မိမိရဲ့လှပတဲ့ ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့အချက်များ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်တတ်ခြင်းသည် ရောဂါ‌ ‌ေ၀ဒနာများကို တားဆီးနိုင်သည့်အပြင် အသက်ရှည်ရှည်နေနိုင်ဖို့အကောင်းဆုံးနည်းလမ်းလဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေနိုင်ရန် လုပ်ဆောင်သင့်သည်များကိုပြောပြပေးချင်ပါတယ်။

– လေကောင်းလေသန့်ကို ရှူရှိုက်ရပါမယ်။

– ရေကောင်းရေသန့်ကို သောက်သုံးရပါမယ်။

– ကျန်းမာစေမယ့် အစားအစာမျိုးကို စားရပါမယ်။

– နေ့စဉ်အိပ်ရေးဝအောင် အိပ်ရပါမယ်။

– ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သင့်ပါတယ်။

– ကိုယ်ခန္ဓာအနေအထား မှန်ကန်အောင် နေထိုင်သင့်ပါတယ်။

– ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းမှန်မှန်လုပ်သင့်ပါတယ်။

– စိတ်ဖိစီးမှုမဖြစ်စေဘဲ ကြည်လင်ရွှင်လန်းစွာ နေသင့်ပါတယ်။

– သန့်ရှင်းစင်ကြယ်စွာနေထိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

– မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ်အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုအသုံးပြုရပါမယ် အစရှိသဖြင့် လိုက်နာရမယ့်နည်းလမ်းများကို လိုက်နာခြင်းအားဖြင့် လှပကျန်းမာတဲ့ ခန္ဓာကိုယ်လေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

တချို့သူတွေသတိမထားမိဘဲ ပြုလုပ်မိတဲ့အပြုအမူလေးတွေက ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အဲ့ဒါကြောင့်မို့လို့ လူသားတိုင်းသိရှိစေရန်အတွက် မိမိရဲ့လှပတဲ့ခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ အချက်များကို ပြောပြပေးချင်ပါတယ်။

(၁)  လုံလောက်သောအိပ်စက်မှုမရရှိခြင်း၊

(၂)   အာဟာရပြည့်၀စွာ စားသုံးမှုမရှိခြင်း၊

(၃)  အပြင်ထွက်တိုင်း နေရောင်ကာ Sunscreen အသုံးမပြုခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *