Facial Mask သုံးခြင်း၏ အကျိုးကျေးဇူး(၅)ချက် Leave a comment

အားလုံးပဲ မင်္ဂလာပါရှင့်…
မိမိတို့ရဲ့ မျက်နှာအသားအရေ လှပကောင်းမွန်ဖို့အတွက် မျက်နှာပေါင်းတင်တာမျိုး လုပ်ကိုလုပ်ပေးဖို့ လိုပါတယ်နော်။ ပေါင်းတင်တာကလည်း အမျိုးအစား အများကြီး ရှိပါတယ်။ အဲ့အထဲမှာမှ လှပစိုပြည်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့အတွက်‌ Facial Mask လေးတွေကို အသုံးပြုပေးသင့်ပါတယ်။ Facial Mask လေးတွေကို မျက်နှာအသားအရေလှပဖို့အတွက် အချိန်တိုအတွင်း လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့အတွက် အချိန်အများကြီးပေးစရာမလိုဘဲ ၁၀မိနစ်-၁၅မိနစ် အချိန်ပေးပြီး မျက်နှာမှာကပ်ပေးယုံနဲ့ လွယ်ကူမြန်ဆန် သိသာတဲ့ Effect ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Facial Mask ကိုအသားအရေ၊ အသက်အပိုင်းအခြားပေါ် မူတည်ပြီး အမျိုးအစားအမျိုးမျိုး ‌ရှိတဲ့အထဲမှ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ ကြိုက်နှစ်သက်ရာအမျိုးအစားကို စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Facial Mask လေးတွေက ဖြူစင်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် မသုံးမဖြစ်သုံးသင့်တဲ့ Skincare တွေထဲက တစ်ခုပဲဖြစ်ပါတယ်နော်။
Facial Mask သုံးပေးခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ …
၁. အသားအရည်ကို သန့်စင်ပေးခြင်း။
၂. ရေဓာတ်ဖြည့်တင်းမှုကို တိုးမြှင့်ပေးခြင်း။
၃. အရေးအကြောင်းများကို ပျောက်ကင်းစေနိုင်ခြင်း။
၄. အသားအရည်ကို တင်းရင်းစေခြင်း။
၅. အသားအရည် ကြည်လင်ဝင်းပလာစေခြင်း။

Leave a Reply

Your email address will not be published. Required fields are marked *