Vitamin C လုံလောက်စွာစားသုံးခြင်း၏အကျိုးကျေးဇူးများ Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

Vitamin C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ဗီတာမင် စီ ကို Ascorbic acid လို့လဲလူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓာက အလွယ်တကူစုပ်ယူနိုင်ပြီး Ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ လေ့လာချက်အရ ရေမှာ ပျော်ဝင်နိုင်စွမ်းရှိတဲ့ ဗီတာမင်စီဓာတ်က အလွယ်တကူဖျားနာတာတွေမဖြစ်အောင်၊ ကူးစက်ရောဂါတွေ တွန်းလှန်ပစ်နိုင်အောင် ကူညီပေးတယ်။ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတာကြောင့် အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေနဲ့ ရောဂါပိုးကူးစက်ခံရခြင်းတွေမှလည်း လျှော့နည်းစေပါတယ်။ ဗီတာမင် စီဟာ လူ့ကိုယ်ခန္ဓာမှ တိုက်ရိုက်ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဗီတာမင် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း၊ ဗီတာမင် စီ အားဆေးများသောက်သုံးပေးခြင်းတို့မှသာ ဗီတာမင် စီ ကိုလုံလုံလောက်လောက်ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် စီ ကိုသောက်သုံးပြီး ဆီးကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို အလွယ်တကူစွန့်ထုတ်နိုင်တာဖြစ်တဲ့အတွက် ဗီတာမင် စီ အသောက်များတာကြောင့်ဘေးဖြစ်တယ်ဆိုတာနည်းပါးပါတယ်။

ဗီတာမင် စီ သောက်သုံးတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းကျိုးတွေရရှိစေနိုင်ပါတယ်။ ဗီတာမင် စီ သောက်သုံးခြင်း၏ အကျိုးကျေးဇူးတွေကတော့…
၁- ဓါတ်တိုးဆန့်ကျင်ပမာဏကို မြှင့်တင်ပေးသည့်အတွက် နာတာရှည်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်း။
၂- သွေးပေါင်ချိန် မြင့်တက်မှုကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးခြင်း။
၃- နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပြီး မကောင်းသော သွေးတွင်းကိုလက်စထရောကို လျှော့ချပေးခြင်း။
၄- သွေးထဲမှ ယူရစ်အက်ဆစ် ပမာဏကို လျှော့ချစေနိုင်သောကြောင့် အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။
၅- သံဓါတ်ချို့တဲ့ခြင်းကို ကာကွယ်ပေးခြင်း။
၆- အနာကျက်မြန်စေခြင်းနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။
၇- မှတ်ဉာဏ် ကောင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါသည်။
တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း Vitamin C ကို တစ်ရက်မှာ အများဆုံး 1000 mg ထိသာ သုံးစွဲပေးသင့်ပါတယ်နော်။

Vitamin C လုံလောက်စွာစားသုံးခြင်းသည် ကျန်းမာရေးအတွက်ကောင်းကျိုးရရှိယုံသာမက အလှအပရေးရာအတွက်လဲ ပိုမိုကောင်းမွန်တဲ့အကျိုးကျေးဇူး ရရှိမှာဖြစ်ပါတယ်။  ဗီတာမင် စီ လုံလောက်စွာစားသုံးခြင်းဖြင့် အလှအပရေးရာနဲ့ ပတ်သက်ပြီး ရရှိနိုင်တဲ့အကျိုးကျေးဇူးများကို ပြောပြပေးချင်ပါတယ်။

* ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊

* အသားအရေပေါ်ရှိ အပြစ်အနာအဆာများကို သက်သာပျောက်ကင်းစေခြင်း၊

* ခန္ဓာကိုယ်ရှိ Collagen ထုတ်လုပ်မှုနှုန်းကိုကောင်းစေခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *