ကိုဗစ်ရောဂါ ခံစားပြီးသူများ သိကောင်းစရာ… Leave a comment

Protein Rich Diet is Very Important for Post Covid Recovery

Covid -19 ရောဂါခံစားပြီးသူတိုင်း၏ ကိုယ်ခန္ဓာသည် ပြင်းထန်ဆိုးရွားသော ကိုဗစ် ဗိုင်းရပ်စ် (Covid Virus) တိုက်ခိုက်မှုဒဏ်ကို ခံစားရသဖြင့် ကိုယ်ခန္ဓာအတွင်း ဆဲလ်များ ပျက်စီးယိုယွင်းသွားပါသည်။ ဆဲလ်များ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ရှူးများ စတင်ရောင်ရမ်းမှု ဖြစ်ပေါ်လာပါသည်။ ထိုကြောင့် ပျက်စီးသွားသောဆဲလ်များကို ပြန်လည်တည်ဆောက်ရန်အတွက် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်သည့် အသားဓာတ် (Protein) သည် အရေးပါလှပါသည်။

အသားဓာတ်ကို ပြည့်စုံစွာစားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြစ်သော သွား၊ အရိုး နှင့် ကြွက်သားတို့ ဖွဲ့စည်းတည်ဆောက်ရာတွင်လည်းကောင်း၊ Covid ဖြစ်ပြီးနောက် ကိုယ်ခန္ဓာအတွင်း ယိုယွင်းပျက်စီးသွားသည့် ဆဲလ်နှင့် တစ်ရှူးများ အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ရာတွင်လည်းကောင်း၊ ယင်းအသားဓာတ်ကို အကျိုးရှိစွာ အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် Covid -19 ရောဂါခံစားပြီးသူတိုင်း အသားဓာတ်ကို ပြည့်စုံကြွယ်ဝစွာ စားသောက်ပေးသင့်ပါသည်။

အသားဓာတ်လိုအပ်မှုမှာ ကိုယ်ခန္ဓာအလေးချိန်ပေါ်မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ကွဲပြားလျက်ရှိသည်။ ပျမ်းမျှအားဖြင့်ဆိုရသော် လူတစ်ဦးတစ်နေ့တာလိုအပ်သော အသားဓာတ်သည် ၅၀-၆၅ ဂရမ် ဖြစ်ပါသည်။ အမျိုးသားများအတွက်ပျမ်းမျှအားဖြင့် တစ်နေ့တာအသားဓာတ်လိုအပ်မှုမှာ ၆၀ ဂရမ် နှင့် အမျိုးသမီးများအတွက်ပျမ်းမျှအားဖြင့် တစ်နေ့တာအသားဓာတ်လိုအပ်မှုမှာ ၅၀ ဂရမ် ဖြစ်သည်။

အသားဓာတ် ကြွယ်ဝစွာပါဝင်သော အစားအသောက်များမှာ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ အစေ့အဆံများနှင့် ပင်လယ်စာအမျိုးမျိုးတို့ ဖြစ်သည်။ ယခုအခါတွင် အသားဓာတ်ဖြည့်စွက်အစာများလည်း (Protein Supplements) လွယ်လင့်တကူဝယ်ယူရရှိနိုင်ပေသည်။ အသားဓာတ်ဖြည့်စွက်အစာများဖြစ်သော (ဥပမာ- Ensure Gold, Glucerna, Glucomeal,  Diabetasol,  Neomune) စသည့်အာဟာရဖြည့်စွက် အမှုန့်များကိုလည်း ရန်ကုန်နှင့် မန္တလေးရှိ LifePlus Health & Beauty ဆိုင်ခွဲတိုင်းတွင် ရောင်းချပေးလျက်ရှိပြီး လျင်မြန်လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါသည်။

#LifePlus_HealthTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *