ခုကာလတွေအတွင်းမှာ တော်တော်များများပြန်ဖျားလာကြတာကို သထိထားမိကြလား?
နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတဲ့ လက္ခဏာတွေနဲ့အတူ တောက်လျှောက် လူတွေကို စိတ်ဒုက္ခပေးလာတဲ့ ကိုဗစ်ရဲ့ နောက်မျိုးကွဲတစ်ခုဖြစ်တဲ့ BA4, BA5 ဆိုတာကလည်း တကျော့ပြန်လာခဲ့ပါပြီ….
ဒါကြောင့် တကျော့ပြန်လာတဲ့ ရန်သူအကြောင်းကို ဘယ်လိုကာကွယ်ကြမလဲ? ဖြစ်လာရင်ရောဘာတွေလုပ်ရမလဲဆိုတာ ဒေါက်တာတို့က ပြောပြပေးပါ့မယ့်နော်
BA 5 ဆိုတာဘာလဲ
BA5 ဆိုတာ ကိုဗစ်ရောဂါပိုး မျိုးစိတ်တစ်ခုပါပဲ ။အိုမီခရွန်ရဲ့ နောက်ဆုံးတွေ့ထားတဲ့မျိုးကွဲတွေထဲက တစ်ခုပါ
တခြားမျိုးကွဲတွေထက် ပိုကူးလွယ်လား
Virus ရဲ့ မျက်နှာပြင်မှာ ရှိတဲ့ spike protein ပြောင်းလဲမှုကြောင့် အရင်မျိုးစိတ်တွေထက် ပိုပြီး ကူးစက်နိုင်ခြေ ရှိတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တခြားမျိုးကွဲတွေထက် ပိုဆိုးတာမျိုးတော့ မတွေ့ရှိရသေးပါဘူး
ပေါ့ဆပြီးနေသင့်တာမျိုးလည်း မဟုတ်ပါဘူးနော်။
ဘယ်လိုလက္ခဏာတွေခံစားရမလဲ
အရင် ကိုဗစ်မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။
-နှာရည်ယိုတာ
-ချောင်းဆိုးတာ
-လည်ချောင်းနာတာ
-ဖျားတာ၊ခေါင်းကိုက်တာ
-ကြွက်သားနာကျင်ကိုက်ခဲတာ
-နုံးတာ တွေ ခံစားရနိုင်ပါတယ်
ရောဂါလက္ခဏာမပြတာမျိုးလည်း ရှိနိုင်ပါတယ်
ကာကွယ်ဆေးထိုးထားလည်း ထပ်ဖြစ်နိုင်လား
အရင်က ကိုဗစ်ဖြစ်ထားတာတွေ၊ကာကွယ်ဆေးထိုးထားတာတွေရဲ့ ခုခံအားရပေမယ့်လည်း
BA5 ရဲ့ မျိုးဗီဇပြောင်းလဲမှုက ခန္တာကိုယ်ခုခံအားစနစ်ကို ထိုးဖောက်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ပေါ့လို့တော့မရပါဘူးနော်
ဒါပေမယ့် ကာကွယ်ဆေးထိုးထားသူတွေမှာ မထိုးထားတဲ့သူတွေ ထက်စာရင် ဆိုးဆိုးရွားရွားခံစားရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့
-mask တပ်ပါ
-တခုခုကို ကိုင်တွယ်ပြီးတိုင်း အပြင်ကနေ ပြန်ရောက်တိုင်း လက်ဆေးပါ
-မသန့်ရှင်းတဲ့လက်နဲ့ မျက်စိ၊နှာခေါင်း၊ပါးစပ်တို့ကို ထိတွေ့တာမျိုး မလုပ်ပါနဲ့
-လူနေထူထပ်တဲ့နေရာ၊ လူစုလူဝေးထဲ သွားလာခြင်းကို ရှောင်ကြဉ်ပါ
-လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ
-ကာကွယ်ဆေးတွေထိုးထားပါ
ကိုဗစ်လို့ ယူဆရတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်လည်း စိတ်အရမ်း မခြောက်ခြားဘဲ
-အာဟာရပြည့်ဝအောင်စားပါ
-အိပ်ချိန်အပြည့်အဝအိပ်ပါ
ခံစားရတဲ့ လက္ခဏာတွေ သက်သာဖို့ ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်
တကယ်လို့ ကိုယ်က ဖျားနေပြီ ဒါပေမယ့် ရာသီတုပ်ကွေးရဲ့လက္ခဏာလား၊ ကိုဗစ်ရဲ့ လက္ခဏာလားဆိုတာ သေချာ မခွဲခြားတတ်ဘူးဖြစ်နေတယ်ဆိုရင် HOPE TeleCare Myanmar ရဲ့ Messenger မှာ အခမဲ့ သွားရောက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်နော်