Collagen အကြောင်း သိကောင်းစရာ Leave a comment

Collagen ဆိုတာကလွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး နာမည်ကြီး Supplement တစ်မျိုးအဖြစ် လူသိများလာခဲ့တာမို့ … Collagen အကြောင်းလေး ပြောပြပေးပါမယ် …
ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ပရိုတင်းဓါတ် ၃ပုံ ၁ပုံ ဟာ Collagen ဓါတ်တွေပါ … Collagen ဓါတ်ဟာ အသားအရေတည်ဆောက်ပုံနဲ့ အရိုးတွေကို ပိုမိုအားကောင်းစေပါတယ် …
၁-   Collagen ဓါတ်ဟာ အရေပြားကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ် … အသက်ကြီးလာတာနဲ့အမျှ Collagen ဓါတ်ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာတဲ့အတွက် Collagen ပါဝင်တဲ့ ဖြည့်စွက်စာတွေကို သောက်သုံးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ် …
၂-   Collagen ဟာ အဆစ်တွေကို ကာကွယ်ပေးတဲ့ ရော်ဘာလိုတစ်သျှူး ဖြစ်တဲ့အတွက် အဆစ်နာကျင်ခြင်း ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ် …
၃-  အရိုးအများစုဟာ Collagen နဲ့ ဖွဲ့စည်းထားတဲ့အတွက် အရိုးများသန်မာစေပြီး အရိုးပွခြင်းကို ကာကွယ်ပေးပါတယ် …
၄-  ခန္ဓာကိုယ်ကြွက်သားတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ကြွက်သားလျော့ရဲခြင်းကို လျော့နည်းစေပြီး ကြွက်သားကြီးထွားခြင်း နှင့်သန်မာခြင်းများတိုးပွားစေနိုင်ပါတယ် …
၅-  Collagen Supplements များသောက်သုံးခြင်းဖြင့် နှလုံးနှင့်ပတ်သက်သော နှလုံးအဆီပိတ်ရောဂါများကို လျှော့ချစေနိုင်ပါတယ် …
၆-  Collagen Supplements များဟာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးပြီး ဆံပင်နဲ့ လက်သည်းကျန်းမာရေးကို အားဖြည့်ပေးပါတယ် …
Collagen ပါဝင်သည့်အစားအသောက်များ ကတော့ ကြက်သား ၊ ဝက်သား၊ အမဲသား ၊ ငါး တို့တွင် Collagen ပါဝင်ပါတယ် … Collagen supplement တွေဖြစ်တဲ့ အရည် ၊ အမှုန့် ၊ အခဲ တွေ ထဲမှာမှ Hydrolyzed Form (ရေမှာပျော်ဝင်တဲ့ပုံစံ) က ပိုပြီး အာနိသင် ထိရောက်ပါတယ် …

Leave a Reply

Your email address will not be published. Required fields are marked *