Roll-On အသုံးပြုပုံ နည်းလမ်းများ… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

ဒီနိုင်ငံရဲ့ရာသီဉတုက ပူလည်းပိုပူပြီး ချွေးထွက်လည်းများကြတဲ့အတွက် ချိုင်းချွေးနံ့ပျောက်ဆေးတွေကို အမျိုးသားတွေရော အမျိုးသမီးတွေပါ အသုံးများကြပါတယ်။ တချို့တွေကတော့ ချွေးနံ့ပြင်းလွန်းလို့သုံးတာဖြစ်ပေမယ့် တချို့တွေကတော့ ချိုင်းသားဖြူဖို့အတွက် အသုံးပြုကြပါတယ်။ Roll-On နဲ့မတည့်တဲ့သူတွေအတွက်ကျတော့ ဒီလို ချွေးနံ့ပျောက်ဆေးတွေဟာ လိမ်းပြီးချိန်မှာယားယံတာမျိုး၊ ချိုင်းသားပိုမည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ Roll-On လို့ဆိုလိုက်တာနဲ့ ချိုင်းချွေးနံ့မထွက်အောင် လိမ်းကြတယ်လို့ပဲလူအများစုကသိရှိထားကြပါတယ်။ တကယ်တော့ Roll-On မှာ Antiperspirants နဲ့ Deodorants ဆိုပြီး နှစ်မျိုးရှိနေပါတယ်။

  • Antiperspirants တွေက ချွေးထွက်နည်းအောင် လုပ်ပေးတာ ဖြစ်ပြီး Deodorants က ချွေးနံ့ပျောက်အောင် လုပ်ပေးတာဖြစ်ပါတယ်။
  • Antiperspirants တွေမှာ ပါဝင်တဲ့ ဆားဓာတ်က ချွေးထုတ်တဲ့ ဂလင်းတွေမှာရှိတဲ့ ပရိုတင်းတစ်မျိုးနဲ့ ပေါင်းပြီး အလွှာလေးတစ်ခုဖြစ်စေကာ ချွေးထွက်တာကို လျော့နည်းစေပါတယ်။
  • Deodorants တွေမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကတော့အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို သေစေကာ ချွေးနံ့ကို လျော့ချပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် Deodorants တွေကချွေးထွက်တဲ့ပမာဏကို လျော့ချမပေးနိုင်သလို ချိုင်းကိုလည်း ခြောက်သွေ့စေမှာ မဟုတ်ပါဘူး။

ဒီနေ့မှာတော့အကျီမှာအစွန်းရာမထင်အောင် Roll-On ကိုဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) Roll-On ကိုအများကြီးအသုံးမပြုပါနဲ့။

(၂)  Roll-On ကမိမိအသားအရေပေါ်မှာ ခြောက်သွေ့ပြီးမှသာ အကျီကို၀တ်ဆင်ပါ။

(၃) အကျီမှာ အစွန်းအထင်းဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်တဲ့ Roll-On အမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုပါ။

Leave a Reply

Your email address will not be published. Required fields are marked *