အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာ ၃ ရက်) သည်ကုလသမဂ္ဂမှ ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်ပါသည်။
မသန်စွမ်းသူများနေ့ကို ကမ္ဘာတစ်ဝှမ်းတွင် အမျိုးမျိုးသောအောင်မြင်မှု အတိုင်းအတာများဖြင့် ကျင်းပခဲ့သည်။ အဆိုပါနေ့အား ဂုဏ်ပြုသည့်အနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ ရပိုင်ခွင့်များနှင့် သုခချမ်းသာများအတွက် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝ၏ ကဏ္ဍတိုင်းတွင် မသန်စွမ်းသူများ ပေါင်းစည်းမှုမှရရှိမည့် အကျိုးကျေးဇူးများကို တိုးမြင့်ရန်လည်း ကြိုးပမ်းသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ၏ ဆောင်ပုဒ်မှာ “Full Participation and Equality” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပြီး မသန်စွမ်းသူများ၏ လူ့အဖွဲအစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြည့်အ၀ပါဝင်ခွင့်၊ အခြားနိုင်ငံသားများနှင့် တန်းတူနေထိုင်ခွင့်ရရှိရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုမှ ထွက်ပေါ်လာသော တိုးတက်သောအခြေအနေများတွင် တူညီသောမျှဝေမှု တို့ပါဝင်ပါသည်။
မသန်စွမ်းသူများပါဝင်မှုသည် လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုမြှင့်တင်ရန်အတွက် အခြေအနေတစ်ရပ်ဖြစ်သည်။ “မသန်စွမ်းသူ” ဟူသော စကားလုံးသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိခြင်းကို ဆိုလိုသည်။ မသန်မစွမ်းဖြစ်စေသော ချို့ယွင်းချက်များသည် မွေးကင်းစမှ ရှိနေနိုင်သည် သို့မဟုတ် လူတစ်ဦး၏ တစ်သက်တာအတွင်း ရရှိနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဆိုင်ရာ သို့မဟုတ် အာရုံခံချို့ယွင်းချက်များသည် အခြားသူများနှင့်တန်းတူညီတူအခြေခံဖြင့် လူ့အဖွဲအစည်းတွင်အပြည့်အ၀ ထိရောက်စွာပါဝင်မှုကိုဟန့်တားနိုင်သည်။
မသန်စွမ်းဟု အလွယ်တကူကောက်ချက်ချနိုင်သည့် အခြေအနေများစာရင်းအရ- နားပင်းခြင်း၊ မျက်စိကန်းခြင်း၊ ဥာဏ်ရည်မသန်စွမ်းခြင်း၊ ခြေလက်အင်္ဂါ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးလုံး ပျောက်ဆုံးနေခြင်း သို့မဟုတ် ဘီးတပ်ကုလားထိုင် အသုံးပြုရန်လိုအပ်သည့် ရွေ့လျားနိုင်မှုချို့ယွင်းချက်များ၊ စိတ်ဒဏ်ရာလွန်ရောဂါ၊ Obsessive compulsive disorder နှင့် Schizophrenia တို့ပါဝင်ပါသည်။ Hidden Disabilities သို့မဟုတ် Non-visible Disabilities (NVD) ဟုလည်းလူသိများသော၊ မမြင်နိုင်သောမသန်စွမ်းများသည် ချက်ချင်းပေါ်လွင်ထင်ရှားခြင်းမရှိသော မသန်စွမ်းများဖြစ်သည်။ ၎င်းတို့သည် မကြာခဏဆိုသလို နာတာရှည်ရောဂါများနှင့် နေ့စဉ်လူနေမှုဘဝ၏ ပုံမှန်လုပ်ဆောင်မှုများကို သိသိသာသာ ထိခိုက်စေသည်။ မမြင်နိုင်သောမသန်စွမ်းမှု၏ နမူနာအချို့တွင် ဥာဏ်ရည်မသန်စွမ်းမှု၊ အာရုံစူးစိုက်မှုအားနည်းသော အာရုံစူးစိုက်မှုဆိုင်ရာရောဂါ၊ စိတ်ပိုင်းဆိုင်ရာချိုယွင်းမှုများ၊ ပန်းနာရင်ကျပ်၊ ဝက်ရူးပြန်ရောဂါ၊ ဓာတ်မတည့်မှု၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် နာတာရှည်ပင်ပန်းနွမ်းနယ်မှု ရောဂါလက္ခဏာစုများ ပါဝင်သည်။
မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာအရ၊ ကမ္ဘာ့လူဦးရေ၏ 15% သို့မဟုတ် လူ ၁ ဘီလီယံသည် မသန်စွမ်းမှုဒဏ်ကို ခံစားနေကြရသည်။ အမေရိကန်နိုင်ငံတွင် အရွယ်ရောက်ပြီးသူ လေးဦးတွင်တစ်ဦးသည် ကြီးမားသောဘဝကို ထိခိုက်စေသည့် မသန်စွမ်းမှုတစ်ခုရှိသည်။ မသန်စွမ်းသူများထဲမှ တစ်ဘီလီယံခန့်သည် ကျွန်ုပ်တို့၏လူ့အဖွဲအစည်းတွင် ဖယ်ထုတ်ခံရဆုံး အုပ်စုများထဲမှတစ်ခုဖြစ်ပြီး သေဆုံးမှုများနှင့်ပတ်သက်၍ ဤအကျပ်အတည်းတွင် အပြင်းထန်ဆုံးထိခိုက်မှုတွင် ပါဝင်ပါသည်။ ပုံမှန်အခြေအနေတွင်ပင် မသန်စွမ်းသူများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုအသိုင်းအဝိုင်းတွင် ပါဝင်ရန်အခွင့်အလမ်း နည်းပါးပါသည်။ ဘေးဖယ်ထားမှု၊ ခွဲခြားဆက်ဆံမှု၊ အားနည်းချက်နှင့် ခေါင်းပုံဖြတ်ခံရမှုတို့သည် နေ့စဉ်နှင့်အမျှလူများစွာအတွက် စိတ်ထိခိုက်စေတဲ့အကြောင်းရင်းများ ဖြစ်သည့်အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများကို လက်လှမ်းမီမှု လျော့နည်းသွားခြင်း၊ ပိုမိုသိသာထင်ရှားသော လူမှုအထီးကျန်ဆန်မှု၊ အံဝင်ခွင်ကျကိုက်ညီမှုမရှိသော ပြည်သူ့ကျန်းမာရေး စာတိုပေးပို့ခြင်း၊ ဘ၀ကိုလုံလောက်စွာ မတည်ဆောက်နိုင်ခြင်းတို့ကြောင့် ဆိုးရွားသောရလဒ်များ ဖြစ်နိုင်ခြေတိုးလာပါသည်။
အလုပ်အကိုင် ခွဲခြားဆက်ဆံမှုသည် စိတ်ရောဂါရှာဖွေတွေ့ရှိသူများတွင် အလုပ်လက်မဲ့နှုန်းမြင့်မားမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်းအစီရင်ခံထားသည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်း၊ ပြည်တွင်းပြည်ပ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများ၊ နိုင်ငံရေးကိုယ်စားလှယ်များအနေဖြင့် ထောက်ခံအားပေးသူများနှင့် တာ၀န်ရှိသူများအားလုံး မသန်စွမ်းသူများကို အခွင့်အရေးပေးရန်လိုအပ်ပါသည်။ Covid 19 ကပ်ရောဂါကာလအတွင်း မသန်စွမ်းသူများ၏ အတွေ့အကြုံများမှ လေ့လာသင်ယူရန်နှင့် လူမှုစီးပွားရေး တည်ဆောက်ရေးလုပ်ကွက်များတွင် ပိုမိုအဓိပ္ပာယ်ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ သို့မှသာကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းတိုင်းတွင် မသန်စွမ်းသူများရင်ဆိုင်နေရသော အတားအဆီးများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
NEW>> Theme for IDPD 2021: “Leadership and participation of persons with disabilities toward an inclusive, accessible and sustainable post-COVID-19 world.