သက်ရှည်ကျန်းမာ အဆုတ်ကျန်းမာရေး (၇)ဖြာ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

နှာခေါင်းမှရှူသွင်း၍ ဝင်လာသော အောက်ဆီဂျင်ကို အဆုတ်က လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ဖြန့်ဝေပေးသောတာဝန်ကို ၂၄ နာရီပတ်လုံး အဆုတ်ကလုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် အဆုတ်သည် အသက်ရှူလမ်းကြောင်းစနစ်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သလို  ခန္ဓာကိုယ်ကြီးတစ်ခုလုံးအတွက်  မရှိမဖြစ်အင်္ဂါလဲဖြစ်ပါတယ်။ သက်ရှိလူသားတစ်ယောက်သည် ရက်သတ္တပတ်အတန်ကြာ အစာမစားဘဲ ရက်အနည်းငယ်ကြာ ရေမသောက်ဘဲအသက်ရှင်နေနိုင်သော်လည်း အောက်ဆီဂျင် ပြတ်လပ်သွားပါက အသက်ဆုံးရှုံးနိုင်ပါသည်။

အဆုတ်ကျန်းမာရေးကောင်းမွန်စေဖို့ အဓိကစားသုံးပေးသင့်တဲ့အစားအစာကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ စားသုံးသင့်ပါတယ်။ အဲဒီအစားအစာတွေဟာ အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး နာတာရှည် အဆုတ်ရောင်ရောဂါ (COPD) လို နာတာရှည်အဆုတ်ရောဂါမျိုးဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ အဆုတ်ကျန်းမာရေးကို ဂရုမစိုက်ဘဲနေထိုင်မိပါက ကိုယ်ခန္ဓာမှအောက်ဆီဂျင် လုံလုံလောက်လောက်မရရှိတာတွေဖြစ်တတ်ပြီး ကိုယ်ခန္ဓာအတွက် ထိခိုက်စေတဲ့ဆိုးကျိုးများ ဖြစ်ပေါ် စေနိုင်ပါသည်။

အသက်ရှင်ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အသက်ရှူခြင်းဆိုင်ရာလုပ်ငန်းစဉ်ကို စက္ကန့်နဲ့အမျှလုပ်ဆောင်ပေးနေတဲ့ အဆုတ်ဟာခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။ အဆုတ်ကို ခန္ဓာကိုယ်အတွင်းမှာ နံရိုးများနဲ့ကာကွယ်ပေးထားတာကြောင့် အလွယ်တကူထိခိုက်မှု မခံရနိုင်ပေမယ့် နေ့စဉ်နေထိုင် စားသောက်မှုပုံစံ မမှန်ကန်ခြင်းကြောင့် အဆုတ်ကိုအန္တရာယ်ကျရောက်စေနိုင်ပါတယ်။ အဆုတ်ကျန်းမာ‌ရေးအတွက်‌ အသက်ရှင်ကျန်းမာစွာနေထိုင်နိုင်ဖို့ရာ အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

(၂) သန့်ရှင်းသောလေကို ရှုရှိုက်ပေးပါ။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

(၄) ရောဂါကူးစက်မှုကို တားဆီးပါ။

(၅) အစားအသောက် ပုံမှန်စားပါ။

(၆) ရေများများ သောက်ပါ။

(၇) လက်ကိုသေချာ ဆေးကြောပါ စသဖြင့်လုပ်ဆောင်သင့်တဲ့အချက်များကို လိုက်နာရန်လိုအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *