ကျန်းမာလှပတဲ့အသားအရေကိုရရှိစေဖို့… Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…

ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှု ပိုမိုတိုးတက်စေတဲ့အရာတစ်ခုပါပဲ။ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်ချင်တဲ့ဆန္ဒ လူတိုင်းမှာရှိမယ်လို့ထင်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပူပြင်းနေတဲ့ ရာသီဥတု၊ အပူချိန်နဲ့ အပြင်သွားလာရတဲ့အခါ ထိတွေ့ရတဲ့ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရေပြားကလူ့ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အရေပြားကျန်းမာလှပမှလည်း အသားအရေအလှက ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်။ ကျန်းမာလှပတဲ့ အသားအရေရရှိစေဖို့ လုပ်ဆောင်သင့်တဲ့အရာအချို့ကတော့ ရေများများသောက်ခြင်း၊ နေရောင်ဖြင့်ထိတွေ့မှုကိုကန့်သတ်ခြင်း၊ အစာအာဟာရပြည့်၀စွာ စားသောက်ခြင်း၊ စိတ်ဖိစီးမှုကင်းအောင်နေထိုင်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ကျန်းမာရေးကို ဂရုစိုက်စစ်ဆေးပေးခြင်း စသည်တို့ လုပ်ဆောင်သင့်ပါသည်။

ကမ္ဘာ့နေရာဒေသအလိုက် အသားအရောင်အမျိုးမျိုးရှိကြပြီး အသားအရောင်ညိုတာ၊ ဖြူတာ၊ မဲတာ၊ ဖြူတာတွေကြည့်ယုံဖြင့် အသားအရေကောင်းခြင်း၊ ဆိုးခြင်း လက္ခဏာတွေကို ဆုံးဖြတ်လို့မရပါဘူးနော်။ တစ်ကမ္ဘာလုံးလက်ခံထားတဲ့ ကျန်းမာလှပတဲ့အသားအရေမှာရှိရမယ့် လက္ခဏာတွေကတော့ အသားအရေချောမွတ်မှု၊ အသားအရောင်ညီညာမှု၊ အသားအရေတင်းရင်းလှပမှု၊ အသားအရေစိုစွတ်မှု၊ ပြင်ပရာသီဉတုနဲ့ ပတ်၀န်းကျင်ဒဏ် ခံနိုင်ရည်ရှိမှု၊ ရောဂါ‌‌ေ၀ဒနာကင်းစင်မှု စတာတွေပါ၀င်ပါတယ်။  တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုမှာအရင်ဆုံးသတိထားမိတဲ့ မျက်နှာအသားအရေလေး လှနေဖို့ဆိုရင်လိုအပ်တဲ့ အာဟာရဓာတ်တွေရအောင် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ လူသားတို့နေ့စဉ် လုပ်ဆောင်နေတဲ့ သတိမထားမိတဲ့ အချက်တစ်ချို့ကြောင့်လဲ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ကျန်းမာလှပတဲ့ အသားအရေကိုရရှိစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁)  နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

(၂)   ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

(၃)  စိတ်ဖိစီးမှုလျော့ပါးအောင်နေပါ အစရှိတာတွေကို လိုက်နာနေထိုင်မယ်ဆိုရင်တော့ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *