Insulin ဆိုတာခန္ဓာကိုယ်အတွင်း များနေသော သွေးတွင်းအချိုဓာတ်ကို လျှော့ချပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါတွင် အသုံးပြုသော ထိုးဆေးလို့လည်း လူသိများကြပါတယ်။
*အသုံးပြုပုံ*
– ဗိုက်၊ ပေါင်၊ လက်မောင်း တို့မှာထိုးလို့ရပါတယ်။
– အပ်နဲ့စုပ်ထိုးတာရှိသလို ဘောပင်နဲ့ထည့် ထိုးတာလည်းရှိပါတယ်။
– ဘောပင်နဲ့ထိုးမယ်ဆိုလျှင် အပ်ခေါင်းကို သေချာပိုးသန့်ပြီးမှ ထိုးသင့်ပါတယ်။
– အပ်ခေါင်းကို တစ်ဦးထဲအသုံးပြုလျှင် နှစ်ကြိမ်သာ သုံးပေးပါ။
– ထိုးရာတွင် အသားကိုကြွအောင် လက်ညှိုး၊ လက်မသုံးပြီးဆွဲပါ။
– အရေပြားနှင့်အပ် ထောင့်မှန်ကျနေရပါမယ်။
– လက်သီးဆုပ်လုပ်ပြီး အပ်တစ်ဆုံးထိုးထည့်ပါ။ ပြီးလျှင် လက်မနှင့်ခလုတ်ကိုနှိပ်လိုက်ပါ။
– ထိုးပြီး ၁၀ စက္ကန့်လောက်ကြာမှ အပ်ကိုပြန်ဆွဲထုတ်ပါ။ အပ်ခေါင်းကို သေချာစွန့်ပစ်ပါ။
– အပ်ခေါင်းကိုတစ်ရက် တစ်ခါလဲတာ ပိုသင့်တော်ပါတယ်။
LifePlus ဆေးဆိုင်များတွင် ယခု ဝယ်ယူရရှိနိုင်တဲ့ Insulin ထိုးဆေးများနှင့် Insulin Pen အမျိုးအစားများကတော့…
• Rapid Acting Insulin
– Novorapid ( Aspart )
• Short Acting Insulin
– Actrapid (Insulin Human )
• Intermediate Acting Insulin
– Insulatard ( Isophane NPH )
• Long Acting Insulin
– Glaritus ( Glargine )
– Levemir ( Detemir )
• Mixed Insulin
– Novomix (Rapid Acting + Intermediate Acting )
– Mixtard 30 ( Short Acting + Intermediate Acting )
• Insulin Pen
– Novopen
Insulin ထိုးဆေးတွေကို Freezer အကန့်မဟုတ်သော ရိုးရိုးရေခဲသေတ္တာအကန့်တွင် (2 to 8’C / 36 to 46’F) အပူချိန်အတွင်း သိမ်းဆည်းမှသာ အာနိသင်အပြည့်အဝရပြီး သက်တမ်း မကုန်ခင်အထိ စိတ်ချလက်ချ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ LifePlus ဆေးဆိုင်များတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျသိုလှောင် သိမ်းဆည်းထားသော အထက်ပါ Insulin ထိုးဆေးများကို ဝယ်ယူရရှိနိုင်ပါသည်။ ဆေးဝါးများအကြောင်း ပိုမိုသိရှိလိုပါက ဆိုင်ရှိဆေးဝါးပညာရှင်များထံတွင် အကြံဉာဏ်ရယူနိုင်ပါသည်။ Online ကမှာယူလိုပါကလည်း Cold chain ဖြင့်စနစ်တကျ သယ်ယူပို့ဆောင်ပေးပါသည်။