နွေရာသီမှာ အသားအရေလှဖို့အတွက်… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ အမျိုးသား၊ အမျိုးသမီးတိုင်း ရာသီဥတုပြောင်းလဲမှုကြောင့် အသားအရေပျက်စီးမှု အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်တိုက်ရိုက် ထိတွေ့တာကြောင့်ဖြစ်ပါတယ်။ ရာသီဥတုထဲမှာဆိုရင် နွေရာသီကတော်တော်လေး ပူတာမို့လို့အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ နွေရာသီရောက်လာတဲ့အခါမှာတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်တာမျိုးတွေ မဖြစ်ရအောင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မယ့် Skincare တွေကိုပြောင်းလဲ အသုံးပြုဖို့သင့်နေပါပြီ။ နွေရာသီမှာအသားအရေက အရမ်းအဆီပြန်လာပြီး ပျက်စီးမှုဖြစ်ဖို့ရာခိုင်နှုန်းကလည်း ပိုများလာတဲ့အတွက်ကြောင့်မို့လို့ ကိုယ်နဲ့ကိုက်ညီတဲ့ Skincare Products လေးတွေကို သေသေချာချာအာရုံစိုက်ပြီးရွေးချယ်သင့်ပါတယ်။

နွေရာသီမှာ အသားအရေလှဖို့အတွက် လုပ်ဆောင်ရမယ့်အချက်များကို ပြောပြပေးချင်ပါတယ်ရှင့်။

နံပါတ်တစ် အနေနဲ့ Moisturizer နဲ့ Sunscreen ကိုအသုံးပြုပါ။

နံပါတ်နှစ် အနေနဲ့ ရေများများသောက်ပါ။

နံပါတ်သုံး အနေနဲ့ Vitamin C ပါ၀င်တဲ့ Skincare ကိုအသုံးပြုပါ။

အားလုံးပဲ ကျန်းမာလှပ နိုင်ကြပါစေရှင့်…

Leave a Reply

Your email address will not be published. Required fields are marked *