ဘာကြောင့် သွားကိုက်ရတာလဲ? Leave a comment

နှစ်စဉ် ဖေဖော်ဝါရီလ ၉ ရက်နေ့ဟာ  ကမ္ဘာ့သွားကျန်းမာရေးနေ့ (“World National Toothache Day”) ဖြစ်ပါတယ်။ အဲဒါကြောင့် သွားနှင့်ခံတွင်းဆိုင်ရာပြသာနာကို အသိပညာပေးထားပြီး မိမိနှင့်ပတ်ဝန်းကျင်မှ လူများအားလုံး သွားကိုက်ခြင်းဝေဒနာမှ ကင်းဝေးစေရန်နှင့် ခံတွင်းကျန်းမာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် သွားကိုက်ခြင်းနဲ့ သက်ဆိုင်သော အကြောင်းအရာကို မျှဝေပေးလိုက်ရပါတယ်။
ဘာကြောင့် သွားကိုက်ရတာလဲ?
နေ့စဉ်စားသုံးနေတဲ့ အစားအစာ အကြွင်းအကျန်အချို့ဟာ မိမိတို့သွားတစ်ချောင်းနှင့် တစ်ချောင်းကြား ပျော့ပျောင်းသည့် အာရုံကြောတစ်သျှူး၊ သွေးကြောများနဲ့ပြည့်နေတဲ့ သွားဖုံးကြားထဲ တို့တွင်ကပ်တတ်သောကြောင့် သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတတ်ပါသည်။ ထိုမှတစ်ဆင့် သွားတွင်အပေါက်ဖြစ်ကာ ဘက်တီးရီးယားပိုးဝင်ပြီး သွားများအက်ကွဲခြင်း၊ သွားနာခြင်း၊ သွားကိုက်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ သွားပိုးစားခြင်းဆိုသည်မှာ သွားမျက်နှာပြင်ပေါ်တွင် စုပြုံနေသော အစာအညစ်အကြေးများကို ဘက်တီးရီးယားများအချဉ်ဖောက်ခြင်းဖြင့် အက်ဆစ်ထုတ်လုပ်ခြင်းကြောင့် သွားပိုးစားခြင်းကိုဖြစ်ပေါ်စေတတ်ပါသည်။ သွားကိုက်ခြင်းသည် အခြားရောဂါဝေဒနာများနှင့် မတူပါ။ သွားကိုက်ခြင်း၏ ပြင်းထန်မှုမှာ အပျော့စားမသက်မသာဖြစ်ခြင်းမှ နာတာရှည် သို့မဟုတ် ကြိုကြားကြိုကြား ခံစားရနိုင်သည့် ပြင်းထန်သော နာကျင်ကိုက်ခဲခြင်းအထိ ဖြစ်နိုင်သည်။ အစားအစာများအား သွားကိုက်စဉ်တွင် မြန်မြန်ကြိတ်ဝါးခြင်း၊ ပူခြင်း သို့မဟုတ် အေးသောအပူချိန်ကြောင့် သွားကိုက်ခြင်း၏ နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။
– သွားကိုက်ရခြင်း အဓိက အကြောင်းအရင်းများမှာ ဘက်တီးရီးယားပိုးကြောင့် သွားပိုးစားခြင်း၊ သွားကျိုးခြင်း။
– ပီကေစသည့် သွားလှုပ်ရှားမှု၊ သွားဖုံးလှုပ်ရှားမှုများသည့် အကြောင်းအရာများ ထပ်တလဲလဲ ပြုလုပ်ခြင်းကြောင့်လည်း သွားများကို ပျက်စီးစေခြင်း။
– သွားနုတ်ခြင်း။
– ခံတွင်းမှ အနံ့ဆိုးများထွက်ခြင်း။
သွားကိုက်ခြင်းကို ဘယ်လိုကုမလဲ?
သွားကိုက်ခြင်းကို ယာယီသက်သာစေရန် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။
– ရေနွေးဖြင့် ဆေးကြောပါ။ ပလုတ်ကျင်းပါ။ ရေငန်သည် သင့်သွားများကြားရှိ အညစ်အကြေးများကို ပြေလျော့စေပြီး ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်ကာ ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပါသည်။ ဆားလက်ရည်ဇွန်းတစ်ဝက်လောက်ကို ရေနွေးနွေးတစ်ခွက်ထဲကို ရောမွှေပြီးပါးစပ်ကို ဆေးကြောသန့်စင်ပေးပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (၃%) ဖြင့် ဆေးကြောပါ။ အချိုးကျရေဖြင့် ဖျော်စပ်ပြီး သေချာစွာဆေးကြောပါ။ မျိုမချပါနဲ့။
– ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းအတွက် နာကျင်သောနေရာကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားသော ရေခဲတုံးကို မိနစ် (၂၀) ခန့်ကြာအောင် ဖိထားပါ။ နာရီအနည်းငယ် ကြာတိုင်းပြန်လုပ်ပါ။
– အကိုက်အခဲပျောက်ဆေးများသည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချနိုင်ပါသည်။ အက်စ်ပရင် Aspirin, Ibuprofen, Naproxen ကဲ့သို့သော NSAIDS များကိုသောက်နိုင်ပါသည်။ NSAIDS များကို မသောက်ချင်ပါက Acetaminophen ကို သောက်နိုင်ပါသည်။ အသက် ၁၆ နှစ်အောက် ကလေးများအား အက်စပရင် (Aspirin) မပေးရပါ။ အဲ့အစား Tylenol (Acetaminophen) ကိုသောက်နိုင်ပါသည်။
– Clove oil (လေးညှင်းဆီ)၊ Peppermint ta, Garlic oil တို့ကလည်း သွားကိုက်ခြင်းကို ယာယီသက်သာစေပါသည်။ လေးညှင်းဆီ တစ်စက်ကို ရေဖန်ခွက်သေးသေးလေးထဲ ထည့်ပြီးပါးစပ်ကို သေချာဆေးကြောပါ။ ဒါမှမဟုတ် လေးညှင်းဆီအနည်းငယ်ကို ဂွမ်းလုံးတစ်လုံးပေါ်လိမ်းပြီး နာကျင်သောနေရာကို လိမ်းပေးပါ။
သွားကိုက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ?
– သွးကိုက်ခြင်းအများစုသည် သွားပိုးစားခြင်း၏ ရလဒ်ဖြစ်သောကြောင့် ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများသည် သွားကိုက်ခြင်းကို ကာကွယ်နိုင်သည်။
သွားကျန်းမာရေးအတွက် လုပ်ဆောင်ရမည့် အချက်များ?
– Fluoride ဖလိုရိုက်သွားတိုက်ဆေးဖြင့် တစ်နေ့ကိုနှစ်ကြိမ် ပုံမှန်သွားတိုက်ပေးပါ။
– သကြားပါဝင်မှုများသော အစားအစာများကို ရှောင်ရှားစားသောက်ပါ။
– ရေများများ သောက်ပေးပါ။
– လျှာနှင့်ခံတွင်း ကျန်းမာရေးအတွက် Dental Floss သွားပွတ်ကြိုးသုံး၍ ကပ်နေသော အစာများကို တစ်နေ့နှစ်ကြိမ် ဖယ်ရှားပေးပါ။
– နည်းလမ်းမှန်ကန်စွာ သွားတိုက်ပေးပါ။
– ကျွမ်းကျင်သောသန့်ရှင်းရေးအတွက် သင့်သွားကို သွားဆရာဝန်ထံ တစ်နှစ်လျှင် နှစ်ကြိမ်သွားရောက်ပြသပါ။
သွားကိုက်ခြင်းသည် အသက်အန္တရာယ်မထိခိုက်စေနိုင်ပါ။ သို့သော် ကိုက်ခဲမှုပြင်းထန်လွန်းပါက လူကိုဖျားစေနိုင်ခြင်း (သို့မဟုတ်) အသက်အန္တရာယ် ရှိသည်အထိဖြစ်စေနိုင်ပါသည်။ သို့ရာတွင် သွားနှင့်ခံတွင်းဆိုင်ရာ ပြသာနာများကို သိရှိနားလည် သဘောပေါက်ကာ သွားကိုက်ခြင်းဝေဒနာမှ ကင်းဝေး၍ ကျန်းမာသန်စွမ်းသော သွားလေးများကို ပိုင်ဆိုင်ပြီး တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ အခုဆိုရင်တော့ အားလုံးပဲ National Toothache Day အကြောင်းကို သိရှိနားလည်သွားကြပြီလို့ မျှော်လင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *