“နို့ထွက်နည်းတဲ့ မိခင်များ သိကောင်းစရာ” Leave a comment

မိခင်နို့ရည်သည် ကလေးငယ်များအတွက် အလွန်အာဟာရဓါတ်ကြွယ်ဝစေပါသည်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင်ရရှိသော အကျိုးကျေးဇူးများ….
-အစာကြေလွယ်သည်။
-ဓါတ်မတည့်မှုမရှိပါ။
-ကလေးငယ်ရဲ့ စိတ်ဓါတ်လှုံခြုံမှာရရှိစေပြီး မိခင်အား သံယောဇဥ် ပိုတွယ်စေပါသည်။
-မိခင်နို့ရည် တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင် ရောဂါပိုးများကို ခုခံကာကွယ်နိုင်သည့် antibodyများ ပိုထွက်နိုင်ပါသည်။
ကလေးငယ်အပြင် မိခင်တွင်လည်း အကျိုးကျေးဇူးများရှိပါသည်…
-ကလေးမွေးဖွားပြီးစ သွေးသွန်ခြင်းကိုကာကွယ်ပေးပါသည်။
-သွေးဆုံးပြီး အရိုးပွရောဂါဖြစ်နှုန်းနည်းပါသည်။
-ရင်သား၊ သားအိမ် ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါသည်။
တချို့သော မိခင်များတွင် ကလေးငယ်ကို မိခင်နို့တိုက်ကျွေးချင်ပေမယ့် နို့ထွက်နည်းတာ ဖြစ်တတ်ပါသည်။
နို့ထွက်နည်းတဲ့ မိခင်တို့အတွက် အကြံပြုချင်တာကတော့
-နို့ထွက်နည်းနေပေမယ့် ကလေးကို နို့ဆက်တိုက်နေပါ
နို့တိုက်ရာတွင် နို့သီးခေါင်းပဲမဟုတ်ပဲ အပြည့်ငုံ၍စို့စေခြင်းဖြင့်လည်း နို့ထွက်များစေပါတယ်။ မိခင်နို့ကို တနေ့ ၈ကြိမ်မှ ၁၂ကြိမ်ထိတိုက်ပေးပါက နို့မှန်မှန်ထွက်စေဖို့ ကူညီပေးပါတယ်။
-နို့တိုက်ရာတွင် တဖက်ကို ကုန်စင်အောင် တိုက်ပြီးမှ နောက်တဖက်ကိုထပ်တိုက်ပေးသင့်ပါတယ်။
-မိခင်ကအိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး လျှော့ချပါ။
-နို့ထွက်များစေသော သဘာဝဆေးဖက်ဝင်အပင်များ၊အားဆေးများလည်း ရှိပါတယ်။
E.g.Fenugreek (ပဲနံ့သာ)
Fenugreekသည် မိခင်နှင့် ကလေး အပေါ် ဘေးထွက်ဆိုးကျိုးများ မရှိစေဘဲ မိခင်နို့ထွက်အားကောင်းအောင်ကူညီပေးပါတယ်။
Fenugreekသည် နို့ထွက်ကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်းရှိ မကောင်းသော၊ မလိုအပ်သော အဆီဓါတ်များကိုလည်း လျှော့ချပေးပါတယ်။
Fenugreekသည် သဘာဝအတိုင်း နို့ထွက်များစေသည့်အတွက် နို့ထွက်နည်းသော မိခင်များအတွက် သောက်သုံးရန် သင့်လျော်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *