ခန္ဓာကိုယ်မှ အနံ့ဆိုးများကင်း‌ေ၀းစေဖို့… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ အမျိုးသားများ သာမက အမျိုးသမီးများပါ ခန္ဓာကိုယ်မှအနံ့ဆိုးများ ထွက်တတ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်မှ အနံ့ဆိုးများထွက်ရသော အကြောင်းအရင်းများတွင် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဟော်မုန်းဓာတ် အပြောင်းအလဲများနှင့် စားသုံးတဲ့အစားအစာများ စသည်တို့အပေါ်တွင် အဓိကအားဖြင့် မူတည်နေပါသည်။ ရာသီဥတု ပူပြင်းခြင်း၊ ရေဓာတ်လွန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများခြင်း၊ ချွေးထွက်လွန်ခြင်းကြောင့်လဲ  ခန္ဓာကိုယ်မှအနံ့ဆိုးထွက်တာတွေ ဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ်မှ အနံ့ဆိုးများကင်း‌‌ေ၀းစေဖို့ရန်အတွက် လိုက်နာရမယ့် နည်းလမ်းကောင်းလေးများကို ပြောပြပေးချင်ပါတယ်နော်။

(၁)   ချိုင်း၊ ပေါင်ခြံနှင့် ခြေထောက်ကို ဆပ်ပြာဖြင့် တစ်နေ့နှစ်ကြိမ် ဆေးကြောပါ။

(၂)   အနံ့ပြင်းသော အစားအစာနှင့် စပ်သော အစားအစာများ စားခြင်းမှ ရှောင်ကြဉ်ပါ။

(၃)  အရက်နှင့် ကော်ဖီအလွန်အကျွံ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

(၄)  ချွေးနံ့ ပျောက်ဆေးကို ပုံမှန်အသုံးပြုပေးပါ။

(၅)  ချိုင်းမှ အမွှေးအမျှင်များကို ပုံမှန်ရိတ်ပေးပါ။

ခန္ဓာကိုယ်မှ အနံ့ဆိုးနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုဖြစ်ရမယ့် ပြင်းထန်သောအခြေအနေမျိုး ဖြစ်စရာအကြောင်းမရှိပါဘူးနော်။ အချို့သော လူနေမှုပုံစံ စတဲ့ပြောင်းလဲမှုတွေပြုလုပ်တဲ့အခါ ပျောက်ကွယ်သွားနိုင်ပါတယ်။ နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးပြီး အစားအသောက်များကို ဆင်ဆင်ခြင်ခြင် စားသုံးသင့်ပါတယ်။ ခန္ဓာကိုယ်မှ အနံ့ဆိုးများကင်း‌ေ၀းစေဖို့ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အပေါ်ကပြောထားတဲ့အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သက်သာပျောက်ကင်းသွားစေနိုင်ပါတယ်။ ‌‌

Leave a Reply

Your email address will not be published. Required fields are marked *