L-arginine Supplement အကြောင်း Leave a comment

 ဒီနေ့တော့ အမျိုးသားတွေအတွက် ဖြည့်စွက်စာတွေမှာ တွေ့ရလေ့ရှိတဲ့ L-arginine ဆိုတဲ့ Supplement တစ်မျိုးအကြောင်းကို ပြောပြပေးသွားပါမယ်။

L-arginine ဆိုတာက ခန္ဓာကိုယ်က Protein ထုတ်လုပ်ရာမှာ ကူညီပေးတဲ့ Amino acid တစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က သူလိုအပ်တဲ့ L-arginine ပမာဏကို ကိုယ်တိုင်ထုတ်လေ့ရှိပါတယ်။ ငါး၊ အနီရောင်အသား၊ ပဲ၊ နို့ထွက်ပစ္စည်း၊ ပဲပိစပ် အစရှိတဲ့ အစားအစာတွေမှာလည်း L-arginine ကိုတွေ့ရလေ့ရှိပါတယ်။

L-arginine က ခန္ဓာကိုယ်ပေါ်မှာ Vasodilator လို့ခေါ်တဲ့ သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့်မို့ နှလုံးရောဂါတစ်ချို့နဲ့ Erectile dysfunction လို့ခေါ်တဲ့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သွေးကြောဆိုင်ရာ အားနည်းတဲ့ ရောဂါတစ်ချို့မှာ Supplement အနေနဲ့ သုံးလေ့ရှိပါတယ်။

Angina & Chest pain (ရင်ဘတ်အောင့်ဝေဒနာ) တွေမှာရောဂါလက္ခဏာကို သက်သာစေပြီးတော့ Quality of live ကို တိုးတက်စေပါတယ်။ Calcium စုပ်ယူမှုကို အားပေးတဲ့အတွက် အချို့အရပ်ရှည်ဆေး Supplement တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ Immune system ကို ပိုကောင်းအောင် လုပ်ဆောင်ပေးပြီး ကျန်းမာကြံ့ခိုင် ဖျတ်လတ်စေနိုင်ပါတယ်။ L-arginine ရဲ့ side effects ‌တွေကတော့တစ်ခါတစ်ရံမှာ တွေ့ရလေ့ရှိတတ်ပါတယ်။

ခေါင်းကိုက်တာ၊ လေပွတာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ Asthma သမားတွေမှာ ရောဂါကိုပိုဆိုးစေတာတွေ (Asthma patient တွေဆို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသောက်သင့်ပါတယ်) ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ L-arginine ပမာဏတွေ အရမ်းများနေမယ်ဆိုရင်တော့ Cold sore နဲ့ Genital herpes patients (ရေယုံရောဂါတစ်ချို့) တွေမှာ ပိုဆိုးစေတာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

Ref: www.snapsupplements.com

#AungmyoNaing_Pharmacist
#LifePlus_MenHealth
#EnrichingHealth
#EnhancingBeauty

Leave a Reply

Your email address will not be published. Required fields are marked *