Antivirals အကြောင်းသိကောင်းစရာ Leave a comment

Antiviral ဆိုသည်မှာ ခန္ဓာကိုယ်ထဲဝင်ရောက်လာသော Viruses များကိုတိုက်ထုတ်ဖို့ ကူညီသည့် ဆေးတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးကူးစက်ခြင်းကြောင့် ခံစားရသောဝေဒနာတွေကို သက်သာစေပြီး ကူးစက်ခံရချိန်ကို လျှော့ချပေးပါသည်။ တစ်ဦးနှင့်တစ်ဦး ကူးစက်မှုနှုန်းကိုလည်း လျော့နည်းစေပါသည်။
Antivirals ဆေးဝါးများဖြင့် ကုသရန်လိုအပ်သော ရောဂါအခြေအနေများ???
(၁) ရောဂါပိုးကြောင့် နာတာရှည်ရောဂါခံစားနေရသူများ၊
(၂)  ရောဂါပိုးကူးစက်လျှင် အသက်ဆုံးရှုံးနိုင်သူများ၊   အစရှိသဖြင့် လိုအပ်ပါတယ်။
Virus ကြောင့်ဖြစ်သော ရောဂါအမျိုးအစားများ???
1.  Covid 19 ၊
2. ရာသီတုပ်ကွေး ၊
3. HIV ၊
4. အသည်းရောင် အသားဝါ B ပိုးနှင့် C ပိုး   စသည်တို့ ဖြစ်တတ်ပါတယ်။
ဆေးလိုအပ်ပုံ???
– ဆေးသောက်ရမည့် ကာလသည် ဆေးနှင့်ကူးစက်ခံရသည့် ရောဂါပိုးအပေါ်မူတည်ပြီး ကွဲပြားပါသည်။
– ရောဂါအခြေအနေ ပေါ်မူတည်ပြီး ထိုးဆေးပေးရသလို သောက်ဆေးနှင့်လည်း ကုသနိုင်ပါသည်။
ဆေးယဉ်ပါးခြင်း ( Antiviral Resistance)???
– သောက်ရမည့် ဆေးအကြိမ်ရေ မေ့ခြင်း၊ ရုတ်တရက် ဆေးဖြတ်လိုက်ခြင်း။
– မလိုအပ်ပဲ ရေရှည်ဆွဲသောက်ခြင်းတို့ကြောင့် ပိုးကဆေးကို ယဉ်ပါးပြီး ဆေးအာနိသင်မရတော့ခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် Antivirals ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သုံးစွဲရမည်ဖြစ်ပါသည်။
ရရှိနိုင်သော ဆေးပုံစံများ???
• မျက်စဉ်းရည်၊
• ထိုးဆေး၊
•သောက်ဆေး၊
• လိမ်းဆေး  တို့ပါ၀င်ပါသည်။
ယခုအခါ Corona virus ကြောင့်ဖြစ်သော Covid 19 အတွက် အသုံးများတဲ့ Remdesivir နှင့် Favipiravir ဆေးများကို LifePlus Health & Beauty ဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။ Cold chain ဆေးများကို ရေခဲသေတ္တာဖြင့် 2-8’C တွင်စနစ်တကျ သိမ်းဆည်း၍ ရောင်းချပေးနေပါသည်။ ရရှိနိုင်သော ဆေးများကတော့???
– Remdesivir Liquid Vial Injection,
– Remdesivir Injection in Powder Type,
– Favipiravir 200/ 400 mg Tablets,
Remdesivir နှင့် Favipiravir လိုအပ်သော အခြေအနေများ???
– အသက် ၁၈ နှစ်နှင့်အထက် Covid-19 ကြောင့်ဆေးရုံတက်နေရသူများ၊
– အခန်းတွင်းလေနှင့် Oxygen ပမာဏ 93% အောက်ရောက်နေသူများ၊
– Oxygen concentrator ရှူနေရသူများ၊
– ၁၀ ရက်ကျော်ထိ ဝေဒနာခံစားနေရသူများ  ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲရပါမည်။
အကျိုးကျေးဇူးများ???
– အချိန်တိုအတွင်း သက်သာခြင်း၊
– အသက်ရှင်နှုန်း ပိုများခြင်း၊
– Oxygen ရှုရာတွင် အထောက်အကူပြုခြင်း၊
– ဆေးကုသရာတွင် အထောက်အကူပြု၍ ဆေးရုံအမြန်ဆင်းနိုင်ခြင်း၊
တစ်ဦးနှင့်တစ်ဦးလိုအပ်ပုံမတူသဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ ဝယ်ယူအသုံးပြုရပါမည်။  Antivirals ကိုဆရာဝန်ဆေးစာနှင့်သာ ဝယ်ယူရရှိနိုင်ပါသည်။ ဆေးဝါးနှင့်ပတ်သက်၍ အကြံဉာဏ်များတောင်းယူလိုပါက ဆိုင်ရှိ ဆေးဝါးပညာရှင်များထံတွင် မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *