဆံပင်တွေကျွတ်နေပေမယ့် ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို သိပြီးပြီးလား ???

LifePlus မိတ်ဆွေတို့ရေ မကြာခဏဆံပင်တွေကျွတ်နေပေမယ့် ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို သိပြီးပြီးလား ??? သတိရော ထားမိကြလား ? ဒီတစ်ပတ်မှာတော့ LifePlus ကနေ ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတွေကို ဝေမျှပေးသွားမှာမို့ ဆံပင်တွေကျွတ်နေရင်တောင် စိုးရိမ်ဖို့မလိုဘဲ ဆောင်နိုင်တာလေးဆောင်ပြီး ရှောင်သင့်တာလေးတွေ ရှောင်ကြရအောင်နော် ။ ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ ( ၁ ) စိတ်ဖီစီးခြင်း လူတွေရဲ့အတွေးလွန်ခြင်းဟာ စိတ်ဖီစီးမူကို

Read More
Leave a comment

နွေရာသီမှာ အသားအရေ လှပအောင်ထိန်းသိမ်းနည်း 

အလွန်ပူပြင်းတဲ့ နွေရာသီမှာ အသားအရေတွေက တော်တော်များများ ပျက်စီးကြပါတယ် ။ ဒါပေမယ့် ပျက်စီးမှထိန်းသိမ်းတာထက်စာရင် မပျက်စီးသေးခင်မှာ ထိန်းသိမ်းတာက ပိုပြီးကောင်းမွန်ပါတယ် ။ ဒါကြောင့် နွေပူပူကို အံတုပြီး အသားအရေကိုလှပစေနိုင်မယ့် အသားအရေ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို မျှ​ေဝပေးလိုက်ပါတယ်ရှင် ။( ၁ ) Sunscreen လိမ်းပေးပါ ။ Sunscreen တွေက ပုံမှန် Daily လည်းအသုံးပြုနေရပေမယ့်

Read More
Leave a comment

ထိုင်နေရင်းနဲ့ အိပ်ဖူးတဲ့သူတွေ ရှိကြလား ???

LifePlus ရဲ့ မိတ်ဆွေတို့အနေနဲ့ ထိုင်နေရင်းနဲ့ အိပ်ဖူးတဲ့သူတွေ ရှိကြလား ???ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ၊ ကားစီးရင်း ၊ ကျောင်းသားဘဝမှာလည်း စာသင်ခုံမှာ အိပ်ပျော်သွားတတ်ကြတယ်မလား ။ ထိုင်နေရင်းနဲ့ အိပ်ပျော်သွားခြင်းက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အိပ်နေတဲ့အချိန်အတွင်း ဘာမှမဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကျောနာတာ၊ လည်ပင်း ထုံကျင်နာကျင်တာ၊ ပခုံးနာကျင်တာတွေ ခံစားရပါတယ် ။အထက်ပါ ရေတိုဝေဒနာတွေအပြင် နောက်ဆက်တွဲအနေနဲ့ဘဲ

Read More
Leave a comment

နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ ???

နွေရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ ???   LifePlus မိတ်ဆွေတို့ရေ အခုဆိုရင်တော့ ပူပြင်းလှတဲ့ နွေရာသီကိုရောက်ရှိလာပြီဘဲ ဖြစ်ပါတယ် ။ အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်း ဆိုတဲ့အတိုင်း ပူပြင်းတဲ့ ဒီနွေရာသီမှာ ကျန်းမာအောင်လို့ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို LifePlus မိတ်ဆွေတို့ကို မျှဝေလိုက်ပါတယ်ရှင် ။ နွေရာသီမှာ စားသုံးပေးသင့်တဲ့ အစားအသောက်များ ✓✓✓  လတ်ဆတ်တဲ့

Read More
1

ချိုင်းအသားအရေ လှပလာဖို့ အခြေခံကျတဲ့ နည်းလမ်း ( ၅ ) ချက်

ချိုင်းအသားအရေ လှပလာဖို့ အခြေခံကျတဲ့ နည်းလမ်း ( ၅ ) ချက် ( ၁ ) ချိုင်းကိုပုံမှန် Cleansing လုပ်ပေးပါ ။ ( ၂ ) အမွှေးအမျှင်တွေကို ဖယ်ရှားပါ ။ ( ၃ ) တစ်ပတ် ( ၁ ) ကြိမ် (

Read More
Leave a comment

ခန္ဓာကိုယ် နောက်ကျောနဲ့ပုခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေမယ့် နည်းလမ်းများ ……..

ခန္ဓာကိုယ် နောက်ကျောနဲ့ပုခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေမယ့် နည်းလမ်းများ …….. ဝက်ခြံတွေဆိုတာ အဆီပိုတွေ ၊ ချွေးပေါက်ပိတ်ဆို့ခြင်း ၊ ဘတ်တီးရီးယား နဲ့ အရေးပြားတွေ သန့်ရှင်းမူ မရှိတာတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဝက်ခြံဆိုတာ မျက်နှာပေါ်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ပေါ်မှာလည်း ဖြစ်နိုင်ပါတယ် ။ သင့်အနေနဲ့ နောက်ကျောဘက်နဲ့ ပုခုံးလိုနေရာမျိုးတွေမှာ ဝက်ခြံတွေဖြစ်နေတယ်ဆိုရင်တော့ ဖော်ပြပါ

Read More
Leave a comment

အဆီပြန်သောအသားအရေထိန်းသိမ်းနည်းများ

သင်ဟာ မျက်နှာအဆီပြန်တတ်တဲ့သူလား ? အမှန်တော့ အဆီထွက်တာက အဆီဂရင်းကနေ အဆီတွေထုတ်လွတ်ပေးတာကြောင့်ပါ ။ အဆီထွက်တာကို လူတော်တော်များများက သဘောကျလေ့မရှိပေမယ့် အိုမင်းရင့်ရော်မူကို ကာကွယ်ပေးတဲ့ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ် ။ ဒါပေမယ့်လည်း အဆီတွေအလွန်အကျွံ ထွက်တယ်ဆိုရင်တော့ သတိထားရပါမယ် ။ ဒီလို အဆီပြန်တတ်သူတွေအတွက် ဒီနည်းလမ်းလေးတွေ အသုံးပြုပြီးတော့ သက်သာအောင် ထိန်းသိမ်းလို့ရပါတယ် ။ ( ၁

Read More
Leave a comment

နွေရာသီနှသိထားသင့်တဲ့ ပန်ကာလေရဲ့ဆိုးကျိုးများ ☀️☀️☀️

ရောက်ရှိလာတော့မယ့် နွေရာသီနဲ့ သိထားသင့်တဲ့ ပန်ကာလေရဲ့ဆိုးကျိုးများ  မကြာခင် နွေရာသီရောက်လာတော့မှာဆိုတော့ ပန်ကာနဲ့ အဲကွန်းတွေဖွင့်ပြီး အပူဒဏတ်ကို အံတုကြတော့မှာပေါ့ ။ အများစုက ပန်ကာတွေဖွင့်တတ်တာမို့ ပန်ကာလေဖွင့်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးအတွက် မကောင်းတဲ့အချက်တွေရှိတတ်တာမို့ LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ အိပ်တဲ့အခါ ပန်ကာဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ်ကုန်ခန်းတာ၊ ပါးစပ်နဲ့

Read More
Leave a comment

SENSITIVE SKIN သမားတွေ အတွက် အသားအရည်ထိန်းသိမ်းနည်း

အသားအရေတွေထဲမှာ အထူးဂရုစိုက်သင့်တဲ့ အသားအရေပိုင်ရှင်တွေကတော့ SENSITIVE SKIN သမားတွေပါဘဲ ။ တစ်ခုလေးမှားတာနဲ့ အသားအရေမှာ ပြဿနာများစွာဖြစ်နိုင်တာမို့ များစွာဂရုစိုက် သတိထားဖို့လိုပါတယ် ။ ဒီနေ့မှာတော့ LifePlus မိတ်ဆွေထဲက SENSITIVE SKIN ရှိသူတွေအတွက် သိသင့်တဲ့ အချက်လေးတွေကို ​ေဝမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) Gentle cleanser ကို အသုံးပြုပါ

Read More
Leave a comment

ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး

ဆံပင်အုံထူလာဖို့ အိမ်တွင်းနည်းလေးတွေနဲ့ပေါင်းတင်နိုင်မည့် နည်းလမ်း ၃မျိူး ကြက်ဥအကာကို အုန်းဆီ စားပွဲတင်ဆား ၂ဇွန်းနဲ့ရောမွှေပီး ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၂၀ ပွတ်လိမ်းပီး ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းက အိမ်မှာရှိတဲ့သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်နိုင်တာဖြစ်ပြီး ဆံပင်သစ်တွေထွက်စေတာမို့ ဆံပင်ကို ပိုပြီးအုံထူလာစေပါတ​ယ် ။ ပျားရည်ခွက်တဝက်စာနဲ့ သံလွင်ဆီခွက်လေးပုံတပုံစာကို ရောမွှေပီး microwave မှာ မိနစ်၂၀ထားပါ အေးသွားတဲ့အခါ ဦး‌ရေပြားနဲ့ဆံသားမှာမိနစ် ၃၀သုပ်လိမ်းထားပီး ခေါင်းလျှော်ချလိုက်ပါ။ ပျားရည်နဲ့သံလွွင်ဆီကလည်း

