မိုးရာသီတိုင်းသတိပြုစရာ၀မ်းပျက်၀မ်းလျှောရောဂါပါ Leave a comment

မုတ်သုန်လေ စတင်ဝင်ရောက်သည့် မိုးရာသီသည် အလွန်ပူပြင်းသည့် အပူဒဏ်မှ သက်သာရာရ စေသော်လည်း ဝမ်းပျက်၊ ဝမ်းလျှော အပါအဝင်ရေကြောင့် ဖြစ်သော ရောဂါများ ဖြစ်ပွားမှုကို တိုးစေပါသည်။ ကလေးငယ်များသည် ရေကြောင့် ဖြစ်သောရောဂါများ ခံစားရနိုင်ခြေ ပိုများသောကြောင့် မှန်ကန်စွာစားသောက်ရန် အရေးကြီးပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကလေးငယ်များ သေဆုံးမှု ဒုတိယအများဆုံး အကြောင်းရင်းဖြစ်ပြီး နှစ်စဉ် ကလေးငယ် ၁.၇ သန်း ခန့်သည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် နှစ်စဉ်သေဆုံးလျက်ရှိသည်။ ဒါကြောင့် မုတ်သုံရာသီမှာ ဝမ်းပျက် ဝမ်းလျှောဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုဘေးကင်းအောင် နေထိုင်ရမလဲဆိုတာကို ပြောပြသွား မှာဖြစ်ပါတယ်။
ဝမ်းလျှောခြင်း၏ အကြောင်းရင်းများမှာ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်စေတဲ့ ပိုးဝင်ခြင်းနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများပါဝင်သည်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုး သုံးမျိုး ရှိပါတယ်။ ဗိုင်းရပ်စ်ပိုး၊ ဘတ်တီးရီးယား ပိုးမွှားများနှင့် ကပ်ပါးပိုးဝင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။
• ဗိုင်းရပ်စ်ပိုးကူးစက်မှု – နိုရိုဗိုင်းရပ်စ်နှင့် ရိုတာ ဗိုင်းရပ်စ်ကဲ့သို့သော ဗိုင်းရပ်စ်များသည် ဝမ်းပျက် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ Viral Gastroenteritis သည် ပြင်းထန်သည့် ဝမ်းပျက် ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်သည်။
• ဘတ်တီးရီးယား ပိုးမွှားများ သည် ညစ်ညမ်းသော အစားအစာနှင့်ရေကို သောက်သုံးခြင်း မှတဆင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ E.Coli, Salmonella နှင့် Shigella ကဲ့သို့သော ဘတ်တီးရီးယားအများအပြား သည် မသန့်ရှင်းသော အစားအစာနှင့် ရေမှတဆင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ဝမ်းပျက်ခြင်းကို ဖြစ်စေသည်။
• ကပ်ပါးပိုးဝင်ခြင်း – ညစ်ညမ်းသော အစားအစာများသည် Giardia Lamblia ကဲ့သို့သော ကပ်ပါးကောင်များကို ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အစာခြေလမ်းကြောင်းတွင် အနည်ထိုင်စေပြီး နာတာရှည်ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။
• ဝမ်းပျက်ဝမ်းလျှော ရောဂါအမျိုးအစား သုံးမျိုးရှိပါသည်။
ထိုအရာများမှာ-
 Acute Water Diarrhoea (or) Osmotic diarrhoea ကျွန်ုပ်တို့ ဝမ်းထဲသို့ ရေအလွန် အကျွံဆွဲသွားသောအခါ ထိုရောဂါမျိုးဖြစ်ပွားတတ်ပြီး နာရီပေါင်းများစွာ သို့မဟုတ် ရက် ပေါင်းများစွာ ကြာတတ်ပါတယ်။
 Motility Related Diarrhoea ထိုအမျိုးအစား ဖြစ်ပွားလျှင် ဝမ်းဗိုက်နာခြင်းနှင့် ကြွက် တက်ခြင်းကို တွဲ၍တွေ့ရတတ်ပါသည်။
 Inflammatory Diarrhoea ထိုအမျိုးအစားတွင် ဝမ်းဗိုက်နာခြင်း၊ အဖျားတက်ခြင်းနှင့် ဝမ်းဗိုက်တင်းမာခြင်းစသည့် ရောင်ရမ်းခြင်း လက္ခဏာတို့ကို တွေ့ရတတ်ပါသည်။ တခါတရံ အူလမ်းကြောင်း သွေးထွက်ကာ ဝမ်းတွင် သွေးပါခြင်း၊ တခါတရံ သွေးကို မမြင်နိုင်ဘဲ မစင်ကို ဓါတ်ခွဲစမ်းသပ်မှသာ မြင်ရခြင်းတို့ကို တွေ့ရတတ်ပါသည်။
ကလေးများတွင်ဖြစ်ပွားတတ်တဲ့ ဝမ်းပျက်ခြင်းကိုလည်း မမေ့သင့်ပါဘူး။ အစာအိမ်တုပ်ကွေး သည် အူထဲတွင် ပိုးဝင်သောကြောင့် ကလေးများတွင် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ ဗိုင်းရပ်စ်များ၊ ဘတ်တီးရီးယားများနှင့် ကပ်ပါးပိုးများသည် ဝမ်းပျက်ဝမ်းလျှောဖြစ်စေသည့် အဓိကပိုးမွှားများပင် ဖြစ်သည်။ ဝမ်းလျှောခြင်း၏ လက္ခဏာရပ်များသည် ရက်အနည်းငယ်ကြာသည်ဆိုပြီး မပေါ့လျော့သင့် ပါ။ ကလေးများသည် ရေလုံလောက်စွာ မသောက်ပါက ခန္ဓာကိုယ်ရှိ ရေဓါတ်မှာ လုံလောက်မှုမရှိဘဲ ခမ်းခြောက်သွားနိုင်ပါသည်။ မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသောရေကို သောက်ခြင်းသည် ဝမ်းပျက် ဝမ်းလျှောရောဂါ၏ အဓိက အကြောင်းရင်းဖြစ်သည်။ ထို့အပြင် သကြားဓါတ်များသော အစားအစာများ၊ အစာဓါတ်မတည့်ခြင်း၊ အူလမ်းကြောင်း ဆိုင်ရာ ပြဿနာများသည်လည်း ကလေးများတွင် ဝမ်းပျက်စေပါသည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၏ဘတ်တီးရီးယားနှင့် ဆက်စပ်ပြီး အဖြစ်များသော လက္ခဏာများ မှာ ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ မကြာခဏရေများသော မစင်များသွားခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းတို့ကို တွေ့ရတတ်ပါသည်။
ဝမ်းပျက် ဝမ်းလျှောရောဂါ၏ ပြင်းထန်သော လက္ခဏာအချို့မှာ မစင်တွင်သွေးပါခြင်း၊ မစင်စွန့်စဉ်နာကျင်ခြင်း၊ အော့အန်ခြင်း၊ ဆီးသွားနည်းခြင်းနှင့် ကိုယ်ပူ၍ဖျားခြင်းတို့ကို တွေ့ရတတ် ပါသည်။
ကလေးများတွင် ဝမ်းပျက်ခြင်းသည် ၅-၇ ရက်အထိ ကြာနိုင်ပါသည်။ သို့သော် ကလေးများ တွင် ၂ ပတ်ထက်ပိုကြာပြီး ရောဂါဖြစ်ပွားသည်ကို တွေ့ရခဲပါသည်။ အရွယ်ရောက်ပြီးသူများ အဖို့တွင်မူ ၂-၄ ရက်အတွင်းတွင် ရောဂါအခြေအနေတိုးတက်လာနိုင်ပါသည်။ သို့သော် လူတစ်ဦးသည် တစ်ရက်တည်းတွင် ၁၀ ကြိမ် ထက်ပို၍ ဝမ်းသွားပါက ပြင်းထန်သည့် ဝမ်းလျှောရောဂါ လက္ခဏာ တစ်ရပ်ဖြစ်သည်ကို သတိပြုမိရန် အရမ်းအရေးကြီးပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါကို အောက်ဖော်ပြပါအဆင့်များကို လိုက်နာခြင်းဖြင့် ကလေးများ နှင့် လူကြီးများ ဝမ်းလျှော ဝမ်းပျက်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်။
• အန္တရာယ်ကင်းသောရေကို သောက်ပါ။ အညစ်အကြေးနှင့် ညစ်ညမ်းသောရေသည် မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေသောအဓိက အကြောင်းအရင်းဖြစ်သည်။ ထို့အတွက် ကြောင့် မိုးရာသီတွင် သန့်ရှင်းသောရေကို သောက်သုံးရန် လိုအပ်ပါသည်။
• လမ်းဘေးဈေးသည်များ ရောင်းချသော ပြင်ပအစားအစာများကို တတ်နိုင်သမျှရှောင်ပါ။ အကြောင်းရင်းမှာ လမ်းဘေးဈေးသည်များသည် မသန့်ရှင်းသော ရေကို ညစ်ညမ်းစွာ သုံးစွဲနိုင်ပြီး သန့်ရှင်းမှုမရှိသော အပြင်အဆင် အခင်းအကျင်းများကြောင့်လည်း ဝမ်းလျှော ခြင်းကိုဖြစ်စေတတ်ပါသည်။
• ဟင်းသီးဟင်းရွက်များအပြင် သစ်သီးဝလံများကို စနစ်တကျ ဂရုတစိုက်ဆေးကြောပြီး ချက်ပြုတ်စားသောက်ပါ။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ရိုးရိုးရေနဲ့ ဆေးမည့် အစား ရှာလကာရှည်ထည့်ထားသည့်ရေကို အသုံးပြုနိုင်သလို ဟင်းသီးဟင်းရွက်နဲ့ သစ်သီး သန့်စင် ဆေးရည်တို့ဖြင့်လည်း ဆေးကြောနိုင်ပါသည်။
• အစိမ်းသို့မဟုတ် မချက်ပြုတ်ရသေးသော အစားအစာများကို ရှောင်ကြဉ်ပါ။ မချက်ပြုတ်ရ သေးသော အစားအစာများသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် ကောင်းစွာချက်ပြုတ်ထားသော အစားအစာများကို သေချာပြင်ဆင် ချက်ပြုတ် စားသုံးရန် လိုအပ်ပါသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လျှင် ရေသောက်သင့်သလားဟု မေးလျှင် လုံးဝသောက်သင့်ပါသည်။ ဝမ်းလျှောခြင်း၏ အဓိကပြဿနာမှာ ရေဓါတ်ခမ်း ခြောက်ခြင်းဖြစ်ပါသည်။ ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်၏လိုအပ်သော ဆိုဒီယမ်၊ ပိုတက်စီ ယမ်နှင့် ကယ်လ်စီယမ်ကဲ့သို့သော ရေနှင့် Electrolytes အများအပြားဆုံးရှုံးသွားပါသည်။ ကလေးများတွင် ပို၍အန္တရာယ်ရှိနိုင်သဖြင့် သတိကြီးစွာ ထား၍ ကာကွယ်ပေးရမည်။ ဝမ်း ပျက် ဝမ်းလျှောရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ဓါတ်ဆားရည်၊ သန့်ရှင်းကျန်းမာသောရေ၊ ဖျော်ရည်များ၊ ဟင်းရည်အကြည်များကို များများသောက်ပါ။ ကော်ဖီ၊ ကဖိန်းဓါတ်ပါသော အချိုရည်များ၊ သကြားများသော အချိုရည်များနှင့် ဆိုဒါများသည် ဝမ်းလျှောခြင်းကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ရှောင်ကြဉ်သင့်ပေသည်။ အထူးသဖြင့် ယခုကဲ့သို့ မိုးတွင်းကာလတွင် ဓါတုပစ္စည်းများ၊ ရောဂါပိုးမွှားများကင်းစင်သော ရေကိုသာလျှင် သောက်သုံးခြင်းဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းပြီး သာယာစိုပြေသော ဘဝကို ဖန်တီးယူနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
Reference : https://www.kent.co.in/…/therisk-of-diarrhoea-during… and-ways-to-stay-safe/amp/

Leave a Reply

Your email address will not be published. Required fields are marked *