ဘယ်သူတွေမှာ ငှက်ဖျားဖြစ်နိုင်သလဲ? Leave a comment

နှစ်စဉ် April 25 ရက်နေ့ကတော့ ကမ္ဘာ့ငှက်ဖျားရောဂါကာကွယ်ရေး (“World Malaria Day”) နေ့ဖြစ်ပါတယ်။ လူသားတိုင်းသိထားသင့်တဲ့ ငှက်ဖျားရောဂါနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေကိုမျှဝေပေးချင်ပါတယ်။
ငှက်ဖျားရောဂါသည် ရောဂါပိုးကိုသယ်ဆောင်ထားတဲ့ ခြင်ကနေတဆင့် လူတွေဆီကို ကူးစက်တဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ လူတွေမှာငှက်ဖျား ရောဂါပိုးဖြစ်စေနိုင်တဲ့ ကပ်ပါးပိုး မျိုးစိတ် (၅) မျိုးရှိပါတယ်။ ခြင်ကကိုက်လိုက်တဲ့အခါ ငှက်ဖျားရောဂါပိုးဖြစ်စေတဲ့ ကပ်ပါးပိုး Plasmodium ကသွေးကြောတွေထဲကို ရောက်ရှိသွားပြီး ရောဂါဖြစ်ပွားစတင် ကူးစက်တာဖြစ်ပါတယ်။ ရောဂါပိုးကခန္ဓာကိုယ်ထဲကို ရောက်ရှိသွားချိန်မှာတော့ အသည်းကိုရောက်ရှိသွားပြီး ရှင်သန်ဖို့လုပ်ဆောင်ပါတယ်။ ရက်အတော်ကြာတဲ့အခါမှာတော့ ရောဂါပိုးကသွေးကြောတွေထဲကို စတင်ရောက်ရှိပြီး သွေးနီဥဆဲလ်တွေကို စတင်ကူးစက်ပါတော့တယ်။ ငှက်ဖျားရောဂါပိုးကအပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်မှာ ရှင်သန်ပေါက်ဖွားနိုင်ပါတယ်။
ဘယ်သူတွေမှာ ငှက်ဖျားဖြစ်နိုင်သလဲ?
* အသက် ၅ နှစ်အောက်ကလေးငယ်တွေ၊
* ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊
* HIV/AIDSရောဂါခံစားနေရသူတွေမှာ ငှက်ဖျားရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။
သိထားသင့်တဲ့အချက်တွေက?
အိပ်စက်ချိန်မှာ ခြင်ကိုက်မခံရအောင် ခြင်ကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဒါကြောင့်ညဘက်အိပ်စက်ချိန်မှာပဲဖြစ်ဖြစ် နေ့လည်နေ့ခင်းအိပ်စက်ချိန်မှာပဲဖြစ်ဖြစ် ခြင်ကိုက်မခံရအောင်အိပ်စက်ချိန်တိုင်းမှာ ခြင်ထောင်ကိုအသုံးပြုပြီး အနားယူသင့်ပါသည်။
ရေဝပ်နိုင်တဲ့နေရာတွေ- ရေဝပ်နိုင်တဲ့နေရာတွေမှာ ခြင်တွေအလွယ်တကူပေါက်ဖွားနိုင်တာကြောင့် ရေဝပ်နိုင်တဲ့အရာတွေကို တတ်နိုင်သမျှ ရှင်းလင်းထားသင့်ပါတယ်။
ခြင်နိုင်ဆေးသုံးပါ- ညနေခင်းနဲ့ ညအချိန်တွေမှာ ခြင်နိုင်ဆေးကို အသုံးပြုဖို့မမေ့ပါနဲ့။
လုံခြုံအောင်ဝတ်ဆင်ပါ– ခြင်ကိုက်ခံရတာကြောင့် ငှက်ဖျားဖြစ်တာဆိုတော့ ငှက်ဖျားမဖြစ်အောင် အရင်ဆုံးလုပ်ရမှာကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့ပါ။ ဒါကြောင့်ညနေခင်းနဲ့ ညအချိန်တွေမှာ အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင်ကာကွယ်ပါ။
ငှက်ဖျားရောဂါ ကာကွယ်ဆေးသောက်သုံးပါ– ငှက်ဖျားရောဂါကို ကာကွယ်နိုင်တဲ့ဆေးဝါးတွေ ရှိနေပြီဖြစ်တာကြောင့် ငှက်ဖျားရောဂါကိုကြိုတင် ကာကွယ်ချင်သူတွေအနေနဲ့ ငှက်ဖျားရောဂါကာကွယ်ဆေးကလည်း ထည့်သွင်းစဉ်းစားဖို့လိုမယ့် အချက်တစ်ချက်ဖြစ်လာပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ငှက်ဖျားရောဂါကာကွယ်ဆေးကို သောက်သုံးပေးလို့ရပါတယ်။
ဒီအချက်တွေကြောင့်ငှက်ဖျားဖြစ်နိုင်ပါတယ်?
* ရောဂါပိုးရှိတဲ့နေရာမှာ နေထိုင်တာ။
* ရောဂါပိုးရှိတဲ့နေရာကို သွားရောက်တာ။
* ငှက်ဖျားကာကွယ်ဆေး ကြိုတင်သောက်သုံးမှုမရှိတာ။
* ညနေပိုင်းတွေမှာ ခြင်ကိုက်နိုင်တဲ့နေရာတွေ ဖြစ်တဲ့နေအိမ်ပြင်ပ၊ ဖုန်တွေနဲ့အမှိုက်သရိုက်တွေ ပေါတဲ့နေရာတွေမှာနေထိုင်တာ။
* ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာမျိုး မရှိတာတွေကြောင့် ဖြစ်ပါတယ်။
**ပိုမိုကျန်းမာအလှတိုးမှာ LifePlus မှာ ဈေးဝယ်ပါ**

Leave a Reply

Your email address will not be published. Required fields are marked *