Read More
Leave a comment

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သဘာဝနည်းလမ်းများဖြင့် ဖယ်ရှားနိုင်မယ့်ပစ္စည်းများ……

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သဘာဝနည်းလမ်းများဖြင့် ဖယ်ရှားနိုင်မယ့်ပစ္စည်းများ ( ၁ ) ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်က ဝက်ခြံရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပြီး ဝက်ခြံကြောင့် ဖြစ်တတ်တဲ့ အမာရွတ်တွေကိုလည်း သိသာစွာသက်သာစေပါသည် ။ ( ၂ ) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါက အရေပြားရဲ့ ရေဓာတ်ကိုထိန်းသိမ်းပေးပြီး ဝက်ခြံတွေကို သိသိသာသာသက်သာစေပါတယ် ။ ဒါ့အပြင် တစ်နေ့တစ်ကြိမ် သုံးပေးခြင်အားဖြင့်

Read More
Leave a comment

ကလေးတွေရဲ့ အရပ်ကို ရှည်လာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်းများ……….

ကလေးတွေရဲ့ အရပ်ကို ရှည်လာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်းများ  မိဘတွေအနေနဲ့ မိမိကလေးရဲ့ ဖွံ့ဖြိုးမူတွေမှာ ဘက်စုံထူးချွန်စေချင်ကြပါတယ် ။ ဖွံ့ဖြိုးမူတွေအတွက် ကလေးတွေ ငယ်စဉ်မှာ သေချာစနစ်တကျ ပြုစုရင်တော့ပိုပြီး ရလဒ်ကောင်းတွေထွက်ပါတယ် ။ ဉာဏ်ရည် ဖွံ့ြဖိုးမူနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဆေးဝါးတွေအပြင် လေ့ကျင့်ခန်းတွေလည်းပြုလုပ်ရင်တော့ ပိုပြီးထိရောက်မူရှိပါတယ် ။ ဒီနေ့မှာတော့ သားသားမီးမီးလေးတွေ အရပ်ရှည်စေမယ့် လေ့ကျင့်ခန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင် ။ (

Read More
Leave a comment

ကြက်သွန်နီရဲ့ အလှအပကောင်းကျိုးများ 🧅🧅🧅

ကြက်သွန်နီရဲ့ အလှအပကောင်းကျိုးများ  LifePlus မိတ်ဆွေတို့ရေ မီးဖိုချောင်သုံး ပစ္စည်းတွေက တစ်ခါတလေဟင်းချက်ရာမှာတင် မကဘဲအလှအပနဲ့ပတ်သက်ပြီး အသုံးဝင်တာကိုရော သိပြီးကြပြီလား ??? ကြက်သွန်နီရဲ့ အလှအပအတွက် ကောင်းကျိုးလေးတွေကို မင်မင်က LifePlus မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ ( ၁ ) အရေးအကြောင်း သက်သာစေနိုင် ။ ကြက်သွန်နီက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီး

Read More
Leave a comment

အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ……..

အစာအိမ်ပြဿနာရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာများ မုန်လာဥဖြူ မုန်လာဥဖြူကလည်း လေထိုးလေအောင့်၊ အစာအိမ်နာတာတွေ ဖြစ်စေနိုင်တာမို့လို့ အစာအိမ်ရှိတဲ့သူတွေ အနေနဲ့ ရှောင်ရှားသင့်ပါတယ် ။ ပိန်းဥ ပိန်းဥကို တော်တော်များများက ချက်စား ၊ ကြော်စားရတာနှစ်သက်ပါတယ် ။ တကယ်လည်းစားကောင်းပြီးလူကြိုက်များလှပါတယ် ။ ဒါပေမယ့် ပိန်းဥကလည်း အစာအိမ်ရှိတဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားစာထဲမှာပါဝင်ပါတယ် ။ ပိန္နဲသီး ပိန္နဲသီးက လူတွေကို

Read More
Leave a comment

ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ ❓❄️❄️❄️

ဆောင်းတွင်းကာလ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ  LifePlus ချစ်သူတို့ရေ အခုဆိုရင် ရာသီဥတုကအေးလာပြီမို့ ဆောင်းတွင်းကာလမှာ အရေပြားအပေါ်ယံလွှာ မပျက်စီးအောင် ကာကွယ်ရမယ့်နည်းလမ်းလေးတွေကို LifePlus ချစ်သူတို့အတွက်ဝေမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) အပျော့စားထုတ်ကုန်တွေ အသုံးပြုပါ ။ ဆောင်းတွင်းမှာတခြားရာသီတွေထက်ပိုပြီးထိခိုက်လွယ်တာမို အသားရေရဲ့ pH ပမာဏကို ထိန်းပေးရမယ့်အပြင် အလှကုန်ပစ္စည်းတွေကို အလွန်အကျွသုံးစွဲတာမျိုးကိုရှောင်ရှားပြီး ပုံမှန်ထုတ်ကုန်တွေကိုအသုံးပြုပါ ။

Read More
Leave a comment

ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ???🫗🥛

ရေကသင့်ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးလဲ ??? နေ့တိုင်းသောက်နေရတဲ့ ရေကသင့်ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ် ။  သောက်သုံးတဲ့ရေပမာဏက အသက်အရွယ်၊ လိင်၊ ခန္ဓာကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေတွေလို အချက်တွေအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ရေ (၆၀) ရာခိုင်နှုန်းပါဝင်ပြီး ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က အချက်ပေးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၂) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်

Read More
Leave a comment

အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ…….

အလှအပအတွက် သဘာဝပစ္စည်းတွေကို အလွန်အကျွံသုံးမိပါက ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ သဘာဝပစ္စည်းတွေက ကောင်းကျိုးတွေအများကြီးရှိသလို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသုံးစွဲမိပါကလည်း ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ် ။ အိမ်မှာအလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေကိုအလွန်အကျွံ သုံးမိပါကဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို LifePlus ကာကာလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင် ။ ၁ ။ အုန်းဆီ အုန်းဆီက ဆံသားကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ် ။ သို့ပေမယ့် အလွန်အကျွံသုံးစွဲရင်တော့ ဆံသားကိုခြောက်သွေ့စေနိုင်ပါတယ် ။ ၂

Read More
Leave a comment

ဆောင်းတွင်းကာလ အသားအရေခြောက်သွေ့သူတို့ သိထားသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းများ…………….

LifePlus ချစ်သူတို့ရေ အခုဆိုရင် ဆောင်းတွင်းကာလထဲ ရောက်နေပြီမို့ LifePlus ချစ်သူတို့ဖြစ်လေ့ဖြစ်ထရှိတဲ့ အသားအရေခြောက်သွေ့တဲ့ ပြဿနာကို အထိရောက်ဆုံးထိန်းသိမ်းဖို့အတွက် LifePlus ကနေပြီးတော့ အောက်ပါနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်ရှင် ။ ( ၁ ) မျက်နှာသစ်ပြီးသွားတာနဲ့ Moisture သေချာလိမ်းပေးပါ ။ ( ၂ ) Serum လိမ်းပေးပါ ။ ( ၃

Read More
Leave a comment

ရန်ကုန်ကလေးဆေးရုံကြီး(သွေးဘဏ်)တွင်စုပေါင်းသွေးလှူဒါန်းခြင်း

LifePlus Health & Beauty ရဲ့ LifePlus Cares Activity အနေဖြင့် LifePlus ဝန်ထမ်းများမှ ရန်ကုန်ကလေးဆေးရုံကြီး(သွေးဘဏ်) တွင် စုပေါင်းသွေးလှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပြီး LifePlus မှ သွေးလှူဒါန်းသော ဝန်ထမ်းများအား အာဟာရဖြစ်စေမည့် မနက်စာများဖြင့် ကျွေးမွေးပြုစုခဲ့ပါတယ်။ LifePlus ရဲ့ ချစ်မိတ်ဆွေ Customer တို့လည်း မုဒိတာပွားများနိုင်အောင် ကြည်နူးဖွယ် အလှူပုံရိပ်တစ်ချို့ကို မျှဝေ

Read More
Leave a comment

အကြောပြတ်ရာများအား သဘာ၀နည်းဖြင့် ကုသခြင်း

‘အကြောပြတ်ရာများအား သဘာဝနည်းဖြင့်ကုသခြင်း” – ရေများများသောက်ပါ။ – မုန်ညင်းဆီ ( သို့မဟုတ် ) အုန်းဆီလိမ်းပါ။ – သံပုရာရည်လိမ်းပါ။ – ကြက်ဥအကာကို တစ်နေ့လျှင် ၂ ကြိမ် အကြောပြတ်ရာနေရာများတွင် လိမ်းပေးပါ။ ဖော်ပြပါနည်းလမ်းလေးတွေကတော့ လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းလေးတွေမို့ LifePlus ရဲ့မိတ်ဆွေ တို့ကိုမျှ‌ဝေပေးလိုက်ပါတယ်နော်။ “ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ” #LifePlus_BeautyTips #EnrichingHealth

