World Red Cross Day Leave a comment

World Red Cross Day ဆိုတာ ဘာလဲ???
ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်း ဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုနည်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီကာကွယ် စောင့်ရှောက်ရန်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း၊ လူမှုရေး လှုပ်ရှားမှုအဖွဲ့အစည်းကြီးသည် နိုင်ငံတကာဆိုင်ရာလူသားခြင်း စာနာသောအားဖြင့် လှုပ်ရှားမှုပြုလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင်ပေါင်း ၉၇ သန်းဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့အစည်းအား လူသားတို့၏ ဘဝနှင့်ကျန်းမာရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သက်ရှိလူသားတို့အတွက် ပိုမိုသေချာသောလေးစားမှု၊ ဝေဒနာခံစားနေရသော ဒုက္ခများမှ ကာကွယ်တားဆီးပေးရန်တို့အတွက် အသားအရောင်၊ အသက်အရွယ်၊ အဖိုအမ၊ လူမျိုးနှင့် ဘာသာရေး၊ အဆင့်အတန်း စသည်တို့အား ခွဲခြားခြင်းမရှိသည့် အခြေခံအခြေအနေများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။ လူသားများ ကြုံခဲ့ရသည့်ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ကြက်ခြေနီများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို အားလုံးသိပြီးဖြစ်ပါသည်။ မိမိအသက်ကို ပဓာနမထားဘဲ မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ လုပ်ရပ်များကလည်း သမိုင်းမှတ်တမ်းတွင် အထင်အရှားဖြစ်သည်။
ကြက်ခြေနီနေ့ အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းမှာ ထိုနေ့သည် ဟင်နရီဒူးနန့်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကြက်ခြေနီအဖွဲ့ကြီး ဖြစ်ပေါ်လာအောင် စတင်အုတ်မြစ်ချ တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ထူးဖြစ်သည်။ ထို့ကြောင့်ပင် သူ၏မွေးနေ့ဖြစ်သည့် မေလ ၈ ရက်နေ့တွင် ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်။ စမ်းချောင်းမြို့နယ်အတွင်း အရေးပေါ်ဆက်သွယ်ရန်အတွက် ကြက်ခြေနီအသင်း Phone no များကိုမျှဝေပေးချင်ပါတယ်။
09420056293 , 09422447577 , 09791674813

Leave a Reply

Your email address will not be published. Required fields are marked *