အားလုံးပဲ မင်္ဂလာပါရှင့်…
Vitamin C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ဗီတာမင် စီ ကို Ascorbic acid လို့လဲလူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓာက အလွယ်တကူစုပ်ယူနိုင်ပြီး Ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ လေ့လာချက်အရ ရေမှာ ပျော်ဝင်နိုင်စွမ်းရှိတဲ့ ဗီတာမင်စီဓာတ်က အလွယ်တကူဖျားနာတာတွေမဖြစ်အောင်၊ ကူးစက်ရောဂါတွေ တွန်းလှန်ပစ်နိုင်အောင် ကူညီပေးတယ်။ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးတာကြောင့် အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေနဲ့ ရောဂါပိုးကူးစက်ခံရခြင်းတွေမှလည်း လျှော့နည်းစေပါတယ်။ ဗီတာမင် စီဟာ လူ့ကိုယ်ခန္ဓာမှ တိုက်ရိုက်ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဗီတာမင် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း၊ ဗီတာမင် စီ အားဆေးများသောက်သုံးပေးခြင်းတို့မှသာ ဗီတာမင် စီ ကိုလုံလုံလောက်လောက်ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် စီ ကိုသောက်သုံးပြီး ဆီးကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို အလွယ်တကူစွန့်ထုတ်နိုင်တာဖြစ်တဲ့အတွက် ဗီတာမင် စီ အသောက်များတာကြောင့်ဘေးဖြစ်တယ်ဆိုတာနည်းပါးပါတယ်။
Vitamin C လုံလောက်စွာစားသုံးခြင်းသည် ကျန်းမာရေးအတွက်ကောင်းကျိုးရရှိယုံသာမက အလှအပရေးရာအတွက်လဲ ပိုမိုကောင်းမွန်တဲ့အကျိုးကျေးဇူး ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် စီ လုံလောက်စွာစားသုံးခြင်းဖြင့် အလှအပရေးရာနဲ့ ပတ်သက်ပြီး ရရှိနိုင်တဲ့အကျိုးကျေးဇူးများကို ပြောပြပေးချင်ပါတယ်။
* ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊
* အသားအရေပေါ်ရှိ အပြစ်အနာအဆာများကို သက်သာပျောက်ကင်းစေခြင်း၊
* ခန္ဓာကိုယ်ရှိ Collagen ထုတ်လုပ်မှုနှုန်းကိုကောင်းစေခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာရရှိစေနိုင်ပါတယ်။