Read More
Leave a comment

Waxing လုပ်တဲ့အခါဆောင်ရန်အချက်များ

Waxing လုပ်တဲ့အခါဆောင်ရန်အချက်များ Waxing မလုပ်ခင် Waxing လုပ်မယ့်နေရာသေချာသန့်ရှင်းရေးလုပ်ပြီးပေါင်ဒါလိမ်းပါ ( ပေါင်ဒါလိမ်းတာကနာကျင်တာနဲ့နီရဲပြီးရောင်ရမ်းတာကိုသက်သာစေပါတယ် ) Waxing လုပ်ပြီး နှစ်ရက်သုံးရက်အကြာမှာ Scrub ပြန်လုပ်ပေးရပါမည်။ Scrub တိုက်ပြီးတဲ့အခါတွင်လည်းအသားမခြောက်စေရန် အတွက် Moisture ပါတဲ့ lotion တစ်ခုခုပြန်လိမ်းပေးသင့်ပါသည်။ Waxing လုပ်တဲ့အခါရှောင်ရမယ့်အချက်များ အနံ့ပြင်းသော Lotion, Cream များအား အသုံးပြုခြင်းအားရှောင်ရပါမည်။ Waxing လုပ်ထားသောနေရာအား

Read More
Leave a comment

“သံပုယိုရည်ရဲ့ ကျန်းမာရေးနဲ့ အလှအပ အတွက် အကျိုးကျေးဇူးများ”

“သံပုယိုရည်ရဲ့ ကျန်းမာရေးနဲ့ အလှအပ အတွက် အကျိုးကျေးဇူးများ” ~ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။ ~အစာခြေစနစ် ကောင်းမွန်စေခြင်း။ ~ကိုယ်အလေးချိန် လျှော့ချပေးခြင်း။ ~ခံတွင်းအနံ့ ကောင်းမွန်စေခြင်း။ ~အသားအရေ ကြည်လင်ဝင်းပစေခြင်း။ ~အမာရွတ်များကို သက်သာစေခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Royal Jelly အကြောင်းသိကောင်းစရာများ ……….

Royal Jelly ဆိုတာ ပရိုတင်း ကြွယ်ဝပြီး လုပ်သားပျားတွေရဲ့ ဂလင်းတွေကနေ ထုတ်လုပ်ထားတဲ့ အရာတစ်မျိုးပါ။ ပျားဘုရင်မ အသက်ရှည်စေဖို့ နဲ့ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ သဘာဝ အာဟာရ တစ်မျိုးဖြစ်ပါတယ်။ Royal Jellyက – အရေးအကြောင်းတွေကို သက်သာစေတယ် – အသားအရောင် ညီစေတယ် – ဝက်ခြံ

Read More
Leave a comment

Skin Aging (အ​ရေးအ​ကြောင်းများ) ဖြစ်ပွားမှုအ​ကြောင်းအရင်းများ……

Skin Aging (အ​ရေးအ​ကြောင်းများ) ဖြစ်ပွားမှုအ​ကြောင်းအရင်းများ – ​နေ​ရောင်ခြည်နဲ့တိုက်ရိုက်ထိ​တွေ့မှု့များခြင်း။ – ​ဆေးလိပ်အလွန်အကျွံ​သောက်သုံးခြင်း။ – မျက်နှာ​ပေါ်သို့ Chemical Products အများအပြားအား စမ်းသပ်အသုံးပြုခြင်း။ – Treatment ပုံမှန်မပြုလုပ်ခြင်း။ – အစားအ​​သောက်​ရှောင်ကြဥ်မစားခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အကြောပြတ်ရာဖြစ်ခြင်းမှ ကာကွယ်နည်းများ…….

အကြောပြတ်ရာဖြစ်ခြင်းမှ ကာကွယ်နည်းများ – နေရောင်ခြည်နဲ့ အချိန်ကြာကြာတိုက်ရိုက်ထိတွေ့ခြင်းမှကာကွယ်ခြင်း၊ – အရေပြားအားပုံမှန်ရေဓာတ်ဖြည့်ပေးခြင်း၊ – ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ခြင်း၊ – ကိုယ်အလေးချိန် အတက်အကျ ရုတ်တရက်မဖြစ်အောင် ဂရုစိုက်ခြင်း၊ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အမာရွတ်အတွက် အလွယ်ကူဆုံး အသုံးပြုနိုင်သည့် သဘာ၀အိမ်တွင်းသုံးနည်းလမ်းများ………

အမာရွတ်အတွက် အလွယ်ကူဆုံး အသုံးပြုနိုင်သည့် သဘာ၀အိမ်တွင်းသုံးနည်းလမ်းများ – ရှား​စောင်းလက်ပတ်အနှစ်ဖြင့် အမာရွတ်​နေရာအားလိမ်း​ပေးခြင်း။ – ပန်းသီးရှာလကာရည် ၂ဇွန်း နဲ့ ​​ရေ ၄ဇွန်း​ရောပြီး Cotton Pad ဖြင့်အမာရွတ်​နေရာလိမ်း​ပေးခြင်း။ – မုန့်ဖုတ်ဆိုဒါကို ​ရေဖြင့် အနှစ်ရ​အောင်​ဖျော်ပြီး အမာရွတ်​ပေါ်လိမ်း​ပေးခြင်း။ – မုန့်ဖုတ်ဆိုဒါကို ​ရေဖြင့် အနှစ်ရ​အောင်​ဖျော်ပြီး အမာရွတ်​ပေါ်လိမ်း​ပေးခြင်း။ – အာလူး မထူမပါးလှီးပြီး အမာရွတ်​နေရာတွင်

Read More
Leave a comment

မိုးရွာသီတွင် ဦး​ရေပြား​ဗောက်ထခြင်း မှ ကာကွယ်နိုင်​သောနည်းလမ်း​ကောင်းများ……..

မိုးရွာသီတွင် ဦး​ရေပြား​ဗောက်ထခြင်း မှ ကာကွယ်နိုင်​သောနည်းလမ်း​ကောင်းများ…….. – ​ရေပူဖြင့် ​ခေါင်း​လျှော်ခြင်းမှ​ရှောင်ရှားပါ။ – မှန်ကန်​သော Shampoo ​ရွေးချယ်ပါ။ – အနည်းဆုံး တလ(၂)ကြိမ် Hair Treatment ပုံမှန်ပြုလုပ်ပါ။ – Conditioner ပုံမှန်အသုံးပြု​ပေးပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

Strawberry Leg ​လေး​တွေမဖြစ်ရ​အောင် ဘယ်လိုကာကွယ်ကြမလဲ?……..

Strawberry Leg ​လေး​တွေမဖြစ်ရ​အောင် ဘယ်လိုကာကွယ်ကြမလဲ? – ပုံမှန် Exfoliation လုပ်​ပေးပါ။ – Scrub လုပ်ပြီးတိုင်း Moisture များများပါ​သော Body Lotion/Body Cream သုံး​ပေးပါ။ – မိမိ​ခြေ​ထောက်​လေးများကိုသန့်ရှင်းစွာထားပါ။ – တင်းကြပ်​စေ​သော အ၀တ်အစားများ ၀တ်ခြင်းမှ​ရှောင်ပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မျက်ကွင်းညိုခြင်းမှကာကွယ်ခြင်း…….

မျက်ကွင်းညိုခြင်းမှကာကွယ်ခြင်း Antioxidant ပါဝင်တဲ့ Skin Care တွေကိုအသုံးပြုပေးပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။ Eye Cream ပုံမှန်သုံးပေးပါ။ ရေဓာတ်လုံလောက်စွာသောက်သုံးပေးပါ။ Vitamin C လုံလောက်စွာစားသုံးပေးပါ။

Read More
Leave a comment

တင်းတိပ်ဖြစ်​ပေါ်​စေ​သောအ​ကြောင်းအရင်းများ………

တင်းတိပ်ဖြစ်​ပေါ်​စေ​သောအ​ကြောင်းအရင်းများ – သ​န္ဓေတား​ဆေး နှင့် ​ဆေးဝါးအချို့သုံးစွဲ​ရ​သောသူများ – ​ဟော်မုန်း​ပြောင်းလဲလာသူများ – ​နေ​ရောင်ခြည် နှင့် တိုက်ရိုက်ထိ​တွေ့မှုများ​သောသူများ – အပူဆီ​ကြော်များနှင့်တိုက်ရိုက်ထိ​တွေ့မှုများ​သောသူများ – တင်းတိပ်မျိုးရိုးရှိသူများ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ခံတွင်းနံ့ဆိုးထွက်ခြင်းမှ​ရှောင်ကြဥ်ခြင်း

– ခံတွင်းကျန်းမာ​ရေးအတွက် ​ရေဓါတ်ပြည့်၀​စေရန် ​ရေပုံမှန်​သောက်​ပေးခြင်း။ – အနံ့ပြင်း​သောအစားအစာများစားခြင်းမှ ​​ရှောင်ကြဥ်ခြင်း။ – ခံတွင်းသန့်ရှင်း​ရေး ပုံမှန်လုပ်​ပေးခြင်း။ – သွားက်ုတ​နေ့(၂ကြိမ်) ပုံမှန်တိုက်​ပေးခြင်း။ – ပုံမှန်သွားစစ်​ဆေးမှုများ ပြုလုပ်​ပေးခြင်း။ – အမျှင်ဓါန်ပါ​သောအစားအစာများ ပုံမှန်စားသုံး​ပေးခြင်း။ – ​ဆေးလိပ် နှင့် ​ဆေးရွက်ကြီး သုံးစွဲခြင်းမှ ​ရှောင်ကြဥ်ခြင်း။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

World Hepatitis Day

ဇူလိုင်လ ၂၈ရက်နေ့ဟာ ကမ္ဘာအသည်းရောင်အသားဝါရောဂါနေ့ဘဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါဟာ အဖြစ်များတတ်တဲ့ရောဂါဖြစ်ပေမယ့် လူအတော်များက သတိမထားမိကြတဲ့ ရောဂါမျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များဆုံးသော အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးကတော့ Hepatitis A, B, C & E တို့ပဲဖြစ်ပါတယ် Hepatitis A နှင့် E ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ Hepatitis A

Read More
Leave a comment

Collagen​သောက်သုံးခြင်း၏အကျိုး​ကျေးဇူးများ…….

Collagen​သောက်သုံးခြင်း၏အကျိုး​ကျေးဇူးများ – အ​ရေပြားဆဲလ်​သေများကို ပြန်လည်အစားထိုး​ပေးခြင်း – ခန္ဓာကိုယ်တွင်း အရိုးအဆစ်များကိုကျန်းမာလာ​စေခြင်း – အရိုးအဆစ်​ရောင်ခြင်းကို ကာကွယ်​ပေးခြင်း – ဆံသားကျန်းမာ​ရေးကိုအားဖြည့်​​ပေးခြင်း – အသားအရည် ကြည်လင်သန့်စင်လာခြင်း – မိမိ၏ဆံသားကို အားဖြည့်​ပေးခြင်း #LifePlus_BeautyTip #EnrichingHealth #EnrichingHealth See less

Read More
Leave a comment

LifePlus 4th Year Anniversary Blood Donation ( Yangon and Mandalay)

LifePlus Health & Beauty ၄နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန် နဲ့ မန္တလေး မှာရှိတဲ့ LifePlus ဝန်ထမ်းများမှ ရန်ကုန်ကလေးဆေးရုံကြီး(သွေးဘဏ်) နှင့် မန္တလေး ကုတင်၅၀၀ အရိုးရောဂါအထူးကုဆေးရုံကြီးတို့တွင် စုပေါင်းသွေးလှူဒါန်းခြင်းကိုပြုလုပ်ခဲ့ပြီးနောက် Feropac သံဓာတ်အားဆေး မှ ရန်ကုန်တွင် သွေးလှူဒါန်းသော ဝန်ထမ်းများအား မုန့်၊ ပဲနို့ နှင့် သံဓာတ်အားဆေး တို့ကို မေတ္တာလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ ယခုကဲ့သို့

Read More
Leave a comment

4th Year Annivearsary Donation to Khine Hnin Wai

LifePlus Health & Beauty ရဲ့ ၄နှစ်ပြည့် မွေးနေ့မှာ LifePlus မှ ဦးဆောင်ပြီး ဝန်ထမ်းများနှင့်စုပေါင်းကာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ အလှူငွေများ နှင့် ကလေးအသုံးအဆောင်ပစ္စည်းများကို သဒ္ဒါတရားထက်သန်စွာဖြင့် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ချစ်စရာသားသားမီးမီးများနဲ့ ဝန်ထမ်းများရဲ့ ကြည်နူးစရာအခိုက်အတန့် အမှတ်တရပုံရိပ်အချို့ကို LifePlus ချစ်မိတ်ဆွေ Customer များထံ မျှဝေပေးလိုက်ပါတယ်။ “ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာဈေးဝယ်ပါ”

Read More
Leave a comment

မိုးရာသီမှာ ဆံသားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ?…….

မိုးရာသီမှာ ဆံသားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ? – သံလွင်ဆီ၊ အုန်းဆီ (သို့) ခေါင်းလိမ်းဆီ တခုခုလိမ်းပေးပါ။ – Hair Conditioner သုံးပေးပါ။ – မိုးရာသီတွင် ကျစ်ဆံမြီး ကျစ်ခြင်းမှရှောင်ကြဉ်ပါ။ – မိုးရေစိုထားလျှင် ဆံသားကိုသေချာစွာ ဆေးကြောပေးပါ။ – ဆံပင်ကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ – အပြင်သွားတိုင်း ဆံသားနှင့်ခန္ဓာကိုယ်အတွက် ထီး(သို့)မိုးကာများ ယူဆောင်သွားပါ။

Read More
Leave a comment

“မိမိအသားအရည်နဲ့ ပတ်သက်ပြီးမှန်ကန်တဲ့မျက်နှာသစ်ဆေးဘယ်လိုရွေးချယ်မလဲ”

မိမိအသားအရည်နဲ့ ပတ်သက်ပြီးမှန်ကန်တဲ့မျက်နှာသစ်ဆေးဘယ်လိုရွေးချယ်မလဲ။ Facial Cleanser မှာဆိုရင်ဖြင့် – Foaming Cleanser သည်အမြှုပ်ထွက်အားကောင်းစေပြီး အဆီပြန်အသားအရည် နှင့် ပေါင်းစပ်အသားအရည် အတွက်သင့်လျော်ပါတယ်။ – Gel Cleanser သည် Lightweight ပုံစံဖြစ်ပြီးအတွင်းပိုင်းထိသန့်စင်ပေးတဲ့အတွက် အဆီပြန်ပြီး ဝက်ခြံသမားတွေအတွက်သင့်လျော်ပါသည်။ – Oil Based Cleanser သည် မိတ်ကပ်အညစ်အကြေးနှင့် ဖုန်မှုန့်တွေကို သေချာစွာသန့်စင်ပေးပြီး မိတ်ကပ်နေ့တိုင်းလိမ်းရတဲ့

Read More
Leave a comment

Skin Care step by step လိမ်းနည်း…………

Skin Care step by step လိမ်းနည်း – Facial Cleanser ဖြင့်ဦးစွာမျက်နှာကိုသန့်စင်ပါ။ – မိမိ အသားအရည် နှင့် သင့်လျော်တဲ့ Toner မျိုးရွေးသုံးပါ။ – Essence (သို့) Serum အသုံးပြုပါ။ – Eye Cream လိမ်းပါ။ – မှန်ကန်တဲ့ Moisturizer ရွေးသုံးပါ။

Read More
Leave a comment

Donate to Myanmar Red Cross Society (For Mokha Cyclone )

မြန်မာပြည်၏ ထိပ်တန်း ဦးဆောင် ကျန်းမာရေးနှင့်အလှအပရေးရာပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန်စွာဖြင့် ရောင်းချပေးလျှက်ရှိတဲ့ LifePlus Health & Beauty (Lujee Venture Capital Limited) ဟာဆိုရင် မိုခါမုန်တိုင်းသင့်ပြည်သူများသို့ ငွေကျပ် (၃၇သိန်း)ကျော် တန်ဖိုးရှိ Hygiene Kits & Medicine များကို Myanmar Red Cross Society မှတဆင့်လှူဒါန်းခဲ့ပါတယ်။

Read More
Leave a comment

ဆံပင်ကျွတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ?…..

– ဆံသားကို သန့်ရှင်းအောင်ထားပါ။ – ဆံပင်ကို ပုံမှန်ဖြီးပါ။ – ခေါင်းခဏခဏ မကုတ်ပါနဲ့။ – ရေနွေးနွေးလေးဖြင့်‌ ခေါင်းလျှော်ပေးပါ။ – သဘာဝသံလွင်ဆီ (သို့) ကြက်ဆူဆီလိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

ဆွဲဆောင်မှုရှိသော “အပြုံး” ပိုင်ရှင်ဖြစ်စေဖို့…….

