ခုခံအားကျဆင်း ရောဂါ (HIV ပိုး) ဟာ ဘယ်လိုကူးစက်နိုင်ပါသလဲ? Leave a comment

End Inequalities. End AIDS. End Pandemics! နှစ်စဉ် December 1st ရက်နေ့သည် ကမ္ဘာ့ AIDS ရောဂါကာကွယ်ရေးနေ့ “World AIDS Day” ဖြစ်ပါသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS နဲ့ပတ်သက်ပြီးသိမှတ်စရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

HIV ဆိုတာ ဘာလဲ?
AIDS ဆိုတာ ဘာလဲ?

HIV (Human Immundeficiency Virus) သည်ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။

AIDS (Acquired Immune Deficiency Syndrome)သည် HIVရောဂါပိုးကြောင့်ဖြစ်သော ခုခံအားကျဆင်းသောရောဂါ ဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ ရောဂါကူးစက်နိုင်ပါသလဲ?
➢ ရောဂါပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ် ဆေးထိုးပြွန်များအတူတူသုံးမိခြင်း၊
➢ ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊
➢ ရောဂါပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊
➢ ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း၊

ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း?
➢ ဆေးထိုးအပ်, သွားတိုက်တံ, ဓား နှင့် အခြား ချွန်ထက်သော အရာများအား အတူရောသုံးခြင်းမှ ရှောင်ကျဉ်တာ၊
➢ လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုတာ၊
➢ ရောဂါပိုးရှိသူ၏ သွေးများထိတွေ့ခြင်း၊ သွေးသွင်းခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

AIDSရောဂါကို ပျောက်ကင်းအောင် အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးများ ယခုတိုင်မရှိသေးပါ။ သို့ပေမဲ့ ရောဂါကိုထိန်းချုပ်တဲ့ ဆေးနဲ့ ၊ တစ်ခြားရောဂါပိုးများ ဝင်ရောက်ခြင်းမရှိအောင်သောက်ရသော ကာကွယ်ဆေး၊ ရောဂါပိုး အရေအတွက် လျော့ချပေးတဲ့ ဆေးအသုံးပြုတာ စတဲ့ နည်းလမ်းများဖြင့်သာ ရောဂါကို သက်သာအောင်ကုသနိုင်ပါတယ်။

HIVရောဂါပိုးရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်ပင် သိရှိနိုင်ပါတယ်။ HIVရောဂါပိုးရှိနေခြင်းကို စောစီးစွာ မသိရှိခြင်းနှင့် ရောဂါကို သေချာမကုသပါက AIDS ရောဂါသို့ကူးပြောင်းသွားနိုင်ပြီး ခုခံအားစနစ်ကျဆင်းကာ နောက်ဆက်တွဲပြဿနာများ (ဥပမာ- တီဘီရောဂါ၊ နမိုးနီးယားရောဂါ၊ ကင်ဆာနှင့် တခြားသောရောဂါပိုးများဝင်ရောက်ခြင်းများ) ရှိလာနိုင်သည့်အပြင် အသက်ရှင်သန်နိုင်သည့် သက်တမ်းတိုသွားနိုင်ပါတယ်။

HIV ရောဂါပိုးကို ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါကိုစောစီးစွာသိရှိနိုင်ပြီး စောစီးစွာကုသမှုခံယူပြီး ဂရုစိုက်နေထိုင်ခြင်းဖြင့် တခြားသူများကို ထပ်မံမကူးစက်နိုင်တော့သည့်အပြင် မိမိပုံမှန်သက်တမ်းအတိုင်း နေထိုင်သွားနိုင်မည်ဖြစ်ပါတယ်။ ထို့အတူ ရောဂါကို စောစီးစွာသိရှိခြင်းဖြင့် မိခင်မှကလေးသို့ ရောဂါကူးစက်နိုင်မှုကိုထိန်းချုပ်နိုင်ပြီး ကျန်းမာပျော်ရွှင်သောကလေးငယ်များကို မွေးဖွားနိုင်ပါတယ်။

မြန်မာနိုင်ငံတွင် HIV ပိုးရှိ/မရှိ အခမဲ့သွေးစစ်ခြင်းနှင့်အေအာတီဆေး အခမဲ့ပေးခြင်း နှင့် HIV / AIDS ကုသရေးများအတွက် အခမဲ့ဝန်ဆောင်မှုများ ရယူနိုင်တဲ့နေရာများကတော့???

– တိုင်းဒေသကြီး နှင့် မြို့နယ်များ ရှိ သက်ဆိုင်ရာဆေးရုံများ နှင့် ကျန်းမာရေး ဌာနများ။
– ခုခံကျ/ကာလရောဂါ တိုက်ဖျက်ရေးဌာနများ။
– Top Center Myanmar။
– Pyi Gyi Khin – HIV အရေး ခင့် ကိုမေး။
– Medical Action Myanmar – Prevent Yangon တို့ပဲဖြစ်ပါတယ်။

HIV/AIDS ရောဂါသည် ကူးစက်တတ်သောရောဂါဖြစ်သော်လည်း ရောဂါကူးစက်ခံနေရသောသူများကို ကူညီဖေးမပြီး ရောဂါအသိပညာ၊ဗဟုသုတများကိုမျှဝေကာ HIV, AIDS ရောဂါကိုအတူတကွ တွန်းလှန်ကြပါစို့။

#LifePlus_HealthTips
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *