နှစ်စဉ် May လ 5ရက်နေ့ကတော့ “World Hand Hygiene Day”နေ့ဖြစ်ပါတယ်။ လက်ဆေးခြင်းနဲ့ သက်ဆိုင်သော သိသင့်သည်များကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
*****ဘာဖြစ်လို့ Hand hygiene က အရေးကြီးတာလဲ*****
– လက်ပေါ်မှာရှိတဲ့ Bacteria ပမာဏကို လျော့ကျစေတယ်၊
– မျက်လုံး ပိုး၀င်မှု (Infection )ကိုတားဆီးပေးနိုင်တယ်၊
– ကျန်းမာရေး၀န်ထမ်းတွေ နဲ့ လူနာတွေ အတွက် ပိုပြီး Safe ဖြစ်တဲ့ ပတ်၀န်းကျင်ကိုဖန်တီးပေးနိုင်တယ်၊
– ၀မ်းလျှောခြင်းနဲ့ အူလမ်းကြောင်း ရောဂါတစ်ချို့ကို တားဆီးပေးနိုင်တယ်၊
– အသက်ရှူလမ်းကြောင်း ပိုး၀င်တာကို လျှော့ချပေးနိုင်တယ်၊
– Bacteria ကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေနဲ့ ကလေးတွေမှာ Infection ၀င်မှုကို လျှော့ချပေးနိုင်တယ်။
****ဘယ်အချိန်တွေမှာ လက်ဆေးရမလဲ****
– အစာမစားမှီ၊
– ချောင်းဆိုး နှာချေပြီးတဲ့အချိန်၊
– အိမ်သာသွားပြီးတဲ့အချိန်၊
– တိရစ္ဆာန်လေးတွေနဲ့ သူတို့ရဲ့ လှောင်အိမ်တွေကို ထိတွေ့ပြီးတဲ့အချိန်၊
– အပြင်မှာကစားပြီး ပြန်လာတဲ့အချိန်၊
– လက်ကညစ်ပတ်နေပြီ လို့ထင်ရတဲ့အချိန်။
****လက်ကိုဘယ်လိုဆေးကြမလဲ****
– ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး ဆေးတာကတော့ အကောင်းဆုံးပါ။
– အနည်းဆုံး 20 seconds ကြာအောင် နေရာအနှံ့ ဆေးကြောရပါမယ် (လက်ကောက်၀တ်/ လက်ချောင်းတွေကြား/ လက်သည်းအောက် အစရှိသဖြင့်)။
– ရေမလိုတဲ့ Alcohol ပါတဲ့ လက်သန့်ဆေးရည်ကိုလည်း အသုံးပြုလို့ရပါတယ် (Alcohol ပါ၀င်မှု အနည်းဆုံး 60%ဖြစ်ရပါမယ်)။
အပေါ်ကအချက်များကိုလိုက်နာပီး ပုံမှန်ကျင့်သုံးမယ်ဆိုရင်တော့ လက်မသန့်ရှင်းမှုကနေတဆင့် ဖြစ်တတ်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်ပါတယ်။