– တနေ့(၂)ကြိမ် ပုံမှန်သွားတိုက်ပါ။ – ခံတွင်းအနံ့ဆိုးမဖြစ်အောင်အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ – အပူအပုပ်ကင်းစေပြီး ၀မ်းမှန်စေဖို့ အသီးအနှံအားမျှတစွာစားသုံးပါ။ – တပတ် (၂) ကြိမ်Lip Scrub အား အသုံးပြုပြီး နှုတ်ခမ်းသားအားချောမွတ်စေရန် Lip Balm ပြန်သုံးပါ။ – ရေများများသောက်ပါ။ – အိပ်ရေးဝဝအိပ်ပါ။

Read More
Leave a comment

နွေရာသီမှာ မိမိရဲ့ဆံနွယ်လေးတွေကို သေချာဂရုစိုက်ကြမယ် ……

နွေရာသီမှာ မိမိရဲ့ဆံနွယ်လေးတွေကို သေချာဂရုစိုက်ကြမယ် … -ချွေးထွက်အဆီပြန်လွယ်တဲ့ ဆံကေသာများကို တစ်ပတ် 2ကြိမ် သို့ 3ကြိမ် ပုံမှန်လျှော်ပေးပါ။ -ခေါင်းလျှော်တိုင်း ပေါင်းဆေး (သို့) ပျော့ဆေး အသုံးပြုပါ။ -ဆံကေသာကို မကြာခဏအပူပေးပြီး ပုံသွင်းခြင်းအား‌ရှောင်ရှားပါ။ -UV rays မှကာကွယ်ပေးနိုင်သော Hair Care Product များရွေးချယ်အသုံးပြုပါ။ -ဆံသားအရောင်မလွင့်စေရန် အပြင်သွားတိုင်း ထီး (သို့

Read More
Leave a comment

နွေရာသီအတွက် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများ…….

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်လုံလောက်ဖို့ဆိုတာ အလွန် အရေးကြီးလှပါတယ်နော်…. ရေဓာတ်ပမာဏ လုံလောက်မှု မရှိခဲ့ရင် အလွယ်တကူ ပင်ပန်းနွမ်းနယ်မယ်၊အသားအရေတွေ ခြောက်သွေ့မယ်၊ကြွက်တက်ခြင်း သွေးပေါင်ကျခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။ အထူးသဖြင့်နွေရာသီမှာ ပူပြင်းတာကြောင့် ချွေးထွက်များပြီး တခြားအချိန်တွေထက် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ကို သတိလေးပေးချင်ပါတယ်… ရေသောက်တာအပြင် ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းကလည်း ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်…. နွေရာသီမှာ

Read More
Leave a comment

နွေရာသီမှာဘယ်လိုနည်းလမ်းမှန်မှန်နဲ့ အသားအရည်ထိန်းသိမ်းမလဲ???

-ကိုယ့်အသားအရည်နဲ့ကိုက်ညီမယ့် skin Care မျိုးရွေးသုံးပါ။ -နွေရာသီတွင် Cream Type ဖြစ်သော Moisturizer သုံးခြင်းအားရှောင်ကြဥ်ပါ။ -အဆီပြန်တဲ့အသားအရည်အတွက် Oil Free Moisturizer သုံးပါ။ -မိတ်ကပ်အထူကြီးလိမ်းခြင်းအားရှောင်ကြဥ်ပါ။ -မိတ်ကပ်လိမ်းပြီးတိုင်း Deep Cleansing သေချာပြန်လုပ်ပါ။ -sunscreen မဖြစ်မနေလိမ်းပါ။

Read More
Leave a comment

မိမိအသားအရည်နဲ့ကိုက်ညီမယ့် Make Up Foundation ဘယ်လိုရွေးချယ်မလဲ……

-မိမိအသားအရည်အမျိုးအစားပေါ်မူတည်၍ သေချာစွာရွေးချယ်ဝယ်ယူပါ။ (ဉပမာ အဆီပြန်တတ်သောအသားအရည်ဖြစ်လျှင် Oil Free ပါသော Foundation အားရွေးချယ်သင့်ပါတယ်) -Foundation အရောင်အား ရွေးချယ်ရာတွင် မျက်နှာအောက်နား(မေးစိ)တွင် စမ်းသပ်ဝယ်ယူပါက ပိုမို သင့်လျော်ပါတယ်။ -Foundation ဝယ်ယူရာတွင် တတ်နိုင်သမျှ Online မှ မှာယူခြင်းရှောင်ကြဉ်ပါ။

Read More
Leave a comment

နေလောင်သွားတဲ့အသားအရည်ကို ဘယ်လိုပြန်ထိန်းသိမ်းမလဲ???

– အပြင်းစား Scrubနဲ့တိုက်ရိုက်ထိတွေ့တာမျိုးမပြုလုပ်သင့်ပါ။ – အဆိုဓါတ်ပေးနိုင်မယ့် Lotion မျိုးကို ဦးစွာ အရင်လိမ်းပါ။ – မိမိအသားအရည်နဲ့ သင့်လျော်မယ့် scrub အမျိုးအစား သုံးပါ။ -နေ့ဘက်အပြင်ထွက်တဲ့အခါ အနည်းဆုံး Spf 30+ ပါတဲ့ lotion မျိုးမဖြစ်မနေလိမ်းပါ။ – ညဘက်မှာဆိုရင်တော့ အစိုဓါတ်ပေးပြီ ‌ဖြူဝင်းစေနိုင်မယ့် Lotion မျိုးလိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth

Read More
Leave a comment

ကလေးလေးတွေလေပြွန်ပိတ်ဆို့တဲ့အခါ ဒီနည်းတွေကို သုံးပါ……..

ဖေဖေ မေမေတို့အနေနဲ့ မိမိတို့ရဲ့ ကလေးလေး လျှောက်သွား၊ လျှောက်ကောက်စားတတ်တဲ့အရွယ်မှာ ပစ္စည်းတစ်ခုခုကို နှာခေါင်းထဲကောက်ထည့်လိုက်တာ ဒါမှမဟုတ် ဆေးလုံး၊ အစာ၊ ပစ္စည်းစတာတွေ နင်ပြီး လေပြွန်ပိတ်သွားတာကို ကြုံဖို့ စိုးရိမ်တတ်ကြမှာပါ ကလေးတစ်ယောက် လေပြွန်ပိတ်ဆို့နေတဲ့အချိန်မှာ ရှေးဦးသူနာပြုနည်းနဲ့ သေချာကုသနိုင်ရင် အသက်ဘေးကလွတ်မြောက်နိုင်တာမို့ အနားမှာရှိတဲ့ မေမေနဲ့ ဖေဖေတို့က ဒီရှေးဦးသူနာပြုနည်းကို တတ်မြောက်ထားဖို့အတွက် အရေးကြီးပါတယ်နော်… ဒါကြောင့် ဒီနေ့မှာ HOPE

Read More
Leave a comment

ပေါင်းဆေး ပျော့ဆေး ကို မဖြစ်မနေအသုံးပြုသင့်သည့် ဆံကေသာပိုင်ရှင်များ……..

ပေါင်းဆေး ပျော့ဆေး ကို မဖြစ်မနေအသုံးပြုသင့်သည့် ဆံကေသာပိုင်ရှင်များ – မကြာခဏ အပူပေးပြီးဆံကေသာကို ပြုလုပ်တတ်သည့်သူများ – ဆိုးဆေးမကြာခဏဆိုးတတ်သည့်သူများ – ခြောက်သွေ့ဖွာလန်ပြီး အဖျားနှစ်ခွ ဖြစ်သည့်သူများ – ပျက်စီးပြီးကြမ်းတမ်းသောဆံကေသာများ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Myanmar New Year Donation (Yadanar Pone Yeik Nyain)

LifePlus Health & Beauty ရဲ့ မြန်မာ့နှစ်သစ်ကူး အလှူဒါန LifePlus Health & Beauty မှ ၂၀၂၃ ဧပြီလ ၇ရက်နေ့ မှာ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ရတနာပုံရိပ်ငြိမ်မိဘမဲ့ကျောင်း သို့ အလှူငွေ နှင့် ဆန်အိတ်များ ကို လှူဒါန်းဒါနပြုခဲ့ပါတယ်။ LifePlus ရဲ့ ချစ်မိတ်ဆွေ Customer များလည်း မုဒိတာပွားများနိုင်စေရန်

Read More
Leave a comment

ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့……

ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့…… – နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားပါ။ – ဆေးလိပ်သောက်ခြင်းအားရှောင်ကြဉ်ပါ။ – ကိုယ့်အသားအရည် နဲ့ ကိုက်ညီမည့် Skincare အားရွေးသုံးပါ။ – အစာအာဟာရမျှတစွာစားသုံးပါ။ – စိတ်ဖိစီးမှုလျှော့ချပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မလိုချင်တဲ့အမွှေးအမျှင်တွေကို နည်းလမ်းမှန်မှန်နဲ့ဖယ်ရှားဖို့…….

– Waxing လုပ်မည့်နေရာကို ဦးစွာ သန့်စင်ပြီး ခြောက်သွေ့အောင်လုပ်ပါ။ – အသုံးပြုမည့် Waxing ကိုသေချာစွာလိမ်းပြီးဖယ်ရှားပါ။ – Waxing လုပ်ပြီးသွားသည့်အခါ ရေခဲအဝတ်ဖြင့်အုပ်ထားပါ။ – နောက်ဆုံးတွင် Oil-Free or non-comedogenic ဖြစ်သော Moisturizers လိမ်းပါ။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆံပင်ကျွတ်ခြင်းအကြောင်းအရင်းများ……..

– စိတ်ဖိစီးမှုများခြင်း – အစာအာဟာရမျှတစွာမစားသုံးခြင်း – ခေါင်းပုံမှန်မလျှော်ခြင်း – မျိုးရိုးလိုက်ခြင်း – ဟော်မုန်းအပြောင်းအလဲကြောင့်ကျွတ်ခြင်း – သောက်ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ကျွတ်ခြင်း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ညစာ မစားရင် ဘာတွေဖြစ်လာနိုင်လဲ………

ယနေ့ခေတ်မှာ လူတော်တော်များများက ပိန်အောင်၊ဗိုက်ချပ်အောင်စသည်ဖြင့် ညစာတွေဖြတ်ကျတယ်၊ အစားတွေရှောင်ကြတယ်ပေါ့နော်။ ခဏတဖြုတ်လေး ညစာရှောင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျနိုင်ပေမယ့် ရေရှည်ဆိုရင်တော့ကောင်းကျိုးတွေလည်းရှိနိုင်သလိုနောက်ကွယ််မှာ ကျန်းမာရေးအတွက်သင်မသိသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိပါသေးတယ်။ ဒါဆိုညစာဖြတ်ရင် ဘာတွေဖြစ်လာနိုင်လဲ? သွေးတွင်း သကြားဓါတ်တွေ ကမောက်ကမဖြစ်တာ… အစားအသောက်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းပြီး အချို့ဆီးချိုဝေဒနာရှင်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေဖြစ်စေတတ်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကိုနှေးသွားစေတာ.. ညစာဖြတ်တာ အစောပိုင်းမှာ ဝိတ်ကျတယ်ဆိုပေမယ့် ရေရှည်သွားရင်တော့ ဝိတ်ကဆက်မကျတဲ့အပြင်နည်းနည်းလေးစားရုံနဲ့

Read More
Leave a comment

အစာစားပြီး မအီမသာ ဖြစ်လာပြီဆိုရင်…….

အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း အစားအစာကို စနစ်တကျ စားသုံးရင် အစာထဲက အာဟာရဓာတ်တွေ အပြည့်အဝရပြီး ကျန်းမာရေးနဲ့ညီညွတ်မှာ အမှန်ပါပဲ။ ဒါပေမယ့် အစားအစာတွေကို သေချာမကိုင်တွယ်တဲ့အခါ ခန္တာကိုယ်အတွက် အန္တရာယ်ဖြစ်နိုင်တာကိုလည်း သတိထားရပါမယ်နော် အစားအစာ မသန့်ရှင်းတဲ့အခါ – ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် ၊ ကပ်ပါးကောင် ၊မှိုပိုး စတာတွေက အစားအစာမှာ ကပ်တွယ်နိုင်ပါတယ်။

Read More
Leave a comment

ခေါင်းမူးမူးနေတာ ဘာကြောင့်လဲ……..

“ဆရာရေ ကျွန်တော် ခေါင်းတွေ ခဏခဏ မူးမူးနေတာ အားမရှိလို့လား မသိဘူး ” “ဆရာမရေ ကျွန်မ ဘာဖြစ်တာလဲ မသိဘူး လူကချာချာလည်နေသလိုကြီး ခံစားနေရတယ် ” ဆိုပြီး အမေးများတဲ့ လူတိုင်းလိုလို ဆေးခန်းပြဖူးကြတဲ့ ဝေဒနာတစ်ခုကတော့ ခေါင်းမူးတာပါပဲ တကယ်တော့ ခေါင်းမူးတယ် ဆိုတာ လက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ ရောဂါ၊အကြောင်းရင်း တစ်ခုခုရှိနေနိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေကလည်း

Read More
Leave a comment

ပိုးသတ်ဆေးယဉ်ပါးမှုတွေ မဖြစ်စေဖို့……

အရင်တုန်းက ဘက်တီးရီးယားပိုးဝင်တာကြောင့် ရောဂါဖြစ်ရင် ကုသဖို ဆေးဝါးမရှိတဲ့အတွက် သေဆုံးမှုတွေ အများအပြားဖြစ်ခဲ့ရပါတယ်။ ပိုးသတ်ဆေးပေါ်လာတဲ့အခါမှာတော့ ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်ခဲ့ပြီး သေဆုံးနှုန်းတွေကိုလည်း လျော့ချနိုင်ခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ လူတွေရဲ့ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲမှု၊ မလိုအပ်ဘဲ အများအပြားသုံးစွဲမှုတွေကြောင့် ပိုးသတ်ဆေးယဉ်ပါးမှုဆိုတာ ဖြစ်လာရပါပြီ။ ပိုးသတ်ဆေးယဉ်ပါးမှူဆိုတာ… ပိုးသတ်ဆေးတွေကို သောက်ဖိုမလိုအပ်ဘဲ အလွယ်တကူသုံးစွဲမှု၊ မှားယွင်းသုံးစွဲမှု တွေကြောင့် ပိုးသတ်ဆေးအာနိသင်လျော့နည်းပြီး ပိုးတွေကို မထိန်းချုပ်နိုင်၊

Read More
Leave a comment

ဟော်မုန်းကြောင့်ဖြစ်တဲ့ “ဝက်ခြံ”

ဟော်မုန်းဝက်ခြံဆိုတာက ဟော်မုန်းအတက်အကျနဲ့ဆက်စပ်နေတဲ့ ဝက်ခြံအမျိုးအစားဖြစ်ပြီး အရွယ်ရောက်ပြီးသူ ကျားမ မရွေး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံး ပေါက်လေ့ရှိပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ဓမ္မတာလာခြင်း၊ မီးယပ်သွေးဆုံးခြင်းစတဲ့ အမျိုးသမီးတွေရဲ့ ဟော်မုန်းပြောင်းလဲမှုကိစ္စရပ်တွေကြောင့်လည်း ဟော်မုန်းဝက်ခြံထွက်ကြပါတယ်။ အသက်၂၀ဝန်းကျင် အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်က ဟော်မုန်းဝက်ခြံပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဟော်မုန်းဝက်ခြံတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ? အရွယ်ရောက်ပြီးချိန်မှာ ဟော်မုန်းဝက်ခြံတွေဟာ T-zone

Read More
Leave a comment

ဝက်ခြံမထွက်အောင် ဘာလုပ်သင့်လဲ?

– မျက်နှာကို သန့်စင်အောင် နေ့စဉ်ပြုလုပ်ပါ။ – မိမိအသားအရေ နဲ့ တည့်သည့် ပစ္စည်းများအားရွေးချယ်သုံးစွဲပါ။ – အစားအသောက်ပုံစံပြောင်းလဲပါ။ – ရေများများသောက်ပါ။ – အိပ်ချိန်မှန်မှန်ထားအိပ်ပါ။ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အူလမ်းကြောင်းဆိုင်ရာရောင်ရမ်းခြင်းဆိုတာဘာလဲ?

Crohn’s disease ဆိုတာ အူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းခြင်းရောဂါ တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိ အတိအကျ မသိကြရသေးပါဘူး။ ခုခံအားဖောက်လွဲဖောက်ပြန်ဖြစ်တာ ၊ မျိုးရိုးဗီဇ စတာတွေကြောင့် ဖြစ်တယ်လို့တော့ ယူဆထားကြပါတယ်။ အသက်ငယ်တဲ့အရွယ်၊ မိသားစုမျိုးရိုးမှာ Crohn’s disease ရှိသူ ၊ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတတ်ပါတယ်။ Crohn’s disease ဆိုတာ ဘယ်လို

Read More
Leave a comment

အကြောပြတ်ရာမဖြစ်အောင်……

– အာဟာရပြည့်ဝတဲ့ အစားအစာများ ရွေးချယ်စားသုံးပါ။ – ရေအလုံအလောက်သောက်ပါ။ – အစိုဓာတ်ဖြည့်တင်းပေးတဲ့ လိုးရှင်း မှန်မှန်လိမ်းပေးပါ။ – ကိုယ်အလေးချိန်ကိုတတ်နိုင်သလောက်ထိန်းပေးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

Collagen ‌သောက်ခြင်းရဲ့အကျိုးကျေးဇူးများ

– အသားအရည်ကြည်လင်စေပြီး အမဲစက်ဖြစ်မှုကိုလျှော့ချနိုင်ခြင်း။ – ဆံကေသာပိုမိုကောင်းမွန်လာခြင်း။ – နှုတ်ခမ်းသားများ ပန်းရောင်သန်းပြီး လှပစေခြင်း။ – လက်သည်း ခြေသည်း များ ကျိုးလွယ်မှုကို လျှော့ချပေးခြင်း။ – အသားအရေတင်းရင်းလာပြီး အရေးအကြောင်းဖြစ်မှုကို လျှော့ချပေးခြင်း။ – အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ခြင်း။ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ချွေးပေါက်ကျယ်ခြင်း အကြောင်းအရင်းများ……..

-နေပူထဲအသွားများခြင်း -အဆီထုတ်လွှတ်မှုများခြင်း -ဆေးလိပ်သောက်ခြင်း -ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်စေခြင်း -မျိုးရိုးကြောင့်ဖြစ်နိုင်ခြင်း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆောင်းတွင်းမှာနှုတ်ခမ်းမခြောက်အောင် ဘယ်လိုကာကွယ်မလဲ???

-ရေများများသောက်ပါ -နှုတ်ခမ်းကိုလျှာနှင့် မကြာခဏမလျက်ပါနဲ့ -နှုတ်ခမ်းကို လက်ဖြင့်ခွာခြင်းအား ရှောင်ကြဥ်ပါ -Lip balm သုံးပါ -ညအိပ်ခါနီးတိုင်း Sleeping Lip Mask လိမ်းအိပ်ပါ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ကိုယ်ဝန်ဆောင်နေစဥ်အတွင်း အကြောပြတ်ရာကိုဘယ်လိုထိန်းသိမ်းမလဲ??……

-ဆရာဝန်ညွှန်ကြားထားသည့် အကြောပြတ်ရာ Cream လိမ်းပေးပါ -နေရောင်ခြည်နဲ့အချိန်ကြာမြင့်စွာထိတွေ့ခြင်းကိုရှောင်ကြဥ်ပါ -ကိုယ်ဝန်ဆောင်ပြီးချိန်တွင် အကြောပြတ်ရာကို လေဆာကုထုံးဖြင့် ဖျောက်လိုပါက အရေပြားအထူးကုဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပါ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အိပ်ချိန်မမှန်တဲ့ အမျိုးသားတွေရဲ့ကျန်းမာရေး…….

အမျိုးသားတွေရဲ့ အိပ်ချိန် က‌‌မောက်ကမ ဖြစ်ခြင်းရဲ့ အကျိုးသက်‌ရောက်မှုတွေ … အမျိုးသားတွေအနေနဲ့ အိပ်ချိန်စားချိန်မမှန်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိရဲ့လား ? အိပ်ချိန်မလုံလောက်တာ၊ မနက်နဲ့ ညမှားပြီးအိပ်မိနေတာ၊ အိပ်ဖို့အချိန်ယူနေရတာတွေများလာပြီဆိုရင် ဒါက သင့်ကျန်းမာရေးကို တစစနဲ့ ထိခိုက်စေနေပါပြီ … အိပ်ချိန်မမှန်ခြင်းက အမျိုးသားတွေအတွက် ဘယ်လို ဆိုးကျိုးတွေပေးလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးပါ့မယ် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို လျော့ကျစေတယ် ကိုယ့်ရဲ့ပါတနာနဲ့ အတူမနေခင်နေ့ဆို

Read More
Leave a comment

ကိုယ်ဝန်ဆောင်နေစဥ်မှာ အသားအရေဘယ်လိုထိန်းသိမ်းမလဲ??

– ခြောက်သွေ့နီမြန်းပြီး အသားအရေယားယံချိန်တွင် အဆီကိုအခြေခံထုတ်လုပ်တားတဲ့ သန့်စင်ဆေးမျိုသုံးပါ။ – မျက်နှာအတွက်ပြုလုပ်ထားတဲ့ အဆီကိုလိမ်းခြင်းဖြင့် ‌ရေဓါတ်ဖြည့်ပေးပါ။ – ယားယံပြီး ဗိုက်ကြောပြတ်ချိန်တွင် ရေများများသောက်ပါ။ – ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ stretch marks cream ကို ရွေးသုံးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၃ ရက်) သည် ကုလသမဂ္ဂမှ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည်။ ၎င်းကို ကမ္ဘာတစ်ဝှမ်းတွင် အမျိုးမျိုးသော အောင်မြင်မှုအတိုင်းအတာများဖြင့် ကျင်းပခဲ့သည်။ အဆိုပါနေ့အား ဂုဏ်ပြုသည့်အနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် သုခချမ်းသာများအတွက် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့်

Read More
Leave a comment

World AIDS Day- “Rock the Ribbon.”

HIVဆိုတာ ဘာလဲ? AIDSဆိုတာ ဘာလဲ? HIV(Human Immundeficiency Virus)သည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ AIDS( Acquired Immune Deficiency Syndrome)သည် HIVရောဂါပိုးကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာ ရောဂါကူးစက်နိုင်ပါသလဲ? ➢ ရောဂါပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ် ဆေးထိုးပြွန်များအတူတူသုံးမိခြင်း ➢ ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း ➢

Read More
Leave a comment

အသားအရည် ခြောက်သွေ့တတ်သူများသိကောင်းစရာ

-ရေဓါတ်ဖြည့်တင်းပေးတဲ့ Serum တစ်မျိုးမျိုးကိုသုံးပါ -အစိုဓါတ်အပြည့်အဝပေးနိုင်တဲ့ Moisturizer ရွေးသုံးပါ – Dry Skinအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးသုံးပါ -ပျားရည်(သို့) အုန်းဆီ ပါဝင်သော Mask မျိုးသုံးပါ -ရေနွေးဖြင့်အချိန်ကြာမြင့်စွာ ရေချိုးခြင်းကိုရှောင်ကြဥ်ပါ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty

Read More
Leave a comment

World Prematurity Day

အားလုံးပဲ မင်္ဂလာပါ နို၀င်ဘာ 17 ရက်နေ့က World Prematurity Day နေ့ ဖြစ်သည့်တဲ့ အတွက်ကြောင့် World Prematurity Day နှင့် ကလေးငယ်လေးများစောမွေးဖွားခြင်းအကြောင်း ပတ်သက်၍ မျှ‌ဝေပေးချင်ပါတယ် ။ What is World Prematurity Day? World Prematurity Day ဆိုသည်မှာ မွေးဖွားရန် အရွယ်မတိုင်မီ

Read More
Leave a comment

ဆီးချို၊ သွေးချိုရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ ………..

November 14th , 2022 ရက်နေ့က “World Diabetes Day” ဖြစ်တဲ့အတွက်ကြောင့် ဆီးချို၊သွေးချိုရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်တွင်းသွေးထဲမှာသကြားဓါတ်(ခေါ်)အချိုဓါတ်များပြားလာခြင်း၊အင်ဆူလင်ဟော်မုန်းမထုတ်နိုင်ခြင်း၊ ထုတ်နိုင်သော်လည်းကောင်းမွန်စွာအလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစားဘယ်နှစ်မျိုးရှိပါသလဲ? သာမာန်အားဖြင့်ဆီးချိုရောဂါအမျိုးအစား(၃)မျိုးရှိပါတယ်။ ၁။ အမျိုးအစား(၁) ဆီးချိုရောဂါ – ပန်ကရိယာဂလင်းမှ အင်ဆူလင်ဟော်မုန်း လုံး၀မထုတ်သောကြောင့် ဖြစ်တဲ့ Typeအမျိုးအစားဖြစ်ပါတယ်။ – အမျိုးအစား(၁)

Read More
Leave a comment

အမာရွက်အမဲစက်လျှော့ချပြီး ဝက်ခြံကင်းဝေးစေနိုင်ဖို့………

-မျက်နှာပုံမှန်သစ်ပေးပါ -ဆံပင်ကိုသန့်ရှင်းအောင်ထားပြီး မျက်နှာနှင့်ထိတွေ့မှုမရှိအောင်ထားပါ -အဆီအစိမ့်များလွန်းသော အစာများကိုရှောင်ရှားပါ -နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ -အိမ်ယာခင်းကိုသန့်ရှင်းအောင်ထားပါ -ဝက်ခြံများကိုလက်ဖြင့်ညှစ်ခြင်းမှ ရှောင်ကြဥ်ပါ #LifePlus_BeautyTip #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အဆုတ်ရောင်ရောဂါ (Pneumonia)

အဆုတ်ရောင်ရောဂါဆိုတာ အဆုတ်တစ်ခြမ်း (သို့) နှစ်ဖက်လုံးမှာရှိတဲ့ တစ်ရှူးများ ယောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့်အဆုတ်ရောင်ရောဂါက ဘတ်တီးရီးယားပိုးကြောင့် ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဗိုင်းရပ်ပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ကိုဗစ်ဗိုင်းရပ်ပိုးဖြစ်ပါတယ်) အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ၂၄ နာရီ (သို့) ၄၈ အတွင်းမှာ ပြသနိုင်ပေမယ့် ၎င်းလက္ခဏာများဟာ ရက်အနည်းငယ်ကြာလာတာနဲ့အမျှတဖြည်းဖြည်း ဆိုးရွားလာနိုင်ပါတယ်။ အဆုတ်ရောင်ရောဂါရဲ့ ယေဘုယျလက္ခဏာများက – ချောင်းဆိုးခြင်း –

Read More
Leave a comment

❝အမျိုးသမီး ကျန်းမာရေးနှင့် အဖြူဆင်းခြင်း❞

အမျိုးသမီးမိန်းမကိုယ်ကနေ အဖြူဆင်းတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါပဲ။ အဖြူဆင်းခြင်းက အသက်အရွယ်နဲ့ ရာသီစက်ဝန်းပေါ် မူတည်ပြီး အရောင်၊ အသွေးအသား၊ ပမာဏ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေ အဖြူရောင်မဟုတ်တဲ့ အရည်တွေဆင်းတဲ့အခါမှာ ရောဂါတစ်ခုခု ခံစားနေရပြီလားဆိုပြီး ဒွိဟဖြစ်တတ်ပါတယ်။ ဒီတော့ မိန်းမကိုယ်မှာ အရည်တွေဆင်းနေပြီဆိုရင် သာမန်ကိစ္စရပ်လား ရောဂါပိုးမွှားကြောင့်လား ဆိုတာ အရောင်၊ အနံ့နံခြင်းနဲ့ အပြစ်အကျဲပမာဏကို ကြည့်ပြီး ကျန်းမာရေးဆန်းစစ်ကြည့်နိုင်ပါတယ်။ ရိုးရိုး

Read More
Leave a comment

ပရိုတင်း အလုံအလောက်မရရှိတဲ့အခါ ဖြစ်ပေါ်စေနိုင်သောအကြောင်းအရင်းများ……

– ခြေထောက်များရောင်ဖောခြင်း – စိတ်မကြည်မလင်ခြင်း – အရေခွံကွာခြင်း၊ဆံပင်ကျွတ်ခြင်းနှင့်လက်သည်းပြသာနာများဖြစ်ပေါ်စေခြင်း – မောပန်းနွမ်းနယ်ခြင်း – အစာစားချင်စိတ်မြင့်တက်စေခြင်း – မကြာခဏဖျားနာမှုဖြစ်စေခြင်း #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

ဆောင်းတွင်းမှာ အသားရေ ခြောက်သွေ့ခြင်းမဖြစ်အောင်……..

– Oil or cream based type Cleanser မျိုးသုံးပါ – Cream-gel,Lotion Type Moisturizer ရွေးသုံးပါ – ဆဲလ်အသေတွေဖယ်ရှားပေးဖို့ exfoliate လုပ်ပေးပါ – Sunscreen မဖြစ်မနေလိမ်းပေးပါ – ညဘက်အိပ်တဲ့အခါ Over Night Mask or Sleeping Mask သုံးပါ –

Read More
Leave a comment

Detox သောက်ခြင်းအကျိုးကျေးဇူးများ……..

– ခန္ဓာကိုယ်အတွက် မလိုအပ်သော အဆိပ်အတောက် နဲ့ အဆီပိုကိုလျှော့ချပေးခြင်း။ – ဝမ်းချုပ်တာကိုသက်သာစေခြင်း။ – အသားအရည်ကြည်လင်စေခြင်း။ – အစာချေစနစ်ကိုကောင်းမွန်စေခြင်း။ – စိတ်ဖိစီးမှုကိုလျှော့ချပေးခြင်း။ – အပူအပုတ်ကင်းစင်စေပြီး ကျန်းမာစိုပြေစေခြင်း။ #LifePlus #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အရိုးပွရောဂါဆိုတာ ဘာလဲ?

အရိုးတွေ အားနည်းလာပြီး ကျိုးလွယ် ကြေလွယ်ဖြစ်လာခြင်းကိုအရိုးပွရောဂါလို့ခေါ်ပါတယ်…. အရိုးပွရောဂါကို တစုံတခုကြောင့် အရိုးကျိုးသွားတဲ့အခါမှသာ ရောဂါရှာဖွေတွေ့ရှိတတ်သော်လည်း သက်ကြီးပိုင်းတွေမှာ ကျောရိုးက အရိုးလေးတွေ ကျိုးသွားတာကြောင့် ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ ခါးကုန်းလာခြင်းမျိုးမှာလဲ တွေ့ရှိရတတ်ပါတယ် အရိုးပွ ရောဂါကို အရိုးအားဆေးတွေသောက်သုံးခြင်းဖြင့် ကုသနိုင်ပါတယ် အမျိုးသမီးများမှာ သွေးဆုံးပြီးနောက်ပိုင်း အရိုးလေးတွေ အားနည်းလာတတ်သောကြောင့် အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ် တခြား ဘယ်လိုအချက်တွေကြောင့်

Read More
Leave a comment

အသားအရေခွဲခြားနည်း

မိတ်ကပ်တွေကို သေချာစွာဖျက်ပြီး Cleanser ဖြင့်ညင်သာစွာသန့်စင်ပါ၊ အဝတ်ခြောက်လေးနဲ့ ဖွဖွလေးသုတ်ပြီး ဘာမှမလိမ်းပဲ မိနစ် 30-40လောက်ထားပေးပါ၊ – မျက်နှာသစ်ပြီးသည့်တိုင် အသားအရေက စိုစွတ်ခြင်းမရှိပဲ ခြောက်ခြောက်ကြီးဖြစ်နေပါက Dry Skin – မျက်နှာသစ်ပြီးခဏအကြာမှာပဲ မျက်နှာတပြင်လုံး အဆီပြန်နေပါက Oily skin – T Zone ပဲ အဆီပြန်ပြီး ကျန်တဲ့နေရာခြောက်သွေ့နေပါက combination skin

Read More
Leave a comment

Donation For Khine Hnin Wai ( Yin Khwin Yeik Myone Center)

LifePlus Cares Activity LifePlus Health & Beauty နှင့်ဝန်ထမ်းများမှ LifePlus Cares Activity တစ်ခုအဖြစ် ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာသို့ အလှူငွေနှင့်တကွ diaper၊ နို့မှုန့်၊ ဆန် နှင့် ကလေးသုံးပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့်… ဒါ့အပြင် ကလေးများရဲ့ကျန်းမာရေးအတွက် ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် အရပ်တိုင်းပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်… ဒီထပ်ပိုပြီးတော့လှူဒါန်းနိုင်ဖို့ကိုလဲ LifePlus Team

Read More
Leave a comment

Blood Donation and YGW Nursing Home Center Donation

မြန်မာပြည်၏ ဦးဆောင်ကျန်းမာရေးနှင့် အလှအပဆိုင်ရာစတိုးဆိုင်ဖြစ်သော LifePlus Health & Beauty ၏ ၃ နှစ်ပြည့်အထိမ်းအမှတ် LifePlus Cares Activity အနေဖြင့် LifePlus ဝန်ထမ်းများမှ YGW ဘိုးဘွားရိပ်သာ သို့ သွားရောက်၍ အဘိုးအဘွားများအတွက် တစ်နေ့တာ အာဟာရဒါန နှင့် ရေတွင်းရေစင်မတည်ငွေ အပြင် ဆန် ၊ ခေါက်ဆွဲ ၊

Read More
Leave a comment

ခံတွင်းနံ့ဆိုးခြင်းကိုဘယ်လိုကာကွယ်မလဲ?….

– တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ။ – ဖလိုရိုဒ်ပါသောသွားတိုက်ဆေးသုံးပါ။ – လျှာကိုသန့်ရှင်းရေးလုပ်ပါ။ – အနံ့ပြင်းတဲ့အစားအစာများကိုရှောင်ပါ။ – အစာစားပြီးတိုင်းပလုတ်ကျင်းပါ။ – သွားတိုက်တံပုံမှန်လဲပါ။ – သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးပါ။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

အဆီဖုဖြစ်စေတဲ့အကြောင်းအရင်းများ……..

– မိတ်ကပ်ကိုသေချာပြောင်စင်အောင်မဖျက်ပဲ အိပ်ရာ၀င်ခြင်း။ -double cleansing မလုပ်ခြင်း။ -suncreen မလိမ်းပဲ အပြင်ထွက်ခြင်း။ -ရေသောက်နည်းခြင်း။ -အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများခြင်း။ – ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့်ဖြစ်ခြင်း။ -အိပ်ယာခင်းများကိုသန့်စင်အောင်မထားခြင်း။ – မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်။း #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment

မိန်းမကိုယ်ယားယံခြင်းဖြစ်စေသောအကြောင်းအရင်းများ

မိန်းမကိုယ်ယားယံခြင်းဖြစ်စေသောအကြောင်းအရင်းများ -‌ အပြင်းစား မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်း။ – စိုထိုင်းနေသော အတွင်းခံများကို မီးပူမတိုက်ပဲ ဝတ်ဆင်ခြင်း။ – မှိုပိုးဝင်ခြင်း။ – သွေးဆုံးခံနီးကြောင့်ဖြစ်ခြင်း။ – ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်ခြင်း။ – ဆီးချိုရောဂါကြောင့်ဖြစ်ခြင်း။ – အကာအကွယ်မပါဘဲလိင်ဆက်ဆံခြင်း။ – စိတ်ဖိစီးမှုကြောင့်ဖြစ်ခြင်း။ #LifePlus_BeautyTips #EnrichingHealth #EnhancingBeauty See less

Read More
Leave a comment